• Follow Us on
Latest News

Home အမေရိကန်နိုင်ငံက ထိုင်ဝမ်သို့ ဒေါ်လာ သန်း ၇၅၀ တန်ကြေးရှိ ဟောင်ဝှစ်ဇာအမြောက်များ ရောင်းချမည်

အမေရိကန်နိုင်ငံက ထိုင်ဝမ်သို့ ဒေါ်လာ သန်း ၇၅၀ တန်ကြေးရှိ ဟောင်ဝှစ်ဇာအမြောက်များ ရောင်းချမည်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၅ (People Media)

 

အမေရိကန်အစိုးရက ထိုင်ဝမ်သို့ စစ်လက်နက်များ ရောင်းချမည့်အစီအစဉ်ကို ထောက်ခံခဲ့ပြီး တရုတ်နိုင်ငံ၏ စစ်ရေးဖိအားပေးမှု ရင်ဆိုင်ရာတွင် ဆက်လက်ပံ့ပိုးလိုသည့်ဆန္ဒကို ပြသလိုက်သည်။

 

ဟောင်ဝှစ်ဇာအမြောက်ကြီးများ၊ ဆက်စပ်ပစ္စည်းများ အပါအဝင် ဒေါ်လာ သန်း ၇၅၀ တန်ကြေးရှိ စစ်လက် နက်များ ရောင်းချမည့်သဘောတူညီချက်ကို ကွန်ဂရက်သို့ အကြောင်းကြားခဲ့ကြောင်း အမေရိကန်အစိုးရက သြဂုတ်လ ၄ ရက်တွင် ပြောကြားခဲ့သည်။

 

ဂျိုးဘိုင်ဒင် သမ္မတတာဝန်ယူပြီးနောက်ပိုင်း ထိုင်ဝမ်သို့ စစ်လက်နက်များ ရောင်းချမှုနှင့်ပတ်သက်၍ ပထမဆုံး အကြိမ် ကြေညာခြင်းဖြစ်ကြောင်း ထိုင်ဝမ်အာဏာပိုင်များက ပြောကြားသည်။

 

သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ထိုင်ဝမ်သို့ စစ်လက်နက်များရောင်းချရန် ဆုံးဖြတ်ခဲ့ပြီး တရုတ်နိုင်ငံအ ပါ် ကြီးမားစွာ ဖိအားပေးခဲ့သည်။

 

တန်ပြန်အစီအမံအဖြစ် လက်နက်ရောင်းချရေး သဘောတူညီချက်တွင်ပါဝင်သော စီးပွားရေးလုပ်ငန်းများ အပေါ် တရုတ်နိုင်ငံက ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ခဲ့သည်။

 

အမေရိကန်နိုင်ငံက စစ်လက်နက်များ ရောင်းချမည့်အစီအစဉ်ကို ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ချက်တစ်ခုအတွင်း ကြိုဆိုလိုက်သည်။

 

စစ်လက်နက်များ ရောင်းချမည့်အစီအစဉ်က ထိုင်ဝမ်၏ ကာကွယ်ရေးစွမ်းပကားများအတွက် အရေးပါမှုကို အမေရိကန်နိုင်ငံက ပြသကာ ထိုင်ဝမ်သို့ စစ်လက်နက်များ ပုံမှန်ရောင်းချမည့်မူဝါဒဆက်လက်ကျင့်သုံးရန် စီစဉ်ခြင်းဟု ထုတ်ပြန်ချက်က ဆိုသည်။

 

အမေရိကန်နိုင်ငံ၏ စစ်လက်နက်များရောင်းချမှုက မြေပြင်တပ်ဖွဲ့များ၏ အလျင်အမြန် တုံ့ပြန်မှုနှင့် ပစ်ခတ်မှု စွမ်းရည်ကို မြှင့်တင်ပေးမည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။

 

Ref; US endorses arms sales to Taiwan

 

#PeopleMedia #EPN #international #အမေရိကန်

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 


 


 

Ref; US endorses arms sales to Taiwan

 



Share this post