![](https://cdn.myanmarseo.com/file/client-cdn/peoplemedia/wp-content/uploads/2019/12/78986524_975059822893265_3287784249473630208_n-624x467.jpg)
PUBLISHED - December 6, 2019
ရန်ကုန်၊ ဒီဇင်ဘာ – ၆
(Unicode)
AA စစ်ဦးစီးချုပ်၏ဇနီး ထိုင်း၌ အဖမ်းခံရ၊ ထိုင်းအာဏာပိုင်များမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံ လွှဲပေးမည်ဟုဆို
…………………………………………………………
ရန်ကုန်၊ ဒီဇင်ဘာ – ၆
ရခိုင်လက်နက်ကိုင်အဖွဲ့ AA ၏ စစ်ဦးစီးချုပ် ထွန်းမြင့်နိုင်၏ ဇနီးဖြစ်သူကို ထိုင်းအာဏာပိုင်များမှ ချင်းမိုင်မြို့ တွင် ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံ ပို့ရန်စီစဉ်ထားကြောင်း ထိုင်းနိုင်ငံရောက် ရခိုင်တိုင်းရင်းသား အဖွဲ့ အစည်းအချို့ကဆိုသည်။
AA အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ထွန်းမြင့်နိုင်ငံ၏ဇနီးဖြစ်သူ မဇာဇာသည် ဒီဇင်ဘာ(၄)ရက်နေ့၌ ချင်းမိုင် (လဝက)ရုံး၌ ဗီဇာသက်တိုးရန် သွားရောက်မှု၌ ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထိုင်း နိုင်ငံရောက် ရခိုင်တိုင်းရင်းသားအဖွဲ့အစည်းအချို့က အတည်ပြုပြောဆိုသည်။
အဆိုပါသတင်းဖြစ်စဉ်အပေါ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်နှင့် လုံခြုံရေးအဖွဲ့များထံ သီးခြားအတည်ပြုရန် PeopleMedia မှ ဆက်သွယ်လျက်ရှိသည်။
အတည်ပြုချက်ရရှိလျှင် ဆက်လက်ဖော်ပြမည် …
#PeopleMedia #AA