• Follow Us on
Latest News

Home ကျောက်တံခါးမြို့နယ်၌ အရက်ကြောင်နေသည့် အမျိုးသားတစ်ဦးကို ပယောဂဆရာက ကုသရာ အရက် ကြောင်နေသည့် အမျိုးသား၏ ဓါးချက်ဖြင့် ပယောဂဆရာ သေဆုံး

ကျောက်တံခါးမြို့နယ်၌ အရက်ကြောင်နေသည့် အမျိုးသားတစ်ဦးကို ပယောဂဆရာက ကုသရာ အရက် ကြောင်နေသည့် အမျိုးသား၏ ဓါးချက်ဖြင့် ပယောဂဆရာ သေဆုံး

Share this post

ပဲခူး၊ ဒီဇင်ဘာ ၁ (People Media)

 

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရှမ်းဒိုးတန်းကျေးရွာတွင်၌ အရက်ကြောင်နေသည့် အမျိုးသား တစ်ဦးကို ပယောဂဆရာက ကုသရာ အရက်ကြောင်နေသည့် အမျိုးသား၏ ဓါးချက်ဖြင့် ပယောဂဆရာ သေဆုံးသွားခဲ့ပါတယ်။

 

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၈ ရက်နေ့တွင် ရှမ်းဒိုးတန်းကျေးရွာတွင် အရက်ကြောင်ပြီး စိတ်ဖောက်ပြန်နေသည့် အမျိုးသားကို ဇနီးဖြစ်သူမှ ပယောဂကုဆရာနှင့် ပြသရာတွင် အထက်ပါအတိုင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။

 

“ဖြစ်တာဟုတ်တယ်။ အရက်ကြောင်ပြီးစိတ်ဖောက်ပြန်တဲ့သူကို ပယောဂကုဆရာနဲ့ ဆေးကုတာ။ ပယောဂ ကုဆရာဆိုတော့ ဘုရားဝတ်ပြုကြတယ်။ အဲ့အချိန်မှာ အရက်ကြောင်နေတဲ့သူက စိတ်ဖောက်ပြန်ပြီး အနောက် ကနေ ထိုးတာ ဘယ်ဘက်ကို ၅ လက်မလောက်ဝင်သွားတယ်” လို့ ရှမ်းဒိုးတန်းကျေးရွာနေ ပြည်သူတစ်ဦးမှ ပြောပါတယ်။

 

အဆိုပါ အရက်ကြောင်နေသည့်အမျိုးသားကို ပဒိုနယ်မြေရဲစခန်းတွင် ဖမ်းဆီးအရေးယူထားကြောင်း သိရပါ တယ်။

 

Photo – Credit

 

#PeopleMedia #ပဲခူးတိုင်းဒေသကြီး

 

(unicode)


………………………………………………

 


 


 


 


 


 

Photo – Credit

 



Share this post