AA အဖြဲ႕ႏွင့္ ဆက္သြယ္၍ သတင္းထုတ္လႊင့္ခဲ့သည့္ VOM သတင္းဌာန၏ အယ္ဒီတာခ်ဳပ္ကုိ ညအခ်ိန္၌ ဖမ္းဆီး၊ ယေန႔ နံနက္ တရား႐ုံး၌ ခ်ဳပ္ရက္ ရမာန္ယူ

PUBLISHED - March 31, 2020
မႏၱေလး၊ မတ္ – ၃၁
AA အဖြဲ႕ႏွင့္ ဆက္သြယ္၍ သတင္းထုတ္လႊင့္ခဲ့သည့္ VOM သတင္းဌာန၏ အယ္ဒီတာခ်ဳပ္ကုိ မတ္(၃၀)ရက္ ညအခ်ိန္၌ ဖမ္းဆီးခဲ့ၿပီး ယေန႔ နံနက္၌ ခ်မ္းျမသာစည္ တရား႐ုံး၌ ခ်ဳပ္ရက္ ရမာန္ယူယူခဲ့ပါတယ္။
တရား႐ုံးက ခ်ဳပ္ရက္အျဖစ္ မတ္လ ၃၀ ရက္ေန႔မွ ဧၿပီလ ၉ရက္ေန႔အထိ ခ်ဳပ္ပ္ရမာန္ေပးထားပါတယ္။ မတ္လ (၂၇) ရက္၌ VOM သတင္းဌာနသည္ AA အဖြဲ႕ႏွင့္ ဆက္သြယ္၍ “ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြကေတာ့ ရပ္ တန္႔သြားၿပီ” ေခါင္းစဥ္ျဖင့္ ေဖာ္ျပခဲ့တာလည္းျဖစ္ပါတယ္။
ထုိသုိ႔ေဖာ္ျပၿပီးေနာက္ VOM သတင္းဌာန အယ္ဒီတာခ်ဳပ္ မတ္(၃၀)ရက္၌ ည (၁၀) နာရီခန္႔၌ မႏၲေလးတိုင္း သတင္းရဲတပ္ဖြဲ႕က ၀င္ေရာက္ဖမ္းဆီးခဲၿပီး အမွတ္ ၁၀ ရဲစခန္းတြင္ သတင္းရဲတပ္ဖြဲ႕မွ ဒုရဲမွဴးႀကီး ခင္ေမာင္၀င္း က တရားလိုျပဳလုပ္၍ အၾကမ္းဖက္တိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၀(က)၊ ၅၂(က)အမႈဖြင့္ခဲ့တာလည္း ျဖစ္ပါ တယ္။
“ဒီအမႈနဲ႔ပတ္သက္ၿပီးေတာ့ ဒီကေန႔ ဦးေနလင္းေခၚ ေနမ်ိဳးလင္းကို အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၀(က)နဲ႕၅၂(က)အရ ခ်မ္းျမသာစည္ၿမိဳ႕နယ္ အမွတ္ ၁၀ ၿမိဳ႕မရဲစခန္းကေနၿပီးေတာ့ ခ်ဳပ္မိန္႔ေတာင္းခံတဲ့ အတြက္ ခ်ဳပ္မိန္႔ေပးထားတယ္”ဟု ခ်မ္းျမသာစည္ၿမိဳ႕နယ္ တရား႐ုံး ျပန္ၾကားေရးအရာရွိ ၿမိဳ႕နယ္တရားသူႀကီး ဦးေက်ာ္စြာလင္းကေျပာပါတယ္။
အလားတူ မတ္လ ၃၁ ရက္ေန႔တြင္ VOM သတင္းဌာန႐ုံးခန္းကိုရဲတပ္ဖြဲ႕မွ ၀င္ေရာက္စစ္ေဆးခဲ့ၿပီး လက္ေတာ့ အပါအ၀င္ ဆက္စပ္ပစၥည္းအခ်ိဳ႕ကို သိမ္းဆည္းသြားခဲ့ပါတယ္။ ကိုေနမ်ိဳးလင္း၏ ဇနီးျဖစ္သူ မဇာနည္မာန္က “အခု ဖြင့္ထားတဲ့ပုဒ္မေတြက သတင္းသမားနဲ႔ ဘာမွမပတ္သက္ဘူး။ ဒါဟာ မျဖစ္သင့္ဘူး”လုိ႔ ေျပာပါတယ္။
AA အဖြဲ႕ကုိ ျပည္ေထာင္စုအစုိးမွ အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ ၿပီးခဲ့သည့္ရက္ပုိင္းက ထုတ္ျပန္ထားၿပီးလည္း ျဖစ္ပါတယ္။ အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၀(က)သည္အနည္းဆုံး ေထာင္ဒဏ္ ၁၀ ႏွစ္မွ တစ္ သက္တစ္ကြၽန္းထိ ခ်မွတ္နိုင္ၿပီ ၅၂(က)ကေတာ့ အနည္းဆုံး ေထာင္ဒဏ္ ၃ ႏွစ္ကေနေထာင္ဒဏ္ ၇ ႏွစ္အထိ ခ်မွတ္နိုင္ပါတယ္။
ေအာင္ေအာင္(မန္း)
#PeopleMedia
(Unicode)
AA အဖွဲ့နှင့် ဆက်သွယ်၍ သတင်းထုတ်လွှင့်ခဲ့သည့် VOM သတင်းဌာန၏ အယ်ဒီတာချုပ်ကို ညအချိန်၌ ဖမ်းဆီး၊ ယနေ့ နံနက် တရားရုံး၌ ချုပ်ရက် ရမာန်ယူ
………………………………………………………
မန္တလေး၊ မတ် – ၃၁
AA အဖွဲ့နှင့် ဆက်သွယ်၍ သတင်းထုတ်လွှင့်ခဲ့သည့် VOM သတင်းဌာန၏ အယ်ဒီတာချုပ်ကို မတ်(၃၀)ရက် ညအချိန်၌ ဖမ်းဆီးခဲ့ပြီး ယနေ့ နံနက်၌ ချမ်းမြသာစည် တရားရုံး၌ ချုပ်ရက် ရမာန်ယူယူခဲ့ပါတယ်။
တရားရုံးက ချုပ်ရက်အဖြစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၉ရက်နေ့အထိ ချုပ်ပ်ရမာန်ပေးထားပါတယ်။ မတ်လ (၂၇) ရက်၌ VOM သတင်းဌာနသည် AA အဖွဲ့နှင့် ဆက်သွယ်၍ “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကတော့ ရပ် တန့်သွားပြီ” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။
ထိုသို့ဖော်ပြပြီးနောက် VOM သတင်းဌာန အယ်ဒီတာချုပ် မတ်(၃၀)ရက်၌ ည (၁၀) နာရီခန့်၌ မန္တလေးတိုင်း သတင်းရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲပြီး အမှတ် ၁၀ ရဲစခန်းတွင် သတင်းရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ခင်မောင်ဝင်း က တရားလိုပြုလုပ်၍ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၂(က)အမှုဖွင့်ခဲ့တာလည်း ဖြစ်ပါ တယ်။
“ဒီအမှုနဲ့ပတ်သက်ပြီးတော့ ဒီကနေ့ ဦးနေလင်းခေါ် နေမျိုးလင်းကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)နဲ့၅၂(က)အရ ချမ်းမြသာစည်မြို့နယ် အမှတ် ၁၀ မြို့မရဲစခန်းကနေပြီးတော့ ချုပ်မိန့်တောင်းခံတဲ့ အတွက် ချုပ်မိန့်ပေးထားတယ်”ဟု ချမ်းမြသာစည်မြို့နယ် တရားရုံး ပြန်ကြားရေးအရာရှိ မြို့နယ်တရားသူကြီး ဦးကျော်စွာလင်းကပြောပါတယ်။
အလားတူ မတ်လ ၃၁ ရက်နေ့တွင် VOM သတင်းဌာနရုံးခန်းကိုရဲတပ်ဖွဲ့မှ ဝင်ရောက်စစ်ဆေးခဲ့ပြီး လက်တော့ အပါအဝင် ဆက်စပ်ပစ္စည်းအချို့ကို သိမ်းဆည်းသွားခဲ့ပါတယ်။ ကိုနေမျိုးလင်း၏ ဇနီးဖြစ်သူ မဇာနည်မာန်က “အခု ဖွင့်ထားတဲ့ပုဒ်မတွေက သတင်းသမားနဲ့ ဘာမှမပတ်သက်ဘူး။ ဒါဟာ မဖြစ်သင့်ဘူး”လို့ ပြောပါတယ်။
AA အဖွဲ့ကို ပြည်ထောင်စုအစိုးမှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ထားပြီးလည်း ဖြစ်ပါတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)သည်အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ တစ် သက်တစ်ကျွန်းထိ ချမှတ်နိုင်ပြီ ၅၂(က)ကတော့ အနည်းဆုံး ထောင်ဒဏ် ၃ နှစ်ကနေထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်ပါတယ်။
အောင်အောင်(မန်း)