• Follow Us on

Home အနာဂတ်ငြိမ်းချမ်းရေးစကားဝိုင်းတွင် မြန်မာ့တပ်မတော်ပါဝင်ရမည်ဖြစ်သော်လည်း ငြိမ်းချမ်းရေးဖြေရှင်းချက် များကို တပ်မတော်ကဦးဆောင်ခြင်းမပြုသင့်ကြောင်း ကုလသမဂ္ဂအထူးကိုယ်စားလှယ်ပြော

အနာဂတ်ငြိမ်းချမ်းရေးစကားဝိုင်းတွင် မြန်မာ့တပ်မတော်ပါဝင်ရမည်ဖြစ်သော်လည်း ငြိမ်းချမ်းရေးဖြေရှင်းချက် များကို တပ်မတော်ကဦးဆောင်ခြင်းမပြုသင့်ကြောင်း ကုလသမဂ္ဂအထူးကိုယ်စားလှယ်ပြော

Share this post

မြန်မာနိုင်ငံတွင် ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးဖြစ်စဉ်မျာတွင် မြန်မာစစ်အစိုးရကို ဥပေက္ခာပြုပြီး ဖယ် ထုတ်ထားခြင်း မလုပ်သင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စနိုးလီးဟေဇာက ပြောကြားလိုက်သည်။

 

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်အာဏာသိမ်းခဲ့ခြင်းဖြစ်သည်။

 

“စစ်တပ်ဟာ ဥပဒေနဲ့မညီဘူးလို့ ကျွန်မပြောခဲ့တာဟာ သူတို့ အခန်းကဏ္ဍမရှိဘူးလို့ ပြောခဲ့တာ မဟုတ်ပါဘူး။ စစ်တပ်မှာ တရားဝင်အခန်းကဏ္ဍရှိပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ သူတို့ဟာ တရားဝင်အစိုးရမဟုတ်ပါဘူး။” ဟု ကုလသမဂ္ဂထိပ်တန်းအရာရှိဟောင်းတစ်ဦးဖြစ်ပြီး လွန်ခဲ့သည့်သီတင်းပတ်အနည်းငယ်က မြန်မာနိုင်ငံဆိုင် ရာကုသမဂ္ဂအထူးကိုယ်စားလှယ်အဖြစ်တာဝန်ပေးအပ်ခံရသူ မစ္စဟေဇာက ဇန်နဝါရီလ ၃၁ ရက်နေ့က CAN နှင့် ပြုလုပ်သောအင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

 

မြန်မာ့တပ်မတော်၏ အကြမ်းဖက်မှုကျူးလွန်ခဲ့သည့်မှတ်တမ်းများကြောင့် နိုင်ငံ၏အနာဂတ်အရေးဆွေးနွေး ပြောဆိုရာတွင် တပ်မတော်အား လုံးဝဖယ်ထုတ်ထားရမည်ဖြစ်ကြောင်း ဒီမိုကရေစီလိုလားသော အတိုက်အခံ NUG အစိုးရက ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် မစ္စဟေဇာက ယခုလိုပြောကြားလိုက်ခြင်းဖြစ်သည်။

 

လွန်ခဲ့သည့် ဖေဖော်ဝါရီလတွင် အာဏာသိမ်းလိုက်ပြီးကတည်းက လူဦးရေ ၁,၄၀၀ ကျော် သေဆုံးခဲ့ပြီး လူဦး ရေ ၁၂,၀၀၀ ထက်မနည်း ဖမ်းဆီးထိန်းသိမ်းခံထားရသည်။ အကြမ်းဖက်မှုများ အရှိန်မြင့်တက်လာပြီးနောက် စီး ပွားရေးလုပ်ငန်းများနှင့် စက်ရုံအများအပြား ပိတ်သိမ်းခဲ့ကြသဖြင့် နိုင်ငံအတွင်း ဆင်းရဲမွဲတေမှုမှာ ပိုမိုမြင့်တက် လာခဲ့ပါသည်။

 

ကယားပြည်နယ်အတွင်း ကလေးသူငယ်များနှင့် Save the Children အဖွဲ့မှ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနေသည့် INGO ဝန်ထမ်းများပါဝင်သည့် လူဦးရေ ၃၅ ဦးထက်မနည်း သေဆုံးခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ဒီဇင်ဘာလတွင် ကုသမဂ္ဂလုံခြုံရေးကောင်စီက ပြစ်တင်ရှုတ်ချခဲ့ပါသည်။

 

“သတ်ဖြတ်မှုတွေကို အမှန်တကယ်တားဆီးနိုင်ဖို့ ကျွန်မတို့ နည်းလမ်းရှာမတွေ့ဘူးဆိုရင် သတ်ဖြတ်မှုတွေက ပိုပြီးတော့တောင် ဆိုးရွားလာနိုင်ပါတယ်။” ဟု စစ်တပ်အာဏာသိမ်းနှစ်ပတ်လည်ရက်မတိုင်မီတစ်ရက်အလို တွင် မစ္စဟေဇာက ပြောသည်။

 

သို့သော် ရှေ့ဆက်ဆောင်ရွက်ရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အစိတ်အပိုင်းတစ်ရပ်အဖြစ် တပ်မတော် က ပါဝင်ရမည်မှန်သော်လည်း ရှေ့ဆက်သွားရမည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ရပ်လုံးကို တပ်မတော်က ဦး ဆောင်သည့် အင်အားစုတစ်ရပ် မဖြစ်သင့်ကြောင်းကိုလည်း မစ္စဟေဇာက ပြောပါသည်။

တပ်မတော်ကို လက်နက်စွဲကိုင်တိုက်ခိုက်နေသော တက်ကြွလှုပ်ရှားသူလူငယ်များကိုလည်း ၎င်းတို့ရပ်တည် ချက်ကို အလယ်အလတ်သဘောထားရပ်တည်ရန်နှင့် ရေရှည်အတွက် လေးလေးနက်နက်စဉ်းစားရန် မစ္စဟေ ဇာက တိုက်တွန်းလိုက်သည်။

 

“ငယ်ရွယ်တဲ့သူများအပြား အထူးသဖြင့် လူငယ်တွေပေါ့ နိုင်ငံရေးအပြောင်းအလဲတစ်ရပ်ဖြစ်ပေါ်လာဖို့အတွက် သူတို့တွေ အသက်စွန့်တိုက်ခိုက်ဖို့ ဝန်မလေးကြဘူး။ အသက်စွန့်တိုက်ခိုက်ချင်ကြတယ်။ ဒါကို ကျွန်မနားလည် ပါတယ်။ ဘယ်လိုနိုင်ငံရေးပြောင်းလဲမှုမျိုးမဆို အချိန်ကာလတစ်ခုကိုဖြတ်သန်းရတဲ့ဖြစ်စဉ်လိုအပ်ပါတယ်။ အဲဒီ လို နိုင်ငံရေးအပြောင်းအလဲဆိုတာ နေ့ချင်းညချင်းဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ ဒါ့ကြောင့် သူတို့တွေကို တစ် စုံတစ်ခုအတွက် အသက်မစွန့်ဘဲ ရှင်သန်စေ့ချင်တယ်။” ဟု ၎င်းက ပြောသည်။

 

အကြမ်းဖက်မှုများရပ်ဆိုင်းရန်အတွက် ပထမဦးဆုံးအရေးကြီးသည့်ခြေလှမ်းတစ်ရပ်အဖြစ် လူသားချင်းစာနာ ထောက်ထားမှုကိုအလေးထားပြီး အပစ်အခတ်ရပ်စဲပေးရန် တောင်းဆိုမှုကို ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စဟေဇာက ထပ်မံပြောဆိုခဲ့သည်။

 

လွန်ခဲ့သည့် တစ်လခွဲ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံခဲ့ရသည့် အချိန်တွင်  မစ္စဟေဇာက တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး တွန်းအားပေးတောင်းဆိုခဲ့သော်လည်း တပ်မတော်ဘက်က ရော ဒီမိုကရေစီလိုလားသည့်တက်ကြွလှုပ်ရှားသူများဘက်ကပါ ၎င်း၏တောင်းဆိုမှုကို လျစ်လျူရှုခဲ့ကြသည်။ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများက စစ်တပ်၏ပစ်သတ်ခံရမည့်ဘေးမှ ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ် ခြင်းမှာ တရားဝင် ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

 

“ဒီပဋိပက္ခကြီးအတွင်းမှာ ကံမကောင်းအကြောင်းမလှစွာနဲ့ ဖမ်းဆီးခံလိုက်ရတဲ့သူတွေဟာ အရပ်သားတွေဖြစ်ပါ တယ်။ ကျွန်မရှေ့ကို ရောက်လာတဲ့ စာရင်းဇယားတွေကို ကြည့်လိုက်မိတယ်။ မြန်မာနိုင်ငံက လူှုဦးရေ ၂၅ သန်း ဟာ လက်ရှိအချိန်မှာ ဆင်းရဲမွဲတေနေပါပြီ။ လူဦးရေ ၁၄.၄ သန်းဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေပါတယ်။ လက်ရှိမြေပြင်မှာ ပြည်သူတွေ အမှန်တကယ်လိုအပ်နေတဲ့အရာက သူတို့ ဘဝတွေကို တိုးမြှင့်ပေးနိုင်မယ့် ခိုင်မာတဲ့ရလဒ်တွေဖြစ်ပါတယ်။” ဟု မစ္စဟေဇာက ပြောသည်။

 

“လူတွေက ဒုက္ခဝေဒနာတွေခံစားနေကြရတာဆိုတော့ လူသားချင်းစာနာထောက်ထားမှုအရ ရပ်တန့်ပေးမယ့် အပစ်အခတ်ရပ်စဲမှုရယ်၊ လူသားချင်းစာနာထောက်ထား မှုဆောင်ရွက်နိုင်မယ့်လမ်းကြောင်းချမှတ်ပေးတာရယ် က ဒါတွေကိုဆောင်ရွက်ရမယ့် နည်းလမ်းတစ်ရပ်ပါ။ ဒါ့ကြောင့် ကာကွယ်ရေးအပိုင်းက အလွန်အရေးကြီးပါ တယ်။ COVID-19 ကာကွယ်ဆေးရဖို့၊ စားနပ်ရိက္ခာရရှိဖို့၊ ဆေးဝါးကုသခွင့်ရရှိဖို့ အားလုံးဟာ အလွန်အရေးကြီး တာပါပဲ။ ဒါတွေအားလုံးကိုဆောင်ရွက်တာဟာ အနည်းဆုံးတော့ အတိုင်းအတာတစ်ခုအထိ ယုံကြည်မှု တည် ဆောက်တာပါပဲ။” ဟု ၎င်းကပြောသည်။

 

အကြမ်းဖက်မှုများရပ်ဆိုင်းရေးပါဝင်သည့် အချက်ငါးချက်ပါဝင်သောစီမံချက်ကို အကောင်အထည်ဖော်နိုင်ရန် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) အနေဖြင့် ကြိုးပမ်းဆောင်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဆိုင် ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖြစ် အရှေ့တောင်အာရှတွင် ပထမဦးဆုံးတာဝန်ယူဆောင်ရွက်သူ မစ္စ ဟေဇာက ပြောသည်။ ထို့ကြောင့် ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့အစည်းအဖြစ် ပူးပေါင်းဆောင်ရွက်ခြင်းသည် အလွန်အရေးကြီးကြောင်း ၎င်းကပြောသည်။

 

လွန်ခဲ့သည့်နှစ်က အောက်တိုဘာလအတွင်းကျင်းပခဲ့သော အာဆီယံညီလာခံကို မြန်မာစစ်အာဏာသိမ်းခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အားတက်ရောက်ခွင့်မပေးဘဲ အာဆီယံ၏ အခြားနိုင်ငံတစ်နိုင်ငံ၏ ပြည် တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရဟူသော မူဝါဒကို ချိုးဖောက်ခဲ့မှုအပေါ် နိုင်ငံအများအပြားက အံ့အား သင့်ခဲ့ကြသည်။ သို့သော် ပိုမိုရင်းနှီးသောဆက်ဆံရေးမျိုး ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းခဲ့သည့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်လာသော ကမ္ဘောဒီးယားနိုင်ငံက ယင်းရပ်တည်ချက်ကို ချိုးဖောက်ပစ်လိုက်သည်။

 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ မေးမြန်းရာတွင် ဖြုတ်ချခံလိုက်ရ သောအရပ်ဘက်ခေါင်းဆောင်သည် မြန်မာ့အကျပ်အတည်းအရေးများကို ဖြေရှင်းရန်အတွက် ရှေ့ဆက်ဆောင် ရွက်မည့်ဆွေးနွေးပွဲများတွင် “အပြုသဘောဆောင်သည့်အင်အားတစ်ရပ်” ဖြစ်နိုင်ပြီး ဖြစ်နိုင်ပါက ၎င်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် ကြိုးစားသွားမည်ဖြစ်ကြောင်း အထူးကိုယ်စားလှယ် မစ္စဟေဇာက ပြန်လည်ဖြေကြားခဲ့ပါသည်။

 

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်မှာ  ၎င်း၏အဓိကရည်ရွယ်ချက်မဟုတ်ဘဲ မြန်မာနိုင်ငံရှိ ထိခိုက်ပျက်စီး နေသောလူ့အဖွဲ့အစည်းမှ အားအနည်းဆုံးပြည်သူများကို ကာကွယ်စောင့်ရှောက်ရေးက ပိုအရေးကြီးသော လုပ် ငန်းဖြစ်ကြောင်း မစ္စဟေဇာက အလေးထားပြောကြားခဲ့သည်။

 

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် ကြိုးပမ်းခဲ့ကြသည့် ယခင်က နိုင်ငံတကာကိုယ်စားလှယ်များ၏ ကြိုးပမ်း ဆောင်ရွက်မှုများကို မြန်မာစစ်အစိုးရက ပယ်ချခဲ့သည်။

 

အာဏာသိမ်းစစ်တပ်သည် မြန်မာအစိုးရ၏လျှို့ဝှက်ချက်ဥပဒေကိုချိုးဖောက်မှု၊ အဂတိလိုက်စားမှုများကဲ့သို့ အမှု များဖြစ်သော အမှု ၁၀ မှုကျော်ဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားသည်။ ယင်းအမှုအားလုံး အပြစ် ရှိကြောင်းထင်ရှားတွေ့ရှိပါက ဒေါ်အောင်ဆန်းစုကြည်၏ ကျန်ရှိသောဘဝသက်တမ်းမှာ အကျဉ်းထောင်ထဲတွင် ကုန်ဆုံးရမည်ဖြစ်သည်။

 

ယနေ့အချိန်အထိ လမ်းလျှောက်စကားပြောစက် တရားမဝင်ပိုင်ဆိုင်မှု၊ COVID-19 စည်းမျဉ်းစည်းကမ်းများ ချိုး ဖောက်မှုတို့ဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးက ထောင်ဒဏ်ခြောက်နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပြီးဖြစ်သည်။

 

ဒေါ်အောင်ဆန်းစုကြည်အပေါ်စွဲဆိုထားသည့် ပြစ်မှုအားလုံးမှာ နိုင်ငံရေးအရ အရင်းခံသည့်ပြစ်ချက်များဖြစ် ကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများအပြားက ပြောသည်။ တရားရုံးကြားနာစစ်ဆေးမှုများကို တံ ခါးပိတ် (အများပြည်သူတက်ရောက်ခွင့်မရှိ) ကျင်းပခဲ့သလို ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများကိုလည်း လွတ်လပ်စွာပြောဆိုခွင့် ပိတ်ပင်ထားပါသည်။

 

မြန်မာလူထုသာလျှင် သူတို့၏ ကယ်တင်ရှင် (ငါသာလျှင် ငါ့ကံ၏အရှင်သခင်) ဖြစ်ကြောင်း မြန်မာနိုင်ငံသို့ အကြိမ်ကြိမ်ရောက်ရှိခဲ့ဖူးသော မစ္စဟေဇာက ပြောဆိုရင်း အင်တာဗျူးကိုအဆုံးသတ်ခဲ့ပါသည်။

 

မှတ်ချက် – CAN သတင်းဌာမှ Myanmar crisis: Military must be part of talks but peace solution cannot be junta-led, says UN special envoy ကို ဆီလျော်အောင်ပြန်ဆိုပါသည်။

 

#PeopleMedia

 

(unicode)


…………………………………………………………………..

 


 


 


 


 


 


 


 


 

 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 

#PeopleMedia


Share this post