AA အကြမ်းဖက်အဖွဲ့အား ထောက်ခံအားပေးနေသည့် (အငြိမ်းစား)ရဲမှူးတစ်ဦးအား လုံခြုံရေးတပ်ဖွဲ့များ ဖမ်းဆီး
PUBLISHED - November 30, 2024
နေပြည်တော်၊ နိုဝင်ဘာ ၃၀
AA အကြမ်းဖက်အဖွဲ့ကို ထောက်ခံအားပေးပြီး လူမျိုးရေးလှုံ့ဆော်မှုများ ပြုလုပ်နေသည့် (အငြိမ်းစား) ရဲမှူးတစ်ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သာကေတမြို့နယ်တွင် နိုဝင်ဘာလ ၂၆ ရက်နေ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ဖမ်းဆီးခံသူသည် သာကေတမြို့နယ်၊ အမှတ်(၇) အနောက်ရပ်ကွက်၊ အောင်ချမ်းသာလမ်းတွင် နေထိုင်သည့် (အငြိမ်းစား)ရဲမှူး ဦးရွှေဇံ ၆၇ နှစ် ဖြစ်ကြောင်း သိရသည်။
အဆိုပါ (အငြိမ်းစား)ရဲမှူးသည် ရခိုင်လူမျိုးတစ်ဦးဖြစ်ပြီး၊ ၎င်းသည် AA အကြမ်းဖက်အဖွဲ့ကို ထောက်ခံ အားနေသည့်အပြင် နိုင်ငံရေး၊ လူမျိုးရေး လှုံ့ဆော်သည့်စာများ လူမှုကွန်ရက်စာမျက်နှာတွင် မကြာခဏ ရေးသားလေ့ရှိသူဖြစ်ကြောင်း သိရသည်။
#PeopleMedia