• Follow Us on
Latest News

Home ရွာငံမြို့နယ်၌ စစ်မှုထမ်းဟောင်းတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရ

ရွာငံမြို့နယ်၌ စစ်မှုထမ်းဟောင်းတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရ

Share this post

တောင်ကြီး၊ နိုဝင်ဘာ ၁၁ (People Media)

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာမှ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သူ ကိုနိုင်ဦးသည် နိုဝင်ဘာ (၉) ရက်နေ့ ညပိုင်းက နေအိမ်၌ လုပ်ကြံခံခဲ့ရတယ်လို့ ဒေသခံအချို့ ပြောဆိုချက်အရ သိရပါတယ်။

 

“နိုဝင်ဘာ ၉ ရက်နေ့ ညနေပိုင်းမှာ နေအိမ်မှာ အသတ်ခံရတာ။ သူက စစ်မှုထမ်းဟောင်းလို့ သိရတယ်။ အဲ့ဒီ ရွာက အမျိုးသမီးနဲ့ အိမ်ထောင်ကျနေတာ။ အေးအေးဆေးဆေးနေသူတစ်ယောက်လို့ သိရပါတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

ရွာငံမြို့နယ်သည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြို့နယ်တစ်ခုဖြစ်ပြီး အေးချမ်းတည်ငြိမ်သော မြို့နယ်တစ်ခုဖြစ်ပါ တယ်။ ထိုကဲ့သို့ လုပ်ကြံသတ်ဖြတ်မှုများဖြစ်စဉ်သည် ဖြစ်တောင့်ဖြစ်ခဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။

 

ထိုကဲ့သို့ စစ်မှုထမ်းဟောင်း သတ်ဖြတ်လုပ်ကြံခံရသည့်ဖြစ်စဉ်အပေါ် People Media က သက်ဆိုင်ရာလုံခြုံရေး အဖွဲ့ထံ ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

 

အလားတူ စက်တင်ဘာ ၁၁ ရက်နေ့ကလည်း ရွာငံမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီ၏ ဘဏ္ဍာရေးမှူးဖြစ်သူ ဦးမောင် သန်းသည် နေအိမ်၌ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ပါတယ်။

 

Photo – credit

 

#PeopleMedia #ရွာငံမြို့

 

(unicode)


……………………………………………………..

 


 


 


 


 


 


 

Photo – credit

 



Share this post