• Follow Us on

Home ပြည်ကြီးတံခွန်မြို့နယ်၌ အမျိုးသား ၁ ဦးကို ဓါးကိုင်ဆောင်ထားသည့် အမျိုးသား ၆ ဦးက ဓားဖြင့် ဝိုင်းခုတ်နေ စဉ် ဝင်ရောက်တားဆီးခဲ့သောအနီးရှိ အမျိုးသား ၅ ဦး ထပ်မံ၍ ဓါးဖြင့် အခုတ်ခံရ

ပြည်ကြီးတံခွန်မြို့နယ်၌ အမျိုးသား ၁ ဦးကို ဓါးကိုင်ဆောင်ထားသည့် အမျိုးသား ၆ ဦးက ဓားဖြင့် ဝိုင်းခုတ်နေ စဉ် ဝင်ရောက်တားဆီးခဲ့သောအနီးရှိ အမျိုးသား ၅ ဦး ထပ်မံ၍ ဓါးဖြင့် အခုတ်ခံရ

Share this post

မန္တလေး၊ ဒီဇင်ဘာ ၁၁ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် ၅၂ × ၅၃ ကြား ၁၃၄ လမ်းတွင် အမျိုးသား ၁ ဦးကို အမျိုးသား ၆ ဦးမှ ဓားဖြင့်ခုတ်နေသည့် ဖြစ်စဉ်အပေါ် ထိုသို့ကဲ့ မပြုလုပ်ရန် ဝင်ရောက်ထားဆီးခဲ့သော အမျိုးသား ၅ ဦး သည် ထပ်မံ၍ ဓါးဖြင့် အခုတ်ခံရပြီး ရရှိဒဏ်ရာများဖြင့် ဆေးဝါးကုမှုခံယူလျက်ရှိသည်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၀ ရက်နေ့ ည ၉ နာရီခွဲ အချိန်ခန့်က (စိစစ်ဆဲ) အမျိုးသားတစ်ဦး ၅၂ × ၅၃ ကြား ၁၃၄ လမ်း အရောက်တွင် ၎င်းနောက်မှ လိုက်လာသည့် အမျိုးသား ၆ ဦးက ဓားဖြင့်ဝိုင်းခုတ်ခဲ့ပြီး အခုတ်ခံရသည့် အမျိုးသားသည် အော်ဟစ်အကူညီတောင်းခံသည့်အတွက် အနီးပတ်ဝန်းကျင်ရှိ လူများသည် ဝိုင်းဝန်း၍ တောင်းပန်ခဲ့ပါတယ်။

 

အထက်ပါ တောင်းပန်မှုကို လက်မခံဘဲ အဆိုပါ ဓားသမား အမျိုးသား ၆ ဦးက တောင်းပန်သည့် အမျိုးသား ၅ ဦးကို ထပ်မံ၍ ဓါးဖြင့် ခုတ်ခဲ့ပါတယ်။

 

“ပထမ အခုတ်ခံရတဲ့အမျိုးသားကတော့ အခြေအနေစိုးရိမ်ရတယ်။ အခုအချိန်အထိ သတိကို မရသေးဘူး။ ကျန် ၅ ဦးက ညတုန်းက ဆေးရုံကို လိုက်ပို့ပြီးတော့ ဒဏ်ရာတွေကို ချုပ်ပေးပြီးတော့ ဆေးရုံကနေ အိမ်ကို ပြန်ပို့ပေးလိုက်ပါတယ်” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

အဆိုပါ ဓားဖြင့်ခုတ်သည့် အမျိုးသား ၆ ဦးသည် ဓားဖြင့်ခုတ်ပြီးနောက်တွင် ထွက်ပြေးသွားခဲ့ကြောင်း ဒေသခံ များ၏ပြောဆိုချက်အရ သိရပါတယ်။

 

#PeopleMedia #ပြည်ကြီးတံခွန်မြို့နယ်

(unicode)


…………………………………………………………

 

မန်တလေး၊ ဒီဇငျဘာ ၁၁ (People Media)

 


 


 


 


 


 



Share this post