• Follow Us on
Latest News

Home ARSA အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အာတာအူလ္လာ အပါအဝင် ၆၆ ဦးကို ဘင်္ဂလားဒေ့ရှ်အစိုးရက လူသတ်မှုနဲ့ တရားစွဲ

ARSA အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အာတာအူလ္လာ အပါအဝင် ၆၆ ဦးကို ဘင်္ဂလားဒေ့ရှ်အစိုးရက လူသတ်မှုနဲ့ တရားစွဲ

Share this post

ARSA အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အာတာအူလ္လာ အပါအဝင် ၆၆ ဦးကို ဘင်္ဂလားဒေ့ရှ်အစိုးရက လူသတ်မှုနဲ့ တရားစွဲ

………………………………………

 

မြစ်ကြီးနား၊ နိုဝင်ဘာ ၂၈

 

ARSA အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အာတာအူလ္လာ အပါအဝင် ၆၆ ဦးကို ဘင်္ဂလားဒေ့ရှ်ထောက်လှမ်းရေးက အခုရက်ပိုင်းအတွင်း လူသတ်မှုနဲ့ စွဲချက်တင်လိုက်တယ်လို့ အေဖက်ဖ်ပီသတင်းဌာနက ဖော်ပြထားပါတယ်။

 

နိုဝင်ဘာ ၁၄ ရက်နေ့မှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှတ် တိုင် (၃၄) နဲ့ (၃၅) အနီးက ဒုက္ခသည်စခန်းတခုကို ဝင်ရောက်စီးနင်းရှာဖွေနေစဉ် အကြီးတန်းထောက်လှမ်း ရေးအရာရှိ ရီဇ်ဝမ် ရှရ်ဒီကို ARSA အဖွဲ့ဝင်တွေက ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။

 

အခင်းဖြစ်ပွားရာနေရာမှာ အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အာတာအူလ္လာ ရှိနေခဲ့ပြီး သူဟာ လူသတ်မှုအတွက် အဓိကတရားခံဖြစ်တယ်လို့ ရဲထောက်လှမ်းရေးမှူး မိုဟာမက် ရှဂျဟန်က အေဖက်ပီသတင်းဌာနကို ပြောပါ တယ်။

 

ARSA အဖွဲ့ဟာ နိုင်ငံရေးပြိုင်ဘက်တွေကို လုပ်ကြံသတ်ဖြတ်မှု၊ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချမှုနဲ့ ဒုက္ခသည် စခန်းတွေမှာ အကြောက်တရားဖြစ်ပေါ်လာအောင် လှုံ့ဆော်နေတယ်လို့လည်း အရင်က စွပ်စွဲခံထားရပါတယ်။

 

လက်ရှိအချိန်မှာ ဘင်္ဂလားဒေ့ရှ်ထောက်လှမ်းရေးနဲ့ ရဲတပ်ဖွဲ့ဝင်တွေက စုံစမ်းမှုတွေ ပြုလုပ်နေပေမယ့် အကြမ်း ဖက်ခေါင်းဆောင်အပါအဝင် တရားခံတွေကိုတော့ ဖမ်းဆီးနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

 

ကိုးကား – AFP

 

Ref; Bangladesh charges Rohingya insurgent chief with murder

 

#PeopleMedia

 

(unicode)


………………………………………

 


 


 


 


 


 


 


 

Ref; Bangladesh charges Rohingya insurgent chief with murder

 

#PeopleMedia


Share this post