• Follow Us on

Home KNU ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး၏ ပေးစာ

KNU ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး၏ ပေးစာ

Share this post

Open photo

Open photo

Open photo

Open photo

 

 

“ဟိုမှာတိုက်ပွဲဖြစ် ဒီမှာတိုက်ပွဲဖြစ်နဲ့ ဘယ်လိုလုပ်ပြီး စီးပွားလုပ်နိုင် ပညာသင်နိုင်မှာတုန်း။ အဖိုးတို့ကတော့ အဲဒီဒဏ်တွေကို နောင်လာနောက်သားတွေ မခံစားရအောင်ဆိုပြီး အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတယ်။ သတ္တိရှိလို့ သေနတ်ကိုင်ပြီး တော်လှန်တာ အခုလည်း သတ္တိရှိလို့ ငါတို့ငြိမ်းချမ်းရေးစကားဝိုင်း သွားမယ်တဲ့ အဖိုးပြောတဲ့စကားလေ။ ငါတို့မှာ ဝမ်းသာလွန်းလို့ မျက်ရည်တောင်ကျတယ်။ အဖိုးက ခေါင်းဆောင်ပီသတယ် ပြောစကားတည်တယ်” KNU ထိပ်ပိုင်းခေါင်ဆောင်တစ်ဦး

 

မှတ်ချက် ။       ။ KNU ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးမှ People Media သတင်းဌာနသို့ စာတိုက်မှ တစ်ဆင့် ပေးပို့သောပေးစာကို ပြန်လည်ဖော်ပြထားခြင်းဖြစ်သည်။ အဆိုပါ ပေးစာကို မူရင်းအတိုင်း People Media ၏ Website ၌ ဖော်ပြထားသည်။

 

KNU ထိပ်ပိုင်းခေါင်းဆောင် တစ်ဦး၏ ပေးစာ

 

ငါ့နာမည်ကတော့ စောတာလေ(အမည်လွှဲ)ပါ။ နိုဝင်ဘာ ၂၂ ကနေ ၃၀ ရက် အထိ လေးဝါးစခန်းမှာ ရှိခဲ့တဲ့သူ တစ်ယောက်ပဲ။ ငါတို့ ကော်သူးလေအဖွဲ့ကြီးရဲ့ ဗဟိုကော်မတီ အစည်းအဝေးက အဲဒီလေးဝါးစခန်းမှာ လုပ်ခဲ့ တာပဲလေ။ အဖိုး စောမူတူးစေဖိုးတို့ ပဒိုစောကွယ်ထူးဝင်းတို့ ပဒိုရွှေမောင်းတို့ လူကြီးပိုင်းတွေ အကုန်လာ ကြတယ်။ အဲဒီအစည်းအဝေးမှာ လူကြီးပိုင်းတွေရော ခရိုင်မှူးတွေ တပ်မဟာမှူးတွေရော အတော်များများ လာတက်တယ် အင်အား ၄၀ လောက်တော့ရှိမယ်ထင်ရဲ့ ထားပါ ငါပြောမှာက အတွင်းရေးမှူးဆိုတဲ့ စောတာဒို မူး အကြောင်းပြောချင်တာ။

 

စောတာဒိုမူးအကြောင်း နင်တို့သိမသိတော့ မသိဘူး။ မသိရင် သိအောင် ငါပြောပြမယ်။ စောတာဒိုမှုး အ ကြောင်းပြောရမယ်ဆိုရင် သူက ၁၉၈၇ မှာ KNU ထဲကို ဝင်ပြီး ဘားအံ့ခရိုင် သစ်တောဌာနတောခေါင်းအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့တယ်။ အဲဒီက KNU ဗဟို တွဲဖက်အတွင်းရေးမှူးရုံးမှာလုပ်တယ်။ ၁၉၉၂ မှာ KNU စီးပွားရေးဌာနမှာ အတွင်းရေးမှူးအဖြစ်နဲ့ ဌာနကြီးမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့တယ်။

 

 

၁၉၉၈ မှာ KNU စည်းရုံးရေးဌာနမှာ ဒုတိယဌာနမှူးနဲ့ ဌာနမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၄ ကနေ ၂၀၀၅ အထိ ဗဟိုစည်းရုံးရေးဌာနမှာ တွဲဖက်တာဝန်ကို ထမ်းဆောင်ခဲ့တယ်။ အဲ့ဒီအချိန်မှာ အမေ ရိကန်နိုင်ငံသူဖြစ်တဲ့ စောထူးထူးလေးရဲ့ မွေးစားသမီးနဲ့ နောက်အိမ်ထောင်ပြုခဲ့တယ်။ ၂၀၀၈ ဒီဇင်ဘာလမှာ ကျင်းပတဲ့ KNU (၁၅) ကြိမ်မြောက် ကွန်ဂရက်မှာ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင် ရွေးချယ်ခံရပြီး စီးပွားရေးရာကော်မတီဥက္ကဋ္ဌအဖြစ် ပူးတွဲတာဝန်ထမ်းဆောင်တယ်။ ၂၀၁၇ ဧပြီလမှာ ကျင်းပတဲ့ KNU (၁၆) ကြိမ်မြောက် ကွန်ဂရက်မှာတော့ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်ခံရပြီး အခုအချိန်ထိ တာဝန် တမ်းဆောင်နေတာပါ။

 

ဆက်ပြောရမယ်ဆိုရင် ထူးထူးလေးလုပ်လို့ ငါတို့နယ်မြေထဲကို Free Burma Rangers အဖွဲ့တွေ ဝင်လာပြီး KNU ရဲ့ စည်းကမ်းတွေကို မလိုက်နာဘဲ နိုင်ငံကြီးကလာတယ်ဆိုပြီး ထင်ရာဆိုင်းလုပ်နေတာတွေဟာဆိုရင် နောင်အနာဂတ်မှာ ငါတို့ပြည်နယ်အတွက် ရင်လေးစရာကောင်းတယ်။ အဲ့လိုလုပ်နေတာတွေကို ထင်ရာစိုင်း နေတဲ့ ဘော်ကျော်ဟဲတို့ အုပ်စုက ထောက်ခံနေပြီး တိုက်ပွဲတွေဖြစ်ရင်ငါတို့လူမျိုးတွေဘဲ ဒုက္ခရောက်ရမှာ၊ တာဒိုမူး၊ ထူးထူးလေး၊ ဘောကျော်ဟဲတို့ အားကိုးနဲ့ ပြီးခဲ့တဲ့အစည်းအဝေးမှာ အဖိုးတို့ကို ခံတန်တန်တွေ ပြောတာရှိတယ်။

 

အစည်းအဝေးမှာ အဖိုးက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ပဲရှင်းမယ် ထိပ်တိုက်ရင်ဆိုင်တာဟာ မိုက်မဲ တယ် ကရင်အမျိုးသားလုံးကို အလုံးစုံပျက်သုဉ်းစေရေးကိုပဲ ဦးတည်နိုင်လို့ သတိထားဖို့မှာတယ်။ ပဒိုရွှေ မောင်းကလည်း ငါတို့ကော်သူးလေအဖွဲ့အစည်းဟာ NCA စာချုပ်ထိုးတာတာ ဒါကြောင့် ပြဿနာတစ်စုံ တစ်ရာရှိတယ်ဆိုရင် စာချုပ်ပါနည်းလမ်းတွေအတိုင်း ရှင်းမယ်။ စားပွဲပေါ်မှာရှင်းလို့ အဆင်ပြေနေတဲ့ဟာကို ဘာလို့ ကန့်လန့်တိုက်နေမှာလဲဆိုပြီး အဖိုးဘက်ကထောက်ခံတယ်။ ကိုယ်စားလှယ်အများစုကလည်း အဖိုးရဲ့ သဘောထားအတိုင်းပဲ။

 

ဘာကြောင့် ဒီလိုထောက်ခံကြလည်း အကြောင်းရှိတယ်။ တို့ကော်သူးလေပြည်နယ်ဟာ ၁၉၄၈-၄၉ ကတည်းက စစ်မီးတွေ မငြိမ်းခဲ့တာ နှစ် ၆၀ ကျော်တယ်။ ပြည်နယ်တိုးတက်ရေး၊ ဖွံ့ဖြိုးရေးနဲ့ ငါတို့လူမျိူးတွေရဲ့ အကျိုး စီးပွားကို မလုပ်နိုင်ခဲ့ဘူးလေ။ ဟိုမှာတိုက်ပွဲဖြစ် ဒီမှာတိုက်ပွဲဖြစ်နဲ့ ဘယ်လိုလုပ်ပြီး စီးပွားလုပ်နိုင် ပညာသင် နိုင်မှာတုန်း။ အဖိုးတို့ကတော့ အဲဒီဒဏ်တွေကို နောင်လာနောက်သားတွေ မခံစားရအောင်ဆိုပြီး အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတယ်။ သတ္တိရှိလို့ သေနတ်ကိုင်ပြီး တော်လှန်တာ အခုလည်း သတ္တိရှိလို့ ငါတို့ငြိမ်းချမ်းရေး စကားဝိုင်းသွားမယ်တဲ့ အဖိုးပြောတဲ့စကားလေ။ ငါတို့မှာ ဝမ်းသာလွန်းလို့ မျက်ရည်တောင်ကျတယ်။ အဖိုး ကခေါင်းဆောင်ပီသတယ် ပြောစကားတည်တယ်။ ငြိမ်းချမ်းရေးလုပ်ပြီဟေ့ ဆိုတာနဲ့ ဖြစ်အောင်ကိုလုပ်တာပဲ။ ၂၀၁၀-၁၁ ကတည်းက အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတာတွေလုပ်တယ် တိုက်ပွဲတွေကိုရပ်လိုက်တယ်။ အဲဒီ လိုရပ်လိုက်ကတည်းက ငါတို့ပြည်နယ်ကြီး ဘယ်လောက်တောင် တိုးတက်သွားလဲဆိုတာ နတ်ရေကန်ထဲ ပစ်ချ လိုက်သလိုပဲ။ စက်ရုံတွေ စက်မှုဇုန်တွေ ဥယျာဉ်ခြံတွေနဲ့ အခြားစီးပွားရေးလုပ်ငန်းတွေဆိုတာ နေ့ချင်းညချင်း တိုးတက်လာတာပဲ။ လမ်းကြီးတွေဆို ဖြူးလို့ဖြောင့်လို့ နင်တို့အခေါ် အာရှလမ်းမကြီးဆိုလား ဘာလားပဲ ငါတို့ ကတော့ မသိပါဘူး လမ်းပန်းဆက်သွယ်ရေးကောင်းတာပဲသိတယ်။ ပြည်နယ်ထဲမှာ စာသင်ကျောင်းတွေ ဆေးရုံဆေးခန်းတွေလည်း အများကြီးရှိလာတယ်။ ဒါက တိုက်ပွဲတွေရပ်လို့ လက်ငင်းရလာတဲ့အကျိုး ကျေးဇူး တွေပဲ။

 

ငါတို့ကရင်ထဲမှာလည်း ကရင်ကောင်းရှိသလို ကရင်ဆိုးတွေလည်းရှိတယ်။ ငါတို့ဗဟိုက မှာထားတာရှိတယ်။ တပ်မဟာနဲ့ခရိုင်နယ်မြေတွေဆီ လာပြီးတိမ်းရှောင်တဲ့သူတွေကို လူသားချင်း စာနာတဲ့အနေနဲ့ အကူအညီပေးဖို့ ကလွဲရင် ဘာမှမလုပ်ခိုင်းဖို့ စစ်သင်တန်းမပေးဖို့ မှာထားပြီးသားပဲ။ ဒါပေမယ့် ဗဟိုကပြောတာကို နားမထောင် ဘူး စစ်သင်တန်းပေးတယ်။ တကယ် ခံစားရတာက ငါတို့ကရင်လူထုပဲ။ အစိုးရကလည်း သူတို့ဆီ ဗုံးလာခွဲတဲ့ PDF တွေကို အလှကြည့်နေမလား လာတိုက်မှာပေါ့။

 

စစ်ကြောင်းတွေ ဆင်းလာလို့ တိုက်ပွဲဖြစ်ရင် ပြေးရတာ ငါတို့နယ်ခံတွေချည်းပဲ။ မြိတ်/ထားဝယ်၊ ကော့ကရိတ်၊ ဘားအံခရိုင်တွေမှာဆို PDF တွေပြဿနာရှာတာ အများကြီးရယ်။ မြိတ်/ထားဝယ်ခရိုင်က စောဆာပိတုတ်ဆို သူ့ခရိုင်မှာ ဆေးရုံနဲ့ စာသင်ကျောင်းတွေကို မီးရှို့၊ ဗုံးထောင်၊ ကိုဗစ်ကာကွယ်ဆေးထိုးတဲ့နေရာတွေကို ပစ်ခတ် သတ်ဖြတ်၊ မိုင်းထောင်ဖောက်ခွဲတာတွေကို PDF တွေလုပ်နေတာကို လက်မခံတော့ဘူးဆိုတာကို အစည်း အဝေးမှာ ပြောလာတယ်။

 

NCA စာချုပ်ပါအချက်တွေအတိုင်းပဲ ဆက်လုပ်မယ်။ အတွင်းရေးမှူးရုံးကပို့လာတဲ့ NUG နဲ့ ပူးပေါင်းဖို့ဆိုတဲ့ အဆိုကို လုံးဝလက်မခံဘူးတဲ့။ အဖိုးတို့ကတော့ လူကြီးတွေဆိုတော့ စကားလေးနဲ့ အသာပြောတာပေါ့ ခရိုင်နဲ့ တပ်မဟာတွေကတော့ အဲဒီအုပ်စုကို သိပ်အစာကြေလှတာမဟုတ်ဘူး။ သူတို့ ပြဿနာရှာတာနဲ့ ဆယ်နှစ် လောက် ငြိမ်းချမ်းရေးရနေတဲ့ ငါတို့ပြည်နယ်ကြီး သေနတ်သံတွေ ပြန်ကြားနေရတယ်ဆိုတဲ့အသံတွေ ကြား နေရပြီ။

 

ပြောချင်တာ စောတာဒိုမူးပြောတိုင်း ဗဟိုရဲ့စကားတွေ မဟုတ်ဘူး။ NUCC မှာ စောတာဒိုမူးတပည့် စောထာနီး အာချောင်တာ ခရိုင်နဲ့ တပ်မဟာတွေရဲ့ သဘောထားမဟုတ်ပါဘူးလို့ အစည်းအဝေးမှာ ကိုယ်စားလှယ်တွေ ဝိုင်းကန့်ကွက်ကြသေးတယ်။

 

ငါတို့ကရင်လူထုက သူတို့ကို အတော်စိတ်နာနေပြီ ငြိမ်းချမ်းရေးကိုလာပြီး ဖျက်လိုဖျက်ဆီးလုပ်နေတာရော အဖိုးကို စော်ကားတွေရောစုပြီး ဘယ်နေ့ဘုရားသခင်ဆီ အပို့ခံရမလဲ မသိဘူး။ အခုတော့ ငါတို့နယ်မြေမှာရှိတဲ့ PDF တွေ အခြေပျက်နေပြီ။ ခရိုင်မှူးတွေ တပ်မဟာမှူးအများစုက သူတို့တွေ ရှိနေရင် ငြိမ်းငြိမ်းချမ်းချမ်းနေရမှာ မဟုတ်ဘူးဆိုပြီး မောင်းထုတ်ချင်နေပြီ။ ကဲ ငါပြောချင်တာလည်း ဒီလောက်ပဲ။

 

တစ်စုကြောင့် ငါတို့ကျန်တဲ့ကရင်ကောင်းတွေကို အထင်မလွဲနဲ့ ငါတို့က စစ်ဘေးစစ်ဒဏ်ခံလာရတာကြာပြီ ငြိမ်းချမ်းချင်လှပြီ။ မိုက်မဲသူအချို့ရဲ့ စစ်ကိုခေါ်ပြီး စစ်ရောက်လာရင် ဒေသခံတွေအတွက် စိုးရိမ်စိတ်တွေ ဖြစ်ရပါမယ်၊ နင်တို့ဗမာတွေကိုလည်း မုန်းစရာမရှိဘူး အေး ငါတို့ကရင်တွေကိုလည်း မမုန်းနဲ့ ငါတို့တွေအဲဒီ အမှောင်မိုက်ထဲသို့ ထပ်မဝင်တော့ဘူး။ မကောင်းတဲ့ကောင်တွေက မကောင်းတဲ့လမ်းကိုပဲသွားရမှာ။

 

#PeopleMedia #KNU

 

(unicode)


 


 


 


 


 


 

 


 


 


 


 


 


 


 


 


 


 

#PeopleMedia #KNU


Share this post