• Follow Us on
Latest News

Home AA ရိကၡာဆက္ေၾကးတာ၀န္ခံတစ္ဦးကို တ႐ုတ္လက္ပစ္ဗံုးတစ္လုံုးႏွင့္ အတူ ဖမ္းဆီးရမိ

AA ရိကၡာဆက္ေၾကးတာ၀န္ခံတစ္ဦးကို တ႐ုတ္လက္ပစ္ဗံုးတစ္လုံုးႏွင့္ အတူ ဖမ္းဆီးရမိ

Share this post

ေနျပည္ေတာ္၊ ဇြန္ – ၁၈

ရခိုင္ျပည္နယ္၊ ေက်ာက္ျဖဴၿမိဳ႕နယ္အတြင္း လုံၿခဳံေရးေဆာင္ရြက္ေနသည့္ တပ္ဖြဲ႕ဝင္မ်ားသည္ ရခိုင္လက္နက္ ကိုင္ AA (အၾကမ္းဖက္ေသာင္းက်န္းသူဟုေဖၚျပ)အဖြဲ႕၏ ရိကၡာ၊ ဆက္ေၾကးတာဝန္ခံတစ္ဦး ယခုလ ၁၈ ရက္က တ႐ုတ္လက္ပစ္ဗံုးတစ္လံုးႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း တပ္မေတာ္မွသတင္းထုတ္ျပန္သည္။

ျဖစ္စဥ္မွာ AA ရိကၡာဆက္ေၾကးတာ၀န္ခံလႈပ္ရွားေနေၾကာင္း သတင္းအရ ယခုလ ၁၈ ရက္ မြန္းလြဲပိုင္းအခ်ိန္က ခ်က္ေပါက္ေက်းရြာရွိ ဦးေက်ာ္တင္ေအာင္(ဘ) ဦးငနီပု၏ ေနအိမ္အား ေက်းရြာမွ ရပ္မိရပ္ဖမ်ားႏွင့္အတူ သြား ေရာက္ရွာေဖြစစ္ေဆးခဲ့ရာ ၎အား ေနအိမ္ရွိ ကြပ္ပ်စ္ေပၚတြင္ အနက္ေရာင္ ပလပ္စတစ္အိတ္ျဖင့္ ထုပ္ပိုးထား သည့္ တ႐ုတ္လက္ပစ္ဗုံး ၁ လုံးႏွင့္အတူ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။

ဖမ္းဆီးရမိသူအား ဆက္လက္စစ္ေဆးရာ ၂၀၁၈ ခုႏွစ္၊ မတ္လတြင္ မအီၿမိဳ႕၌ ေနထိုင္သူ ဦးေမာင္ေကးသည္ AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕မွ အဖြဲ႕ဝင္ ၄ ဦးႏွင့္အတူ ေက်းရြာသို႔ ေရာက္ရွိလာသျဖင့္ ေက်းရြာအတြင္း ေငြေၾကးႏွင့္ ဆန္မ်ား ေကာက္ခံေပးခဲ့ေၾကာင္းသိရသည္။

ယင္းေနာက္၎အား ခ်က္ေပါက္ေက်းရြာ၊ ေတာင္ႀကီးေက်းရြာႏွင့္ ခေမာင္းတင္ေက်းရြာမ်ားမွ ေငြေၾကးႏွင့္ ဆန္ မ်ား ေကာက္ခံရန္ တာဝန္ေပးအပ္ခဲ့ၿပီး မအီဘက္သို႔ ျပန္လည္ထြက္ခြာသြား ေၾကာင္း၊ ၎အေနျဖင့္ AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕ထံသို႔ ၂၀၁၉ ခုႏွစ္အထိ ၁ ႏွစ္လွ်င္ သုံးႀကိမ္ခန္႔ ေငြႏွင့္ဆန္မ်ား ေကာက္ခံ ေပးရေၾကာင္းသိရသည္။

ထို႔အျပင္ ၂၀၂၀ ဇြန္ ၁ ရက္ နံနက္ ၁၁ နာရီခန္႔တြင္ ေက်းရြာသို႔ အရပ္ဝတ္မ်ားျဖင့္ လူစိမ္း ၂၀ ဦး ေရာက္ရွိလာ ၿပီး ညေန ၄ နာရီ ၄၅ မိနစ္ခန္႔တြင္ မအီဘက္သို႔ ျပန္လည္ထြက္ခြာသြားခဲ့ေၾကာင္း၊ ၎တို႔အထဲမွ အဖြဲ႕ဝင္ ၁ ဦး သည္ ခ်က္ေပါက္ေက်းရြာမွ ေက်ာ္လြင္ဆိုသူ၏ ေနအိမ္တြင္ ညအိပ္က်န္ခဲ့ၿပီး ေနာက္တစ္ေန႔တြင္ မအီဘက္သို႔ ေက်ာ္လြင္ မွ ဆိုင္ကယ္ျဖင့္ လိုက္ပါပို႔ေဆာင္ေပးခဲ့ေၾကာင္း၊ ေက်ာ္လြင္သည္ AA အၾကမ္းဖက္ေသာင္းက်န္းသူ အဖြဲ႕မွ အဖြဲ႕ဝင္တစ္ဦးျဖစ္ၿပီး ယခင္ထိုင္းႏိုင္ငံတြင္ အလုပ္လုပ္ကိုင္ကာ AA အၾကမ္းဖက္ ေသာင္းက်န္းသူအဖြဲ႕ ထံသို႔ ေထာက္ပံ့မႈမ်ားရွိခဲ့ေၾကာင္း၊ ယခုအခါ ပရိေဘာဂလုပ္ငန္းမ်ား လုပ္ကိုင္လ်က္ရွိေၾကာင္း သိရွိရသည္။

အထက္ပါသိမ္းဆည္းရမိေသာ လက္ပစ္ဗုံးမွာ ေက်ာ္လြင္၏ လက္ပစ္ဗုံးျဖစ္ၿပီး တပ္မေတာ္စစ္ေၾကာင္းမ်ား ဝင္ ေရာက္စစ္ေဆးစဉ္ ဖမ္းဆီးခံရမည္ကို ေၾကာက္လန္႔၍ ဦးေက်ာ္တင္ေအာင္၏ ေနအိမ္တြင္ လာေရာက္ သိုဝွက္ ထားခဲ့ျခင္းျဖစ္ေၾကာင္းႏွင့္ ဖမ္းဆီးရမိသည့္ AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕၏အမာခံ ၁ ဦးအား ဥပေဒ ႏွင့္အညီ အေရးယူေဆာင္ရြက္ႏိုင္ေရး သက္ဆိုင္ရာၿမိဳ႕မရဲစခန္းသို႔ လႊဲေျပာင္းအပ္ႏွံခဲ့ေၾကာင္း သတင္းရရွိသည္။

#PeopleMedia

(unicode)
AA ရိက္ခာဆက်ကြေးတာဝန်ခံတစ်ဦးကို တရုတ်လက်ပစ်ဗုံးတစ်လုံးနှင့် အတူ ဖမ်းဆီးရမိ
…………………………………………………

နေပြည်တော်၊ ဇွန် – ၁၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် ရခိုင်လက်နက် ကိုင် AA (အကြမ်းဖက်သောင်းကျန်းသူဟုဖေါ်ပြ)အဖွဲ့၏ ရိက္ခာ၊ ဆက်ကြေးတာဝန်ခံတစ်ဦး ယခုလ ၁၈ ရက်က တရုတ်လက်ပစ်ဗုံးတစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်မှသတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ AA ရိက္ခာဆက်ကြေးတာဝန်ခံလှုပ်ရှားနေကြောင်း သတင်းအရ ယခုလ ၁၈ ရက် မွန်းလွဲပိုင်းအချိန်က ချက်ပေါက်ကျေးရွာရှိ ဦးကျော်တင်အောင်(ဘ) ဦးငနီပု၏ နေအိမ်အား ကျေးရွာမှ ရပ်မိရပ်ဖများနှင့်အတူ သွား ရောက်ရှာဖွေစစ်ဆေးခဲ့ရာ ၎င်းအား နေအိမ်ရှိ ကွပ်ပျစ်ပေါ်တွင် အနက်ရောင် ပလပ်စတစ်အိတ်ဖြင့် ထုပ်ပိုးထား သည့် တရုတ်လက်ပစ်ဗုံး ၁ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသူအား ဆက်လက်စစ်ဆေးရာ ၂၀၁၈ ခုနှစ်၊ မတ်လတွင် မအီမြို့၌ နေထိုင်သူ ဦးမောင်ကေးသည် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ အဖွဲ့ဝင် ၄ ဦးနှင့်အတူ ကျေးရွာသို့ ရောက်ရှိလာသဖြင့် ကျေးရွာအတွင်း ငွေကြေးနှင့် ဆန်များ ကောက်ခံပေးခဲ့ကြောင်းသိရသည်။

ယင်းနောက်၎င်းအား ချက်ပေါက်ကျေးရွာ၊ တောင်ကြီးကျေးရွာနှင့် ခမောင်းတင်ကျေးရွာများမှ ငွေကြေးနှင့် ဆန် များ ကောက်ခံရန် တာဝန်ပေးအပ်ခဲ့ပြီး မအီဘက်သို့ ပြန်လည်ထွက်ခွာသွား ကြောင်း၊ ၎င်းအနေဖြင့် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ထံသို့ ၂၀၁၉ ခုနှစ်အထိ ၁ နှစ်လျှင် သုံးကြိမ်ခန့် ငွေနှင့်ဆန်များ ကောက်ခံ ပေးရကြောင်းသိရသည်။

ထို့အပြင် ၂၀၂၀ ဇွန် ၁ ရက် နံနက် ၁၁ နာရီခန့်တွင် ကျေးရွာသို့ အရပ်ဝတ်များဖြင့် လူစိမ်း ၂၀ ဦး ရောက်ရှိလာ ပြီး ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် မအီဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း၊ ၎င်းတို့အထဲမှ အဖွဲ့ဝင် ၁ ဦး သည် ချက်ပေါက်ကျေးရွာမှ ကျော်လွင်ဆိုသူ၏ နေအိမ်တွင် ညအိပ်ကျန်ခဲ့ပြီး နောက်တစ်နေ့တွင် မအီဘက်သို့ ကျော်လွင် မှ ဆိုင်ကယ်ဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း၊ ကျော်လွင်သည် AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ယခင်ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ကာ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ ထံသို့ ထောက်ပံ့မှုများရှိခဲ့ကြောင်း၊ ယခုအခါ ပရိဘောဂလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။

အထက်ပါသိမ်းဆည်းရမိသော လက်ပစ်ဗုံးမှာ ကျော်လွင်၏ လက်ပစ်ဗုံးဖြစ်ပြီး တပ်မတော်စစ်ကြောင်းများ ဝင် ရောက်စစ်ဆေးစဉ် ဖမ်းဆီးခံရမည်ကို ကြောက်လန့်၍ ဦးကျော်တင်အောင်၏ နေအိမ်တွင် လာရောက် သိုဝှက် ထားခဲ့ခြင်းဖြစ်ကြောင်းနှင့် ဖမ်းဆီးရမိသည့် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏အမာခံ ၁ ဦးအား ဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာမြို့မရဲစခန်းသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

#PeopleMedia


Share this post