AA အဖြဲ႕မွ ဘူးသီးေတာင္ၿမိဳ႕နယ္ရွိ သံကူကြန္ကရစ္တံတားအား မိုင္းခြဲဖ်က္ဆီး၊ တံတားၾကမ္းခင္း ၂ ေပ ပတ္လည္ေပါက္ ၿပဲပ်က္စီး

PUBLISHED - March 16, 2020
ရန္ကုန္၊ မတ္ – ၁၆
AA အဖြဲ႕မွ ဘူးသီးေတာင္ၿမိဳ႕နယ္ရွိ သံကူကြန္ကရစ္တံတားအား မိုင္းခြဲဖ်က္ဆီးရာ တံတားၾကမ္းခင္း ၂ ေပ ပတ္လည္ခန္႔ ေပါက္ၿပဲပ်က္စီးသြားေၾကာင္း တပ္မေတာ္မွ စစ္ေဆးေတြ႕ရွိခဲ့သည္။
ျဖစ္စဥ္မွာ ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ေအာင္ဘေက်း႐ြာအနီး ေညာင္ေခ်ာင္း – ေစတီျပင္သြား ကားလမ္းေပၚရွိ အရွည္ ၂ဝ ေပ၊ အက်ယ္ ၁၄ ေပ၊ အျမင့္ ၅ ေပရွိ သံကူကြန္ကရစ္ တံတားအား AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕မ်ားမွ ယေန႔နံနက္ မြန္းလြဲပိုင္းအခ်ိန္ခန္႔တြင္ မိုင္းခြဲဖ်က္ဆီးခဲ့ျခင္းျဖစ္သည္။
အဆိုပါမိုင္းခြဲခံရသည့္တံတားသို႔ တပ္မေတာ္မွ သြားေရာက္စစ္ေဆးရာ တံတားၾကမ္းခင္း ၂ ေပပတ္လည္ခန႔္ ပ်က္စီးခဲ့သည္။
ပ်က္စီးသည့္ တံတားေအာက္တြင္ ဝိုင္ယာႀကိဳးအစအနမ်ားကို တပ္မေတာ္မွ သိမ္းဆည္းခဲ့သည္။
အဆိုပါနယ္ေျမတစ္ဝိုက္အား တပ္မေတာ္မွ နယ္ေျမလုံၿခဳံေရးေဆာင္႐ြက္လ်က္ရွိသည္။
Photo – AA စစ္စခန္း
#PeopleMedia
(Unicode)
AA အဖွဲ့မှ ဘူးသီးတောင်မြို့နယ်ရှိ သံကူကွန်ကရစ်တံတားအား မိုင်းခွဲဖျက်ဆီး၊ တံတားကြမ်းခင်း ၂ ပေ ပတ်လည်ပေါက် ပြဲပျက်စီး
………………………………………………………
ရန်ကုန်၊ မတ် – ၁၆
AA အဖွဲ့မှ ဘူးသီးတောင်မြို့နယ်ရှိ သံကူကွန်ကရစ်တံတားအား မိုင်းခွဲဖျက်ဆီးရာ တံတားကြမ်းခင်း ၂ ပေ ပတ်လည်ခန့် ပေါက်ပြဲပျက်စီးသွားကြောင်း တပ်မတော်မှ စစ်ဆေးတွေ့ရှိခဲ့သည်။
ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ အောင်ဘကျေးရွာအနီး ညောင်ချောင်း – စေတီပြင်သွား ကားလမ်းပေါ်ရှိ အရှည် ၂ဝ ပေ၊ အကျယ် ၁၄ ပေ၊ အမြင့် ၅ ပေရှိ သံကူကွန်ကရစ် တံတားအား AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များမှ ယနေ့နံနက် မွန်းလွဲပိုင်းအချိန်ခန့်တွင် မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
အဆိုပါမိုင်းခွဲခံရသည့်တံတားသို့ တပ်မတော်မှ သွားရောက်စစ်ဆေးရာ တံတားကြမ်းခင်း ၂ ပေပတ်လည်ခန့် ပျက်စီးခဲ့သည်။
ပျက်စီးသည့် တံတားအောက်တွင် ဝိုင်ယာကြိုးအစအနများကို တပ်မတော်မှ သိမ်းဆည်းခဲ့သည်။
အဆိုပါနယ်မြေတစ်ဝိုက်အား တပ်မတော်မှ နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည်။
Photo – AA စစ်စခန်း
#PeopleMedia