“AA ဘက်ကလည်း လက်နက်ကြီးရော၊ လက်နက်ငယ်ရော အကုန်သုံးတာပဲ။ ဘယ်သူ့ကြောင့်ဆိုတာတော့ စွပ်စွဲဖို့ ခက်လိမ့်မယ်” ဗိုလ်မှူးချုပ်ဇော်မင်းထွန်း (တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့)
PUBLISHED - May 22, 2019
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၌ မေလ (၁၉) ရက်နေ့က တပ်မတော်နှင့် AA အဖွဲ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ တိုက်ပွဲများကြောင့် ကျောက်တော်မြို့နယ် မျောက်တောင်ကျေးရွာမှာ ၁၀ နှစ်အရွယ် (၄)တန်းကျောင်းသူတစ်ဦး လက်နက်ကြီး ပေါက်ကွဲ ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။
အလားတူ အခြားထိခိုက် ဒဏ်ရရာရရှိမှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုခဲ့ပါတယ်။ အဆိုပါ တိုက်ပွဲအခြေအနေများနှင့် (၄)တန်းကျောင်းသူ သေဆုံး မှုဖြစ်စဉ်ကို ဗိုလ်မှူးချုပ်ဇော်မင်းထွန်း(တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့)နှင့် လူထု မီဒီယာမှ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
https://www.facebook.com/303185163868226/videos/661908970916999/