AA မှ လက်နက်ကြီး၊ Drone များဖြင့် ပစ်ခတ်ခြင်းများကြောင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများပေါ်သို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲကာ ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်
PUBLISHED - January 8, 2024
နေပြည်တော်၊ ဇန်နဝါရီ ၈
ရခိုင်ပြည်နယ် မြို့နယ်အချို့ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ ကြောင့် မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် ရမ်းဗြဲစသည့်မြို့နယ်များတွင် လျှပ်စစ်မီးပြတ်တောက်လျက်ရှိနေသည်ဟု သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိကြောင်း သိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို တပ်မတော်မှ လက် နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုမရှိကြောင်း၊ AA သောင်းကျန်းသူအဖွဲ့မှ တပ်မတော်၏ တပ်၊ စခန်းရှိရာနေရာ များသို့ အဝေးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drone များအသုံးပြုတိုက်ခိုက်ခြင်းများကြောင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများပေါ်သို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲကာ လျှပ်စစ်ဓာတ်အား ပြတ် တောက်မှုများရှိကြောင်း သိရသည်။
#PeopleMedia