• Follow Us on
Latest News

Home TNLA လက်နက်ကိုင်အဖွဲ့မှ ဈေးအတွင်း ဝင်ရောက်၍ ဆက်ကြေးကောက်ယူနေမှုကြောင့် နမ်းခမ်းမြို့ မြို့မ ဈေးရှိ ဈေးသူ/သားများ ၄ ရက်ကြာ ဆန္ဒပြမည်

TNLA လက်နက်ကိုင်အဖွဲ့မှ ဈေးအတွင်း ဝင်ရောက်၍ ဆက်ကြေးကောက်ယူနေမှုကြောင့် နမ်းခမ်းမြို့ မြို့မ ဈေးရှိ ဈေးသူ/သားများ ၄ ရက်ကြာ ဆန္ဒပြမည်

Share this post

ရှမ်း၊ ဒီဇင်ဘာ ၁၃ (People Media)

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ်းခမ်းမြို့ မြို့မဈေးအတွင်းသို့ ဝင်ရောက်ပြီး TNLA လက်နက်ကိုင်အဖွဲ့မှ ဆက် ကြေးကောက်ခံမှုများ ပြုလုပ်မှုများလာသည့်အတွက် ဈေးသူ/သားများသည် နမ်းခမ်းမြို့မဈေးကို ၄ ရက်ကြာ ပိတ်ကာ ဆန္ဒထုတ်ဖော်သွားမည်ဖြစ်သည်။

 

ထိုကဲ့သို့ ဈေးသူ/သားများမှ ဈေးပိတ်၍ ဆန္ဒထုတ်ဖော်မှုကို ဒီဇင်ဘာ ၁၃ ရက်မှ ဒီဇင်ဘာ ၁၇ ရက်ထိ လေး ရက်ကြာ ပြုလုပ်သွားမည်ဖြစ်သည်။

 

အဆိုပါ ဈေးအတွင်း ဆက်ကြေးကောက်ခံမှုသည် ယခင်က မရှိခဲ့သော်လည်း လက်ရှိတွင် နိုင်ငံရေးအခြေအနေ ပေါ် အခွင့်ကောင်းယူကာ TNLA လက်နက်ကိုင်အဖွဲ့မှ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြော ဆိုသည်။

 

“အရင်ကတော့ အဲ့လိုကောက်တယ်ဆိုတာ ရှိတော့ရှိတယ် နည်းတယ် စီးပွားရေးလုပ်ငန်းကြီးတွေမှာသာ ကောက်တာရှိတယ် အခုက ဈေးထဲမှာ ဈေးရောင်းနေတဲ့သူတွေဆီကပါ လိုက်ကောက်နေတာ” ဟု နမ်းခမ်းမြို့ ဒေသခံတစ်ဦးက ပြောသည်။

 

လက်ရှိတွင် ကိုဗစ်ရောဂါရိုက်ခက်မှုအပါအဝင် စီးပွားရေးအဆင်မပြေမှုများကြောင့် နမ်းခမ်းမြို့အတွင်း ဈေး ဆိုင်ခန်းအများစု ဝင်ငွေနည်းပါးကာ ဆိုင်ခန်းများဆက်လက်ဖွင့်နိုင်ရေးသာ အဓိကထားလုပ်ဆောင်နေရချိန် TNLA ၏ ယခုလုပ်ဆောင်မှုသည် ဈေးသည်များအတွက် အခက်အခဲတွေ့စေကြောင်း နမ်းခမ်းမြို့မဈေး၏ ဈေးသည်တစ်ဦးကလည်း ပြောဆိုသည်။

 

“အခုက ကိုဗစ်ပြီးကထဲကကိုက ဈေးက အရင်လိုရောင်းမကောင်းတော့တာ ဈေးကဖွင့်သာ ဖွင့်ထားတာ ဝယ်တဲ့သူက မရှိပါဘူး၊ အခုလို အခြေအနေမှာ ဒီလိုခဏခဏလာပြီးတော့ ဆက်ကြေးကောက်နေတာကတော့ ကျွန်မတို့ မိသားစုအတွက် အဆင်မပြေပါဘူး” အဆိုပါဈေးအတွင်း ဈေးရောင်းချနေသူတစ်ဦးက ပြောသည်။

 

TNLA အဖွဲ့မှ နမ်းခမ်းမြို့မဈေးအတွင်း ဆက်ကြေးကောက်ခံရာတွင် ဆိုင်ခန်းအကြီးအသေးအနေအထား၊ ရောင်းကုန်များအပေါ်မူတည်၍ အနည်းဆုံး ငွေကျပ် ၁ သိန်းမှ အများဆုံးငွေကျပ် ၁၅ သိန်းအထိ ကောက်ခံ ကြောင်း ဒေသခံများထံက သိရသည်။

 

Photo – Credit

 

#PeopleMedia #နမ်းခမ်း #TNLA

 

(unicode)


……………………………………………………

 


 


 


 


 


 


 


 


 

Photo – Credit

 



Share this post