• Follow Us on

Home A2/AD စွမ်းရည်မြှင့်တင်ဖို့ အမေရိကန်တပ်မတော်ကို စစ်ရေးကျွမ်းကျင်အဖွဲ့ တိုက်တွန်း

A2/AD စွမ်းရည်မြှင့်တင်ဖို့ အမေရိကန်တပ်မတော်ကို စစ်ရေးကျွမ်းကျင်အဖွဲ့ တိုက်တွန်း

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၄

 

တရုတ်နိုင်ငံနဲ့ တင်းမာမှုတွေမြင့်တက်နေစဉ်အတွင်း အမေရိကန်တပ်မတော်အနေနဲ့ လမ်းကြောင်း/နယ်မြေ ပိတ်ဆို့ဖြတ် တောက်ရေး (A2/AD) စွမ်းရည်မြှင့်တင်ဖို့ ကာကွယ်ရေးကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

 

A2/AD ဟာ အထူးစစ်ဆင်ရေးသီးသန့်နယ်မြေတစ်ခုအတွင်း ရန်သူ့တပ်ဖွဲ့တွေဝင်လာပြီး စစ်ဆင်ရေး ဆောင်ရွက်နိုင်တဲ့ စွမ်းရည်ကို ကာကွယ်/ကန့်သတ်ဖို့ ဒီဇိုင်းရေးဆွဲထားတဲ့ စစ်ရေးမဟာဗျူဟာတွေကို ရည်ညွှန်းတာဖြစ်ပါတယ်။

 

အခြေခံအားဖြင့် ဒီမဟာဗျူဟာက နယ်မြေတစ်ခုအတွင်း ရန်သူတပ်ဖွဲ့ဝင်တွေရဲ့ ဆက်သွယ်ရေးစွမ်းရည်တွေကို ခက်ခဲ အောင်ပြုလုပ်ပြီး မိမိတပ်ဖွဲ့ဝင်တွေရဲ့ဆက်သွယ်ရေးစွမ်းရည်ကိုမြှင့်တင်ရင်း ရန်သူကို တိုက်ခိုက်ချေမှုန်း သွားနိုင်အောင် ရေးဆွဲထားတဲ့ ဗျူဟာဖြစ်ပါတယ်။

 

အမေရိကန်တပ်မတော်အနေနဲ့ A2/AD စွမ်းရည်တွေ မြှင့်တင်ဖို့လိုအပ်ကြောင်း မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေး စင်တာက အဖွဲ့ဝင် ဝက်စ်ရမ်းဘာ့ဂျ် (Wes Rumbaugh) က အမေရိကန်ကြည်းတပ်အသင်းပွဲ တစ်ခုမှာ ပြောပါတယ်။

 

“နှစ်ကာလတွေ ကြာမြင့်တဲ့အထိ A2/AD အကြောင်းကို ကျွန်တော်တို့က ရန်သူကို တိုက်ခိုက်နိုင်တဲ့ စွမ်းရည်ဆိုတာထက် ရန်သူက ကျွန်တော်တို့ကို တိုက်ခိုက်လာနိုင်တဲ့ စွမ်းရည်အဖြစ် စဉ်းစားခဲ့ကြတယ်။” လို့ ၎င်းက ပြောပါတယ်။

 

သမရိုးကျ မြေပြင်အခြေစိုက် ဒုံးကျည်နဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေထက် ကျော်လွန်ပြီး ရင်းနှီးမြှုပ်နှံဖို့ အရေးကြီးပုံကို ကြည်းတပ်တိုက်ခိုက်ရေးစွမ်းရည် ဖွ့ံ့ဖြိုးတိုးတက်ရေးစစ်ဌာနချုပ်အကြီးအကဲ ဟောင်း အငြိမ်းစားဗိုလ်ချုပ် ဂျွန်ဂျော့ချ် (John George) က အလေးထား ပြောပါတယ်။

 

A2/AD မဟာဗျူဟာတွေဟာ ဆိုက်ဘာနဲ့ အီလက်ထရောနစ် စစ်ဆင်ရေး စွမ်းရည်တွေနဲ့လည်း အကျုံးဝင် ကြောင်း ၎င်းက ပြောပါတယ်။

 

ယူကရိန်းစစ်ပွဲမှာ ဒရုန်းစစ်ဆင်ရေးမြင့်တက်လာတာဟာ A2/AD မဟာဗျူဟာတွေ စွမ်းရည်တွေကို မြှင့်တင်ဖို့ အလွန် အရေးကြီးနေပြီဆိုတာ မီးမောင်းထိုးပြခဲ့တာဖြစ်ပါတယ်။

 

ရုရှားရဲ့ အီလက်ထရောနစ်စစ်ဆင်ရေး တိုက်ခိုက်မှု မြင့်တက်လာတာနဲ့အမျှ ယူကရိန်းကိုထောက်ပံ့ထားတဲ့ F-16 ဂျက်တိုက်လေယာဉ်တွေ ရုရှားတိုက်ခိုက်မှုကို ရင်ဆိုင်တုံ့ပြန်နိုင်ဖို့အတွက် အဲဒီလေယာဉ်တွေကို အဆင့်မြှင့်တင်ဖို့ အမေရိကန်လေတပ်က တစ်ဆင့်ပြီး တစ်ဆင့် ကိုင်တွယ်ဆောင်ရွက်နေပါတယ်။

 

“စစ်မြေပြင်မှာ နှစ်ဖက်စလုံးက လေကြောင်းရန်ကာကွယ်ရေးနဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့အတွက် လူလိုက်ပါမောင်းနှင်တဲ့ ဂျက်တိုက်လေယာဉ်တွေအသုံးပြုမှု နည်းပါးလာတာဖြစ်ပါတယ်။” လို့ ကြည်းတပ်စွမ်းရည် ပေါင်းစပ်မှုစင်တာရဲ့ ခေတ္တညွှန်ကြားရေးမှူးဟောင်း ရောဘတ်ဒိုင်းစ်က ပြောပါတယ်။

 

Ref: US Military Urged to Enhance Ability to ‘Blind, See, and Kill’ Adversaries

 

#PeopleMedia


Share this post