• Follow Us on
Latest News

Home AA အဖွဲ့ဝင်တစ်ဦး လက်နက်မဲ့အလင်းဝင်ရောက်ခဲ့ကြောင်း တပ်မတော်ထုတ်ပြန်


Share this post

ရန်ကုန်၊ ဇွန် – ၎

 


 


 


 

(unicode)

AA အဖွဲ့ဝင်တစ်ဦး လက်နက်မဲ့အလင်းဝင်ရောက်ခဲ့ကြောင်း တပ်မတော်ထုတ်ပြန်
…………………………………………………………………………

ရန်ကုန်၊ ဇွန် – ၄

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ မေ ၃၁ ရက် ညနေ ၃ နာရီခွဲခန့်တွင် AA အဖွဲ့မှ တပ်သားအဆင့်ရှိ မောင်ကိုဇော်လင်း(ဘ)ဦးသန်းထွန်းမောင် အသက် (၂၅)၊ ရခိုင်၊ ဗုဒ္ဓဖြစ်သူသည် လက်နက်မဲ့ဖြင့် တပ်မတော်ထံ အလင်းဝင်ရောက်ခဲ့သည်။

အဆိုပါလက်နက်မဲ့အလင်းဝင်ရောက်လာသည့် AA အဖွဲ့မှ တပ်သားအဆင့်ရှိ မောင်ကိုဇော်လင်းကို လက်ရှိ အချိန်၌ နယ်မြေခံတပ်မှ တာဝန်ရှိသူများက သွားရောက်ခေါ်ယူ၍ လိုအပ်သည့် ကူညီဖြည့်ဆည်းမှုများ ဆောင် ရွက်ပေးလျက်ရှိကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။ တပ်မတော်အနေဖြင့် အလင်းဝင်ရောက် သည့် AA အဖွဲ့ဝင်များကို ကြိုဆိုလက်ခံလျှက်ရှိဖပြီး လိုအပ်သည့်အကူအညီများကို ဆောင်ရွက်လျှက်ရှိ ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုထားပြီးဖြစ်သည်။

#PeopleMedia #ရခိုင်ပြည်နယ်အစိုးရအဖွဲ့


Share this post