• Follow Us on
Latest News

Home AA နဲ့ တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေစဉ်အတွင်း ရခိုင်ပြည်နယ်က တံတားနှစ်စင်းကို မြန်မာ့တပ်မတော်က ဖျက်ဆီးလိုက်

AA နဲ့ တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေစဉ်အတွင်း ရခိုင်ပြည်နယ်က တံတားနှစ်စင်းကို မြန်မာ့တပ်မတော်က ဖျက်ဆီးလိုက်

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၃

 

ရခိုင်ပြည်နယ်မှာ ရခိုင့်တပ်တော်ခေါ် AA သူပုန်အဖွဲ့ရဲ့ စစ်ရှိန်မြင့်တက်လာမှုကို တုံ့ပြန်တဲ့အနေနဲ့ စစ်တွေမြို့ တော်ကို ဆက်သွယ်ထားတဲ့ မဟာဗျူဟာမြောက် တံတားနှစ်စင်းကို မြန်မာ့တပ်မတော်က ဖျက်ဆီးလိုက်တယ် လို့ ဘင်္ဂလားဒေ့ရှ် Dhaka Tribune မှာ ရေးသားဖော်ပြထားပါတယ်။

 

တနင်္ဂနွေနေ့ (ဖေဖော်ဝါရီလ ၁၁ ရက်နေ့) က စစ်တွေမြို့အဝင်ဖြစ်တဲ့ မင်းချောင်းတံတားကို ဒိုင်းနမိုက်နဲ့ ဖောက်ခွဲဖျက်ဆီးလိုက်သလို ကျောက်တော်မြို့နယ်ရှိ ကစ္စပနဒီတံတားကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်တွေမြို့ ဒေသခံပြည်သူတွေက ပြောကြောင်း The Irrawaddy မှာ ဖော်ပြထားပါတယ်။

 

ဒီတံတားနှစ်စင်းကို ဖျက်ဆီးလိုက်တာဟာ မြန်မာ့တပ်မတော်နဲ့ AA အဖွဲ့ကြား တိုက်ပွဲတွေ ပိုမိုအရှိန်မြင့်တက် လာတာကို ပြသလိုက်တာပဲဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း ထိုးစစ်တွေစတင်ကတည်းက ရခိုင်ပြည်နယ်ထဲမှာ AA အဖွဲ့ဟာ မြို့လေးငါးမြို့ ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

 

AA အဖွဲ့က မြေပြင်ထိုးစစ်တွေမှာ အသာရနေသလို တပ်မတော်ဘက်ကလည်း လေကြောင်းတိုက်ခိုက်မှု၊ ရေ ကြောင်းတိုက်ခိုက်မှုနဲ့ အမြောက်ပစ်ခတ်မှုတွေကို တိုးမြှင့်ဆောင်ရွက်လာခဲ့ပါတယ်။

 

ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ ကပ်နေတဲ့ မောင်တောမြို့နယ်ထဲက အောင်သပြေကျေးရွာအနီးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ တစ်ခုမှာ တစ်ရက်တည်းမှာပဲ မြန်မာ့တပ်မတော်သား ခုနစ်ဦးကျဆုံးခဲ့ကြောင်း AA အဖွဲ့က ပြောပါတယ်။

 

ရေတပ်စစ်သင်္ဘောတွေနဲ့ ကုလားတန်မြစ်ထဲက ကမ်းထိုးရေယာဉ်တွေက ရမ်းဗြဲမြို့နဲ့ အနီးအနားကကျေးရွာ တွေကို တနင်္ဂနွေနေ့က အမြောက်နဲ့ ပစ်ခတ်ခဲ့တယ်လု့ိ ဆိုပါတယ်။

 

စစ်တွေမြို့အနောက်ပိုင်းက မြို့ကို AA အဖွဲ့က ထိန်းချုပ်လိုက်ပြီးနောက်မှာ မင်းပြားမြို့အနီးက မြစ်ကြောင်းတွေ မှာလည်း မြန်မာ့တပ်မတော်က ရေတပ်တပ်ဖွဲ့ဝင်တွေကို တပ်ဖြန့်ချထားခဲ့တယ်လို့ဆိုပါတယ်။

 

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်း ၁၀၂၇ စစ်ဆင်ရေးစတင်ကတည်းက မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ အဖွဲ့ ဝင်အုပ်စုတစ်ခုဖြစ်တဲ့ AA အဖွဲ့ဟာ မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ရာမှာ မကြုံဖူးလောက်အောင် အောင်မြင်မှုတွေရရှိခဲ့ပါတယ်။

 

နှစ်ဖက်စလုံးဟာ မဟာဗျူဟာမြောက်စစ်ကစားနေပြီး ဒေသတွင်းကြီးမားတဲ့ရိုက်ခတ်မှုကြီးတွေ ဖြစ်ပေါ်လာနိုင် တဲ့အထိ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် အခြေအနေတွေက မတည်ငြိမ်သေးဘူးလို့ ဆိုပါတယ်။

 

Ref: Myanmar junta destroys bridges amid Arakan Army advance in Rakhine: Dhaka Tribune

 

#PeopleMedia


Share this post