• Follow Us on
[wp_ticker limit="5" ticker_title="Latest News" background_color="#e53935" autoplay="true" timer="4000" title_color="#fff" border="false" post_type="post" post_cat="all-news-about-myanmar-and-international" effect="slide-h"]

Home ပဲခူးမြို့ရှိ ရထားသံလမ်းကူးဂိတ်တစ်ခု၌ ရထားနှင့် ၂၂ ဘီးယာဉ် တိုက်မှုဖြစ်ပွားရာမှ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ပဲခူးမြို့ရှိ ရထားသံလမ်းကူးဂိတ်တစ်ခု၌ ရထားနှင့် ၂၂ ဘီးယာဉ် တိုက်မှုဖြစ်ပွားရာမှ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ နို၀င်ဘာ ၂၀

 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရွှေလှေကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာအနီး မြို့ရှောင်လမ်း ရထားသံလမ်းကူးဂိတ်တွင် ယနေ့ နိုဝင်ဘာ ၂၀ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်က ရထားနှင့် ၂၂ ဘီးယာဉ်နှင့် တိုက်မှုဖြစ်ပွားရာမှ လူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ တောင်ငူဘက်မှ ပဲခူးဘက်သို့ ထွက်ခွာလာသော RBE ခရီးတိုရထားရထားသည် ရွှေလှေဘူတာနှင့် ပဲခူးဘူတာကြား၊ မိုင်တိုင်အမှတ် ၄၉/၁၀-၁၁ အကြားရှိ မြို့ရှောင်လမ်း ဂိတ်သို့ ဖြတ်သန်းစဉ် ဘုရားကြီးမြို့ဘက်မှ ဘိလပ်မြေအိတ်များ တင်ဆောင်ပြီး CHENG LONG အမျိုးအစား ၂၂ ဘီးယာဉ်မှာ ဂိတ်၌ ရပ်တန့်နိုင်ခြင်းမရှိဘဲ ရထားစက်ခေါင်းကို ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

 

၀င်တိုက်မှုကြောင့် ၂၂ဘီးယာဉ်မောင်း အမျိုးသားနှင့် ရထားဂိတ် အနီးရှိ အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် ရထားစက်ခေါင်းလည်း ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post