• Follow Us on
Latest News

Home တပ္မေတာ္အေနႏွင့္ ျပည္သူ႔အေပၚ ေရလိုလလိုက်င့္သံုးရန္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ေျပာ

တပ္မေတာ္အေနႏွင့္ ျပည္သူ႔အေပၚ ေရလိုလလိုက်င့္သံုးရန္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ေျပာ

Share this post

ရန္ကုန္၊ ေမ – ၂၂

 

တပ္မေတာ္အေနႏွင့္ ျပည္သူအေပၚ ေရလိုလလိုက်င့္သံုးရန္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္မွ ေမလ ၂၁ ရက္ေန႔တြင္ က်င္းပျပဳလုပ္သည့္ COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးႏွင့္ အျခားလိုအပ္ခ်က္မ်ား ေဆာင္ရြက္ေပးႏိုင္ေရး သတၱမအႀကိမ္အစည္းအေ၀းတြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

 

တပ္မေတာ္အေနျဖင့္ COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ကုသေရးအတြက္ တစ္ႏိုင္ငံလံုးအတိုင္းအတာျဖင့္ လုပ္သင့္လုပ္ထိုက္သည္မ်ားအားလံုး လုပ္ေဆာင္ေပးလ်က္ရွိၿပီး ျပည္သူမ်ားအတြက္သာမက(၀)အဖြဲ႕၊ KIO/ KIA စသည့္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားသည္လည္း ျမန္မာႏိုင္ငံအတြင္း ေနထိုင္သည့္ တိုင္း ရင္းသားမ်ားျဖစ္သည့္အတြက္ ခ်န္လွပ္မထားဘဲ လုပ္ေဆာင္ေပးလ်က္ရွိၿပီး၊ ရခိုင္ေဒသတြင္လည္း ေဆာင္ ရြက္ေပးလ်က္ရွိေၾကာင္း ၎မွေျပာသည္။

 

အဆိုပါအစည္းအေ၀းတြင္ COVID-19 ေရာဂါႏွင့္ပတ္သက္ၿပီး တပ္မေတာ္ေလယာဥ္၊ ရဟတ္ယာဥ္မ်ားျဖင့္ ေဆးအကာအကြယ္ပစၥည္းမ်ား ပို႔ေဆာင္ေပးလ်က္ရွိၿပီး တပ္မေတာ္ေရယာဥ္မ်ားကို ေဆး႐ံုအျဖစ္အသံုးျပဳႏိုင္ ေရးအတြက္ အသင့္ျပင္ဆင္ထားလ်က္ရွိေၾကာင္း ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္မွ ဆိုသည္။ ဆက္လက္ၿပီး ၎မွ ျပည္သူမ်ားအား ကာကြယ္ေစာင့္ေရွာက္ရာတြင္ လူအုပ္စုတစ္ခုအတြက္မဟုတ္ဘဲ အမွန္တကယ္အခက္ အခဲျဖစ္ေနသည့္ ေနရာေဒသမ်ားႏွင့္ တိုင္းျပည္အတြက္ အက်ဳိးရွိမည္ဆိုပါက အျမန္ဆံုးကူညီေျဖရွင္းေပးရန္ ႏွင့္ လုပ္ႏိုင္တာမွန္သမွ် လုပ္ေဆာင္ေပးရန္လိုၿပီး ေရရွည္အတြက္လည္း စဥ္းစားေဆာင္ရြက္ရန္လိုေၾကာင္း ၎ မွေျပာသည္။

 

အလားတူပင္ တစ္ကမၻာလံုးတြင္ အလုပ္လက္မဲ့ျပႆနာမ်ား၊ အခက္အခဲအက်ပ္အတည္းမ်ားျဖစ္ေပၚလ်က္ရွိ ရာ မိမိတို႔ႏိုင္ငံတြင္ အေျခအေနေပၚမူတည္၍ တတ္ႏိုင္သည့္ ကုန္ထုတ္လုပ္မႈမ်ား၊ အမွန္တကယ္လိုအပ္သူမ်ား ကို ေထာက္ပံ့ေရးမ်ား ေဆာင္ရြက္ေပးရန္၊ ဘုန္းေတာ္ႀကီးေက်ာင္းမ်ား၊ သီလရွင္ေက်ာင္းမ်ားအား ဆြမ္းဆန္ႏွင့္ ဆြမ္းဟင္းမ်ား စီမံလွဴဒါန္းၾကရန္ႏွင့္ အမွန္တကယ္လိုအပ္ေနေသာ အလႊာမ်ားရွိၿပီး လုပ္ေဆာင္ေပးႏိုင္သမွ် လုပ္ေဆာင္ေပးရန္ အဆိုပါအစည္းအေ၀းတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္ လိႈင္မွ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

#PeopleMedia

 

(Unicode)

တပ်မတော်အနေနှင့် ပြည်သူ့အပေါ် ရေလိုလလိုကျင့်သုံးရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော …………………………………………………………………………………………………

ရန်ကုန်၊ မေ – ၂၂

တပ်မတော်အနေနှင့် ပြည်သူအပေါ် ရေလိုလလိုကျင့်သုံးရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ မေလ ၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေး သတ္တမအကြိမ်အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

တပ်မတော်အနေဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်သင့်လုပ်ထိုက်သည်များအားလုံး လုပ်ဆောင်ပေးလျက်ရှိပြီး ပြည်သူများအတွက်သာမက(ဝ)အဖွဲ့၊ KIO/ KIA စသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည်လည်း မြန်မာနိုင်ငံအတွင်း နေထိုင်သည့် တိုင်း ရင်းသားများဖြစ်သည့်အတွက် ချန်လှပ်မထားဘဲ လုပ်ဆောင်ပေးလျက်ရှိပြီး၊ ရခိုင်ဒေသတွင်လည်း ဆောင် ရွက်ပေးလျက်ရှိကြောင်း ၎င်းမှပြောသည်။

အဆိုပါအစည်းအဝေးတွင် COVID-19 ရောဂါနှင့်ပတ်သက်ပြီး တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ဆေးအကာအကွယ်ပစ္စည်းများ ပို့ဆောင်ပေးလျက်ရှိပြီး တပ်မတော်ရေယာဉ်များကို ဆေးရုံအဖြစ်အသုံးပြုနိုင် ရေးအတွက် အသင့်ပြင်ဆင်ထားလျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဆိုသည်။ ဆက်လက်ပြီး ၎င်းမှ ပြည်သူများအား ကာကွယ်စောင့်ရှောက်ရာတွင် လူအုပ်စုတစ်ခုအတွက်မဟုတ်ဘဲ အမှန်တကယ်အခက် အခဲဖြစ်နေသည့် နေရာဒေသများနှင့် တိုင်းပြည်အတွက် အကျိုးရှိမည်ဆိုပါက အမြန်ဆုံးကူညီဖြေရှင်းပေးရန် နှင့် လုပ်နိုင်တာမှန်သမျှ လုပ်ဆောင်ပေးရန်လိုပြီး ရေရှည်အတွက်လည်း စဉ်းစားဆောင်ရွက်ရန်လိုကြောင်း ၎င်း မှပြောသည်။

အလားတူပင် တစ်ကမ္ဘာလုံးတွင် အလုပ်လက်မဲ့ပြဿနာများ၊ အခက်အခဲအကျပ်အတည်းများဖြစ်ပေါ်လျက်ရှိ ရာ မိမိတို့နိုင်ငံတွင် အခြေအနေပေါ်မူတည်၍ တတ်နိုင်သည့် ကုန်ထုတ်လုပ်မှုများ၊ အမှန်တကယ်လိုအပ်သူများ ကို ထောက်ပံ့ရေးများ ဆောင်ရွက်ပေးရန်၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများအား ဆွမ်းဆန်နှင့် ဆွမ်းဟင်းများ စီမံလှူဒါန်းကြရန်နှင့် အမှန်တကယ်လိုအပ်နေသော အလွှာများရှိပြီး လုပ်ဆောင်ပေးနိုင်သမျှ လုပ်ဆောင်ပေးရန် အဆိုပါအစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်မှ ပြောကြားခဲ့ခြင်းဖြစ်သည်။
#PeopleMedia


Share this post