• Follow Us on

Home AA အနေဖြင့် Drone နှင့် ကင်းထောက်ထောက်လှမ်းပြီး WFP ဂိုဒေါင်များကို Drone ဖြင့် ဗုံးကြဲခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား

AA အနေဖြင့် Drone နှင့် ကင်းထောက်ထောက်လှမ်းပြီး WFP ဂိုဒေါင်များကို Drone ဖြင့် ဗုံးကြဲခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား

Share this post

နေပြည်တော်၊ ဇွန် ၂၇

 

AA အနေဖြင့် Drone နှင့် ကင်းထောက်ထောက်လှမ်းပြီး WFP ဂိုဒေါင်များကို Drone ဖြင့် ဗုံးကြဲခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

 

မောင်တော – ဘူးသီးတောင်သွား ကားလမ်း၏ တောင်ဘက်တွင် UNHCR, WFP စသည့် ကုလသမဂ္ဂ အဖွဲ့ အစည်းများ၏ ရုံးများ၊ ဂိုဒေါင်များရှိကြောင်း၊ ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်လာပြီးနောက်ပိုင်း မေလကတည်းက ယင်းနေရာတွင် ရုံးထိုင်သည့် သူများမရှိတော့ဘဲ နယ်မြေခံဘင်္ဂါလီအစောင့်များသာ ထားခဲ့ကြောင်း၊ ယင်းနေရာများနှင့် ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ တပ်မတော်အနေနှင့်လည်း ဝင်ရောက်ခြင်း မရှိဘဲ ဘေးကနေပဲ လုံခြုံရေးဆောင်ရွက်ပေးနေသည့် အနေအထားဖြစ်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

 

“ဒီဇွန်လ ၂၁ ရက်နေ့မှာတော့ မောင်တောမှာရှိတဲ့ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းလုံခြုံရေး အဖွဲ့က ဒီနေရာတွေကို ကင်းလှည့်ရပါတယ်။ ကင်းလှည့်ဆောင်ရွက်တဲ့နေရာမှာ ဒီ WFP ရုံးတွေ၊ ဂိုဒေါင်တွေရဲ့ အရှေ့ ဘက် ဝေသာလီကျေးရွာအရောက်မှာ စိမ့်ဝင်နေတဲ့ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာ ရှိပါတယ်။ အဲဒီလိုတိုက်ပွဲဖြစ်ပွားချိန်မှာ AA အကြမ်းဖက်အဖွဲ့အနေနဲ့ Drone များကို အဓိက သုံးပြီးတော့ တိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီမှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားနေပါတယ်။ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားနေတဲ့အချိန်မှာပဲ AA အကြမ်းဖက် အဖွဲ့အနေနဲ့ အဲဒီ WFP ဂိုဒေါင်တွေကို ဝင်ရောက်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပါတယ်။ အဓိကကတော့ အဲဒီမှာရှိနေတဲ့ ပစ္စည်းတွေကို လုယက်ဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒေသခံဘင်္ဂါလီရွာသားများအနေနဲ့ အဲဒီမှာရှိတဲ့ပစ္စည်းတွေ AA လက်ထဲမရောက်ရှိစေရေးအတွက် အနီးအနား မှာရှိတဲ့ လုံခြုံတဲ့နေရာတွေကို ဇွန်လ ၂၁ ရက်နေ့ကတည်းက စတင်ရွှေ့ပြောင်းခဲ့တယ်ဆိုတာ သိရပါတယ်။ ဇွန်လ ၂၂ ရက်နေ့မှာတော့ ဘယ်လိုရွှေ့ပြောင်းတယ်ဆိုတာကို သိလိုတဲ့အတွက် AA အနေနဲ့ Drone နဲ့ ကင်းထောက်ထောက်လှမ်းပြီး အဲဒီ WFP ဂိုဒေါင်တွေကို Drone နဲ့ ဗုံးကြဲခဲ့တယ်၊ Drop Bomb များချ တိုက်ခိုက်ခဲ့တယ်ဆိုတာကို သိရှိရပါတယ်။ ဒါကြောင့် ဒီဂိုဒေါင်တွေ တချို့မီးလောင်ပျက်စီးခဲ့တယ်ဆိုတာလည်း တွေ့ရှိရပါတယ်။ သူတို့ ထုတ်ပြန်ထားတဲ့ပုံတွေမှာကြည့်ရင်ကို ဒီအချက်အလက်ကို သိသာနိုင်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

 

ဂိုဒေါင်များနှင့် အနီးအနားတွင်ရှိနေသည့် ရုံးများမှာ ကုလသမဂ္ဂအမှတ်အသားကို ဂိုဒေါင်အမိုးများနှင့် ရုံးများမှာ ထင်ထင်ရှားရှားရေးထားတာတွေ့ရကြောင်း၊ သိလျက်နှင့်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ ယင်းသို့ လုပ်ဆောင်ခဲ့၍ ဂိုဒေါင်အမိုးများ Drop Bomb ဒဏ်ကြောင့် ပေါက်ပြဲပေါက်ကွဲပြီး မီးလောင်ခြင်းဖြစ်ကြောင်း၊ ထိုဒေသခံများ သယ်ထုတ်ထားသည့် ဆန်အိတ်များကို ဒေသခံဘင်္ဂါလီ များအနေနဲ့ လုံခြုံရေးတပ်ဖွဲ့များကို လာရောက်သတင်း ပို့ခဲ့ကြောင်း၊ ထိုကြောင့် လုံခြုံရေးတပ်ဖွဲ့များ အနေနှင့် ဇွန်လ ၂၂ ရက်နေ့မှာ မောင်တောမှာရှိသည့် ဒုက္ခသည် များကို ထောက်ပံ့ရန် ရည်ရွယ်ထားသည့် ဆန်အိတ်များဖြစ်သည့်အတွက်ကြောင့် ရပ်ကွက် ၁၊ ၂ ၊ ၃ ၊ ၄ ၊ ကညင်တန်းရပ်ကွက်၊ မောင်နီရပ်ကွက် အဲဒီရပ်ကွက်များမှာရှိသည့် အိမ်ထောင်စု ၂၀၀၀ ကျော်ကို အိမ် ထောင်စုတစ်စုကို တစ်အိတ်စီနှင့် ဆန်အိတ်များကို ဖြန့်ဝေပေးခဲ့ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

 

AA အနေနှင့် ဘူးသီးတောင်မြို့နယ်အတွင်းတွင်ရှိသည့် ဘင်္ဂါလီများကိုလည်း နေအိမ်တွင် မနေနိုင်အောင် နှင်ထုတ်ပြီးဖြစ်ကြောင်း၊ အလားတူပဲ မောင်တောကို တိုက်ခိုက်ရန် လုပ်ဆောင်နေသည့် အချိန်မှာပဲ ဒေသခံ ဘင်္ဂါလီများ၊ ဒုက္ခသည်များကိုထောက်ပံ့ရန် ရည်ရွယ်ထားသည့် ပစ္စည်းများကို လုယူရန် ကြံစည်ခြင်းဖြစ်ပြီး မအောင်မြင်တဲ့အခါတွင် ယခုလိုဂိုဒေါင်ကို Drop Bomb ချပြီး မီးရှို့ခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

 

#PeopleMedia


Share this post