• Follow Us on
Latest News

Home KBZ ဘဏ် ATM စက်ကို ဖောက်ခွဲသူအား ပြည်သူများနှင့် လုံခြုံရေးအဖွဲ့တို့ ဖမ်းဆီးနိုင်ခဲ့

KBZ ဘဏ် ATM စက်ကို ဖောက်ခွဲသူအား ပြည်သူများနှင့် လုံခြုံရေးအဖွဲ့တို့ ဖမ်းဆီးနိုင်ခဲ့

Share this post

တောင်ကြီး၊ မတ် ၁၆

 

တောင်ကြီးမြို့ရှိ KBZ ဘဏ် (၂) ရှိ ATM စက်ကို ဖောက်ခွဲခဲ့သည့် TGF အဖွဲ့မှ အဖွဲ့ဝင်ဖြစ်သူအား ပြည်သူ များနှင့် လုံခြုံရေးအဖွဲ့တို့ ဖမ်းဆီးနိုင်ခဲ့သည်။

 

ဖောက်ခွဲမှုဖြစ်စဉ်၌ ဆောင်ရွက်ခဲ့သူကို ပြည်သူများသည် လုံခြုံရေးအဖွဲ့နှင့်အတူ ဖမ်းဆီးပေးခဲ့အပေါ် စိတ်မ ကောင်းကြောင်း TGF အဖွဲ့က ထုတ်ပြန်ထားသည်။

 

ထုတ်ပြန်ချက်တွင် မတ်လ ၁၅ ရက်နေ့ ည (၇) နာရီ ဝန်းကျင်ခန့်က တောင်ကြီးမြို့ KBZ ဘဏ် (၂) ရှိ ATM စက်အား TGF အဖွဲ့ဝင်က ဖောက်ခံပေးခဲ့ကြောင်း ဖောက်ခွဲမှုကြောင့် ATM စက် အနည်ငယ်ထိခိုက် မီး လောင်သွားကြောင်း၊ ထို့နောက် အနီးရှိ လုံခြုံရေးများက ရေဖြင့် အမြန်ငြိမ်းသတ်ခဲ့ကြောင်း ထုတ်ပြန်ထား သည်။

 

ထိုဖြစ်စဉ်တွင် အလွန်စိတ်မကောင်း ဝမ်းနည်းစရာကောင်းသော အချက်မှာ ထိုသို့ ဖောက်ခွဲပေးခဲ့သော မိမိတို့ အဖွဲ့ဝင်အား အနီးရှိ ပြည်သူများက လုံခြုံရေးများနှင့် အတူတကွ ညီညာစွာလိုက်လံဖမ်းဆီးပေးခဲ့ခြင်း ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။

 

ထို့ကြောင့် နောက် Mission များတွင်လည်း Mission များ အောင်မြင်ရေးကိုသာ အဓိကထား၍ တော်လှန် တော့မည်ဖြစ်ပြီး၊ အနီးနားတွင် ထိခိုက်မိသူများရှိပါက မိမိတို့ TGF နှင့် လုံးဝမသက်ဆိုင်တော့ကြောင်း ထုတ် ပြန်ထားသည်။

 

(unicode)


……………………………………

 


 


 


 


 


 



Share this post