• Follow Us on
Latest News

Home ဘင်္ဂလားဒေ့ရှ်တွင် အထပ်မြင့်အဆောက်အအုံ မီးလောင်မူ ၂၅ ဦးသေဆုံး

ဘင်္ဂလားဒေ့ရှ်တွင် အထပ်မြင့်အဆောက်အအုံ မီးလောင်မူ ၂၅ ဦးသေဆုံး

Share this post

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ရှိ လူစည်ကားရာနေရာဖြစ်တဲ့ ဘာနာနီမှာ အထပ်မြင့် အဆောက်အအုံတစ်ခုမတ် ၂၈ ရက် နေ့လယ်က မီးလောင်ခဲ့ရာ သေဆုံးသူ ၂၅ ဦးအထိရှိလာပြီဖြစ်ကြောင်း AFP သတင်းတစ်ရပ်မှာ ရေးသားဖော်ပြထားပါတယ်။ ၂၂ ထပ်ရှိတဲ့ အဆောက်အအုံမှာ မီးလောင်ခြင်းဖြစ်ပြီး အခင်းဖြစ်ပွားချိန်မှာ အလုပ်သမား ရာပေါင်းများစွာ အလုပ်လုပ်ကိုင်နေကြောင်း သိရပါတယ်။

မီးခိုးငွေ့များနဲ့ မီးလောင်ကျွမ်းမူကြောင့် အဆောက်အအုံတွင်းရှိ လူများပာာ ဘေးကင်း ရာကို ကြောက်လန့်တကြားပြေးရာမှာ ဒဏ်ရာများရရှိခဲ့ပါတယ်။ သေဆုံးသူများထဲမှာ သီရိလင်္ကာနိုင်ငံသား ခြောက်ဦးပါဝင်ပြီး ဒဏ်ရာရရှိသူ ၇၀ ဦးထက်မနည်းရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ မီးလောင်မူဖြစ်စဉ်မှာ လွတ်မြောက်နိုင်ဖို့ ပြတင်းပေါက် မှ ခုန်ချခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ရာမှာ မီးသတ်သမားများ၊ ပြည်သူများနဲ့ စစ်သားများလည်း ပါဝင်ခဲ့ကြပါတယ်။ ရပာတ်ယာဉ်များကလည်း မီးငြိမ်းသတ်
ရေး ပူးပေါင်းကူညီပေးခဲ့ပါတယ်။

ယခုမီးလောင်ကျွမ်းတဲ့ အဆောက်အအုံပာာ သတ်မှတ်ထားတာထက် အထပ်
မြင့်ကို လေးထပ်ပိုဆောက်ထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ အထပ်မြင့် အဆောက်အအုံတွေပာာ လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်လာပြီး ဖေဖော်ဝါရီလကလည်း ဒါကာမြို့ရှိ အဆောက်အအုံတစ်ခုဓာတုကုန်ကြမ်းများ သိုလှောင်ရာမှ ပေါက်ကွဲမူဖြစ်ပွားရာ ၇၀ဦး သေဆုံးခဲ့ပါတယ်။


Share this post
https://www.facebook.com/303185163868226/videos/400844717378642/