• Follow Us on

Home

Share this post

နေပြည်တော်၊ မေ ၇

 

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့အတွင်းသို့ KNU အဖွဲ့မှ အကြမ်းဖက် မှုကိုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက မေ ၂ရက် ညပိုင်းတွင် လက်လုပ်ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့သဖြင့် မြို့မ(၂)နှင့် မြို့မ(၃) ရပ်ကွက်များသို့  ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

 

ဖြစ်စဉ်မှာ မေ ၂ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်ခန့်တွင် KNU အဖွဲ့မှ အကြမ်းဖက် မှုကိုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက ညောင်လေးပင်မြို့၏ အရှေ့မြောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာမှ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့ရာ မြို့မ(၂) ရပ်ကွက်နှင့် မြို့မ(၃)ရပ်ကွက်များပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့ပြီး အဆိုပါရပ်ကွက်များအတွင်းရှိ အပြစ်မဲ့ဒေသခံပြည်သူများ၏ နေအိမ် ၃ လုံး  ထိမှန်ပျက်စီးခဲ့ပြီး လူထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။

 

ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာ မြို့/ရွာများအတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဒေသခံ ပြည်သူများက ကန့်ကွက်ရှုတ်ချလျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

#PeopleMedia


Share this post