AA က မြေမြုပ်မိုင်းများကို Bluetooth နည်းပညာအသုံးပြု၍ ဖောက်ခွဲနေဟု အိန္ဒိယစစ်တပ်ဆို
PUBLISHED - September 12, 2019
မြန်မာနိုင်ငံက လက်နက်ကိုင်သူပုန်အဖွဲ့ AA ဟာ မြန်မာ့တပ်မတော်နဲ့ တိုက်ခိုက်ရာမှာ မြေမြုပ်မိုင်းတွေ ဖောက်ခွဲဖို့အတွက် “Bluetooth” နဲ့ “ Wifi” နည်းပညာကို အသုံးပြုနေတယ်လို့ အိန္ဒိယစစ်တပ်ရဲ့ ထောက်လှမ်းရေးအစီခံစာတစ်စောင်မှာ ဖော်ပြခဲ့ပါတယ်။
AA အဖွဲ့ဟာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်က လောင်တလိုင်မြို့နယ်မှာ စစ်စခန်းတွေ အများအပြားချထားပြီး ကုလားတန်စီမံကိန်းကို ခြိမ်းခြောက်မှုရှိလာတယ်လို့ ဆိုပါတယ်။
ဒါကြောင့် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့တွေဟာ သူပုန်တွေအသုံးပြုနေတဲ့ Bluetooth နည်းပညာကို စောင့်ကြည့်လေ့လာလျက်ရှိနေပါတယ်။ မြန်မာ့တပ်မတော်ကလည်း မြေမြုပ်မိုင်းတွေရဲ့ ခြိမ်းခြောက်မှု ကကာကွယ်ဖို့ ကြားဖြတ်လှိုင်းဖြတ်ကိရိယာ(jammer) တွေ ဖြန့်ကျက်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
အိန္ဒိယစစ်တပ်ဟာ အခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်က မတ်လ ၂ ရက်နေ့အထိ မြန်မာ-အိန္ဒိယ နယ်စပ် ၄င်းတို့ပိုင်နက်တွင်း နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့ရာမှာ သူပုန်တွေရဲ့ စခန်း ၁၂ ခု လောက်ကို တွေ့ရှိဖျက်ဆီးနိုင်ခဲ့ပါတယ်။
Ref; dnaindia.com