• Follow Us on

Home AA သူပုန်အဖွဲ့တိုက်ခိုက်မှုကြောင့် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၄ ဦး ဘင်္ဂလားဒေ့ရှ်ဘက်ကို ဝင်ရောက် ခိုလှုံ

AA သူပုန်အဖွဲ့တိုက်ခိုက်မှုကြောင့် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၄ ဦး ဘင်္ဂလားဒေ့ရှ်ဘက်ကို ဝင်ရောက် ခိုလှုံ

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၅

 

မြန်မာ့တပ်မတော်နဲ့ လက်နက်ကိုင်သူပုန်အုပ်စုတွေကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ကြားထဲက မြန်မာနယ်ခြား စောင့်တပ်ဖွဲ့ဝင် ၁၄ ဦးထက်မနည်း နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဝင်ရောက်ခိုလှုံလာတယ် လို့ ဘင်္ဂလားဒေ့ရှ် bdnews24.com မှာ ရေးသားဖော်ပြထားပါတယ်။

 

အဲဒီ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဒါဘန်းမြို့နယ် တမ်ဘရူကျေးရွာရှိ ဘင်္ဂလား ဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) စခန်းမှာ ထိန်းသိမ်းထားတယ်လို့ BGB အရာရှိတွေကပြောပါတယ်။

 

“မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ ၁၄ ဦး ဝင်ရောက်ခိုလှုံလာတာဖြစ်ပါတယ်။” လို့ ပြည်ထဲရေးဝန်ကြီး အက်ဆာဒူဇ မန်းခန်းက ပြောပါတယ်။

 

“သိတဲ့အတိုင်းပဲ မြန်မာတပ်ဖွဲ့ဝင်တွေဟာ ရခိုင်သူပုန်အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားနေပါတယ်။ အခုဖြစ်စဉ်တစ်ခုမှာ ဒီ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေက ဒီဘက်ကို ထွက်ပြေးလာပြီး ဝင်ရောက်ခိုလှုံလာတာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ် သက်ပြီး ကျွန်တော်တို့ မြန်မာအစိုးရနဲ့ စကားပြောနေပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

တနင်္ဂနွေနေ့ မွန်းလွဲပိုင်းမှာ တမ်ဘရူနယ်စပ်ဒေသမှာ ပြုလုပ်မယ့် သတင်းစာရှင်းလင်းပွဲမှာ အသေးစိတ်အချက် အလက်တွေကို ထုတ်ပြန်သွားမှာဖြစ်ကြောင်း BGB အဖွဲ့က ပြောပါတယ်။

 

မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်တော်ခေါ် ရခိုင်သူပုန်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ ထိစပ်နေတဲ့ ရခိုင်ပြည်နယ် ထဲမှာ ပြီးခဲ့တဲ့လအနည်းငယ်ကပဲ တိုက်ပွဲတွေစတင်ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။

 

တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် သူပုန်အဖွဲ့တွေက မြို့လေးငါးမြို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းတွေထွက် ပေါ်ခဲ့ပါတယ်။

 

မြန်မာနိုင်ငံထဲမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ဘက်က လက်နက်ငယ်ကျည်တွေ၊ စိန်ပြောင်းကျည်တွေ ဘင်္ဂလား ဒေ့ရှ်နိုင်ငံဘက်ကို ကျရောက်လာတဲ့အတွက် ဘင်္ဂလားဒေ့ရှ်ပြည်သူတွေအနေနဲ့ ကြောက်ရွံ့ထိတ်လန့်နေကြ တယ်လို့ ဆိုပါတယ်။

 

စနေနေ့ညက မြန်မာနိုင်ငံဘက်က တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုက်ခွန်ခါ အပ်ဇီလာနယ်စပ်ဒေ သနဲ့ ပါလောင်ခါလီနယ်စပ်ဒေသက ကျေးရွာလေးငါးရွာမှာ ကြောက်ရွံ့နေကြပြီး တနင်္ဂနွေနေ့ညကလည်း အဲဒီဒေသ ဘက်ကို ကျည်တွေကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။

 

ဂွမ်ဒမ်ယူနီယံနယ်မြေက တမ်ဘရူနယ်စပ်ရွာလေးမှာ မြန်မာဘက်က ကျည်တွေဝင်ရောက်လာပြီး ဘင်္ဂလား ဒေ့ရှ် ရွာသားနှစ်ဦးကို ထိမှန် ခဲ့တဲ့အတွက် အဲဒီရွာသားနှစ်ဦး ဒဏ်ရာရသွားပြီး ရွာသားအများအပြား ကြောက် လန့်တကြား ထွက်ပြေးခဲ့ကြတယ်လို့ ဆိုပါတယ်။

 

ဒဏ်ရာရထားတဲ့ ဘင်္ဂလားဒေ့ရှ်ရွာသားနှစ်ဦးကို အစိုးရရဟတ်ယာဉ်နဲ့ လာရောက်ခေါ်ယူသွားကြောင်း ဂွမ်ဒမ် ယူနီယံကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်သူ ခါလီဒါဘီဂမ်က ပြောပါတယ်။

 

ရခိုင်သူပုန်အဖွဲ့က မြန်မာနယ်ခြားစောင့်တပ်စခန်းကိုဝင်ရောက်တိုက်ခိုက်ပြီး သိမ်းပိုက်လိုက်တဲ့အတွက် မြန်မာ နယ်ခြားစောင့်ရဲ ၁၄ ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာတာဖြစ်ပြီး အဲဒီနယ်ခြားစောင့်ရဲတွေထဲမှာ ၂ ဦး ဒဏ်ရရှိထားကြောင်း ဒေသခံတွေက ပြောပါတယ်။

 

Ref: 14 Myanmar border guards take shelter in Bangladesh as battle rages between military, insurgents

 

#PeopleMedia


Share this post