• Follow Us on

Home လေယာဉ်အချို့နှင့် စစ်လက်နက်ပစ္စည်းအချို့ကို အနားပေးရန် အမေရိကန်လေတပ် စီစဉ်နေ

လေယာဉ်အချို့နှင့် စစ်လက်နက်ပစ္စည်းအချို့ကို အနားပေးရန် အမေရိကန်လေတပ် စီစဉ်နေ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၁ (People Media)

 

တရုတ်နိုင်ငံက အလွန်ခေတ်မီသော စစ်လက်နက်ပစ္စည်းများကို ဆက်လက်ထုတ်လုပ်နေသဖြင့် နည်းပညာ အားသာချက်ရရှိရေး တိကျသေချာအောင်ဆောင်ရွက်နိုင်ရန် အမေရိကန်လေတပ်က သက်တမ်းရင့်လေယာဉ် အချို့နှင့် ဆက်စပ်ပစ္စည်းများကို အနားပေးရန် စီစဉ်လျက်ရှိသည်။

 

ဆဋ္ဌမမြောက်မျိုးဆက်သစ်တိုက်လေယာဉ်များ၊ ဟိုက်ပါဆောနစ်လက်နက်များနှင့် F-35 တိုက်လေယာဉ်များကို တပ်တော်ဝင်ရန်အတွက် MQ-9 ဒရုန်းများ၊ F-16 တိုက်လေယာဉ်များနှင့် C-130 စစ်လေယာဉ်များကို လေတပ် က အနားပေးတော့မည်ဖြစ်သည်။

 

“ဒီလေယာဉ်တွေ စစ်လက်နက်ပစ္စည်းတွေက တရုတ်ကို မခြိမ်းခြောက်နိုင်ဘူးဆိုရင် ဒီလေယာဉ်တွေ၊ စစ်လက် နက်ပစ္စည်းတွေကို ဘာ့ကြောင့် ကျွန်တော်တို့ ဆက်သုံးနေဦးမှာလဲ” ဟု လွန်ခဲ့သည့်သီတင်းပတ်ကကျင်းပခဲ့ သည့် ရီဂင်အမျိုးသားကာကွယ်ရေးဖိုရမ်တွင် လေတပ်အတွင်းဝန် ဖရန့်ခ်ကန်ဒယ်လ်ကပြောသည်။

 

နိုင်ငံပိုင်တိုက်လေယာဉ်များနှင့် စစ်လက်နက်ပစ္စည်းအချို့ကို အနားပေးလိုက်ရခြင်းသည် အလွန်ခက်ခဲသော ဆုံးဖြတ်ချက်ကို ချမှတ်ရခြင်းဖြစ်ကြောင်း၊ ယင်းဆုံးဖြတ်ချက်မှာ အနာဂတ်ကာလလက်နက်စွမ်းရည်များဆီသို့ အမေရိကန်လေတပ်ကို ပို့ဆောင်ပေးလိုက်ခြင်းဖြစ်ကြောင်း အမေရိကန်လေတပ်၏ စစိဦးစီးအရာရှိချုပ် ဗိုလ် ချုပ်ကြီး ချားလ်စ်ကျူဘရောင်းက ပြောသည်။

 

စစ်ဘက်ဆိုင်ရာနယ်ပယ်တွင် နည်းပညာပိုင်းဆိုင်ရာတီထွင်ဆန်းသစ်မှုများပြုလုပ်ရန် လိုအပ်ချက်နှင့် ပိုမိုရှုပ် ထွေးလာသော ခြိမ်းခြောက်မှုအခြေအနေကို သဘောပေါက်လက်ခံရန် လိုအပ်ချက်တို့ကို ဗိုလ်ချုပ်ကြီး ချားလ်စ် ကျူဘရောင်းက အလေးထားပြောဆိုခဲ့သည်။

 

MQ-9 ဒရုန်းများနှင့် F-16 တိုက်လေယာဉ်များအပြင် F-15C တိုက်လေယာဉ်များ၊ KC-10 ဆီဖြည့်လေယာဉ် များ၊ A-10 Warthogs တိုက်လေယာဉ်များနှင့် RQ-4 ဒရုန်းများလည်း အနားပေးမည့်စာရင်းတွင်ပါဝင်ကြောင်း သိရသည်။

 

အမေရိကန်လေတပ်မှ လေယာဉ်များနှင့် စစ်လက်နက်ပစ္စည်း အများအပြား အနားပေးမည့်သတင်းများတက် လာသည့်ကြားမှ လေတပ်သည် ခေတ်အမီဆုံးသော လေယာဉ်များနှင့် စစ်လက်နက်ပစ္စည်းများကို ဆက်လက် ဝယ်ယူရန် လေယာဉ်နှင့် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမဏီများနှင့် ဆက်လက်စာချုပ်ချုပ်ဆိုလျက်ရှိ ကြောင်း တွေ့ရသည်။

 

အမေရိကန်လေတပ်သည် E-3 အေဝပ်လေယာဉ်အုပ်စုကိုအစားထိုးရန် ဘိုးရင်းကုမဏီထုတ် E-7 Wedgetail ကြိုတင်အချက်ပေးထိန်းချုပ်ရေး (အေဝပ်) လေယာဉ်များကို လာမည့်နှစ်တွင် ဝယ်ယူသွားမည်ဖြစ်ကြောင်း ဘိုး ရင်းကုမဏီက ကြေညာခဲ့သည်။

 

Ref: US Considering Massive Retirement of Aerial Assets

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: US Considering Massive Retirement of Aerial Assets

 

#PeopleMedia


Share this post