• Follow Us on
[wp_ticker limit="5" ticker_title="Latest News" background_color="#e53935" autoplay="true" timer="4000" title_color="#fff" border="false" post_type="post" post_cat="all-news-about-myanmar-and-international" effect="slide-h"]

Home ပဲခူးမြို့ရှိ ရထားသံလမ်းကူးဂိတ်တစ်ခု၌ ရထားနှင့် ၂၂ ဘီးယာဉ် တိုက်မှုဖြစ်ပွားရာမှ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ရန်ကုန်တိုင်း ဝန်ကြီးချုပ် မင်္ဂလာဒုံမြို့နယ်၌ (၆) လမ်းသွား ကတ္တရာကွန်ကရိခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

Share this post

နေပြည်တော်၊ နို၀င်ဘာ ၂၀

 

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ နှင့် လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးတို့သည် နိုဝင်ဘာ (၁၉) ရက် ညပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၌ (၆) လမ်းသွား ကတ္တရာကွန်ကရိခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ နှင့် လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး တို့သည် မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ သုဓမ္မာလမ်း (ခရေပင်လမ်းနှင့် အုတ်ပုံဆိပ်တံတားကြား) (၆) လမ်းသွား ကတ္တရာကွန်ကရိ (၅.၁၂) မိုင်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် စံချိန်စံညွှန်းကိုက်ညီစွာဖြင့် လုပ်ငန်းကိုဆောင်ရွက်ရန် စသည်တို့ကို မှာကြားသည်။

 

#PeopleMedia


Share this post