“AA နဲ့ ARSA ထိတွေ့မှုမရှိတာကိုက ကျွန်တော်တို့ ဘာပြောလို့ရလဲဆိုတော့ ဘုံသေ ဘာတူညီချက်ကို မှန်းဆလို့ ရတယ်။ အဲဒီသဘောတူညီချက်က လွတ်လပ်သော ရခို င်နိုင်ငံတော်မှာ ဘင်္ဂါလီကိုယ်ပိုင်အုပ်ချုပ်ရေးဒေသကို မောင်တောနဲ့ ဘူးသီးတောင် ဒီနှစ်မြို့နယ်မှာ ပေးမယ်ဆိုတဲ့ ကတိက၀တ် သူတို့နှစ်ဖွဲ့ကြားမှာ တည်ဆောက်ပြီးပြီလို့ အခိုင်အမာယုံကြည်တယ်” ဒေါက်တာအောင်မျိုး(မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ)

PUBLISHED - July 24, 2019
“AA အဖွဲ့ရဲ့ အနာဂတ်က ပရုတ်လုံးလို ဖြစ်သွားမယ်” ဒေါက်တာအောင်မျိုး (မြန်မာ့နိုင် ငံရေးလေ့လာသုံးသပ်သူ)
လက်ရှိအချိန်၌ AAအဖွဲ့နှင့် တပ်မတော်တို့သည် ရခိုင်ပြည်နယ်မြေက်ပိုင်းဒေသများ၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေခြင်းကြောင့် စစ်ရှောင်ဦးရေ နေ့စဉ်တိုးတက်လျှက်ရှိ သည်။
ဘူးသီးတောင်၊ မောင်တောဒေသများနှင့် ARSA အကြမ်းဖက်အဖွဲ့သည် တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့များကို မကြာခဏ ခြုံခိုတက်ခိုက်လျှက်ရှိသည်။ သို့သော် AA နှင့် ARSA နှစ်ဖက်တိုက်ပွဲများ ယနေ့အချိန်ထိ ဖြစ်ပေါ်ခြင်းမရှိခြင်းကြောင့် နှစ်ဖွဲ့ ဘုံသေ ဘာတူညီချက် တည်ဆောက်ပြီး တပ်မတော်ကို ပူးပေါင်းတိုက်ခိုက်နေကြောင်း သုံးသပ် မှုများလည်း ယနေ့အချိန်၌ ထွက်ပေါ်လာခဲ့သည်။ ထို့ကြောင့် AA နှင့် ARSA အဖွဲ့တို့၏ ဘုံသဘောတူညီချက် ရှိ – မရှိအပေါ် People Media မှ ဒေါက်တာအောင်မျိုး (မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ)နှင့်တွေ့ဆုံမေးမြန်းခဲ့သည်။
https://www.facebook.com/1120229281493723/videos/2067193556920863/