• Follow Us on

Home AA ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် စစ်တွေမြို့နယ်၊ ရွှေပြည်သာကျေးရွာ ရှိ အခြေခံပညာ မူလတန်း(လွန်) ကျောင်းဝန်းအတွင်းမှ စာသင်ဆောင်များ ပျက်စီး

AA ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် စစ်တွေမြို့နယ်၊ ရွှေပြည်သာကျေးရွာ ရှိ အခြေခံပညာ မူလတန်း(လွန်) ကျောင်းဝန်းအတွင်းမှ စာသင်ဆောင်များ ပျက်စီး

Share this post

နေပြည်တော်၊ မတ် ၁၄

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကျေးတောရွာမအုပ်စု၊ ရွှေပြည်သာကျေးရွာအတွင်းသို့ AA အကြမ်းဖက် သောင်းကျန်းသူများက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာအတွင်းရှိ အခြေခံပညာမူလတန်း (လွန်)ကျောင်းဝန်းအတွင်းမှ စာသင်ဆောင်အဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ AA အကြမ်းဖက်သောင်းကျန်းသူများသည် ယမန်နေ့နံနက် ၉ နာရီ ခွဲခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ခမောင်းတောကျေးရွာဘက်မှ လက်နက်ကြီးများဖြင့် လက်လွတ်စပယ်ပစ်ခတ်မှုကြောင့် စစ်တွေမြို့နယ်၊ ရွှေပြည်သာကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကျေးရွာအတွင်းရှိသော အခြေခံပညာမူလတန်း(လွန်)ကျောင်းဝန်းအတွင်းရှိ စာသင်ဆောင် အဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့ ကြောင်းနှင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

 

AA သောင်းကျန်းသူများအနေဖြင့် တည်ငြိမ်အေးချမ်းလျက်ရှိသော မြို့၊ ရွာ၊ ရပ်ကွက်များအတွင်း လက်နက်ကြီး များ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခြင်း၊ တိုက်ပွဲများဖော်ဆောင်ခြင်း၊ ဒေသကောင်းစားရေးဟု သုံးနှုန်း၍ အမှန် တကယ်တွင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင် လျက်ရှိသည်။

 

#PeopleMedia


Share this post