• Follow Us on
Latest News

Home ဆီးရီးယားအေရွ႕ေျမာက္ပိုင္းတြင္ ျမန္မာႏုိင္ငံသားတစ္ဦး ေမာ္တာက်ည္ထိမွန္ေသဆံုး

ဆီးရီးယားအေရွ႕ေျမာက္ပိုင္းတြင္ ျမန္မာႏုိင္ငံသားတစ္ဦး ေမာ္တာက်ည္ထိမွန္ေသဆံုး

Share this post

တူရကီက ေထာက္ပံ့ေပးထားတဲ့ ဆီးရီးယားအစိုးရအတိုက္အခံ လက္နက္ကိုင္ေသာင္းက်န္းသူေတြရဲ႕ လက္ နက္ႀကီးထိမွန္ျပီး ဆီးရီးယားႏိုင္ငံအေရွ႕ေျမာက္ပိုင္းမွာ ျမန္မာႏုိင္ငံက က်န္းမာေရး၀န္ထမ္းတစ္ဦး ေသဆံုးခဲ့ တယ္လို႔ Aljazeera သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။

ကာ့ဒ္လက္နက္ကိုင္တပ္ဖြဲ႕ေတြနဲ႔ တူရကီက ေထာက္ပံ့ေပးထားတဲ့ လက္နက္ကိုင္ေသာင္းက်န္းသူေတြၾကား တိုက္ပြဲေတြဆက္လက္ျဖစ္ေနဆဲျဖစ္တယ္လို႔လည္း လူ႔အခြင့္အေရးအဖြဲ႕အစည္းတစ္ခုကေျပာပါတယ္။

အေမရိကန္အထူးတပ္ဖြဲ႕ေဟာင္းတစ္ဦးျဖစ္ၿပီး Free Burma Rangers အဖြဲ႕အစည္းကို တည္ေထာင္ခဲ့သူျဖစ္တဲ့ ေဒးဗစ္ယူဘန္႔ရဲ႕ ေျပာၾကားခ်က္အရ ျမန္မာႏိုင္ငံသား ေဆးတပ္ဖြဲ႕၀င္တစ္ဦးေသဆံုးခဲ့ၿပီး အီရတ္ႏုိင္ငံက လူမႈ ကယ္ဆယ္ေရးအဖြဲ႕၀င္တစ္ဦးဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။

တနဂၤေႏြေန႕ျဖစ္ပြားခဲ့တဲ့အခုျဖစ္ရပ္မွာ ျမန္မာႏုိင္ငံသား ေဇာင္ဆန္းဟာ တိုက္ပြဲျဖစ္ပြားမႈကို ဗီဒီယုိ႐ုိက္ကူး မွတ္တမ္းတင္ေနခ်ိန္ ေမာ္တာက်ည္စေခါင္းကို ထိမွန္ခဲ့ၿပီး ေသဆံုးခဲ့တာလို႔သိရပါတယ္။

အခုလိုေသဆံုးမႈအတြက္ ဆီးရီးယားအၾကမ္းဖက္အဖြဲ႕ Free Syrian Army နဲ႔ တူရကီကို ယူဘန္႔က အျပစ္တင္ ခဲ့ပါတယ္။

Ref;Aljazeera

#PeopleMedia #International

(unicode)
ဆီးရီးယားအရှေ့မြောက်ပိုင်းတွင် မြန်မာနိုင်ငံသားတစ်ဦး မော်တာကျည်ထိမှန်သေဆုံး
———————————————————————–

တူရကီက ထောက်ပံ့ပေးထားတဲ့ ဆီးရီးယားအစိုးရအတိုက်အခံ လက်နက်ကိုင်သောင်းကျန်းသူတွေရဲ့ လက် နက်ကြီးထိမှန်ပြီး ဆီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းမှာ မြန်မာနိုင်ငံက ကျန်းမာရေးဝန်ထမ်းတစ်ဦး သေဆုံးခဲ့ တယ်လို့ Aljazeera သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ကာ့ဒ်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တူရကီက ထောက်ပံ့ပေးထားတဲ့ လက်နက်ကိုင်သောင်းကျန်းသူတွေကြား တိုက်ပွဲတွေဆက်လက်ဖြစ်နေဆဲဖြစ်တယ်လို့လည်း လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုကပြောပါတယ်။

အမေရိကန်အထူးတပ်ဖွဲ့ဟောင်းတစ်ဦးဖြစ်ပြီး Free Burma Rangers အဖွဲ့အစည်းကို တည်ထောင်ခဲ့သူဖြစ်တဲ့ ဒေးဗစ်ယူဘန့်ရဲ့ ပြောကြားချက်အရ မြန်မာနိုင်ငံသား ဆေးတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ပြီး အီရတ်နိုင်ငံက လူမှု ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တနင်္ဂနွေနေ့ဖြစ်ပွားခဲ့တဲ့အခုဖြစ်ရပ်မှာ မြန်မာနိုင်ငံသား ဇောင်ဆန်းဟာ တိုက်ပွဲဖြစ်ပွားမှုကို ဗီဒီယိုရိုက်ကူး မှတ်တမ်းတင်နေချိန် မော်တာကျည်စခေါင်းကို ထိမှန်ခဲ့ပြီး သေဆုံးခဲ့တာလို့သိရပါတယ်။

အခုလိုသေဆုံးမှုအတွက် ဆီးရီးယားအကြမ်းဖက်အဖွဲ့ Free Syrian Army နဲ့ တူရကီကို ယူဘန့်က အပြစ်တင် ခဲ့ပါတယ်။

Ref;Aljazeera

#PeopleMedia #International


Share this post