• Follow Us on

Home AA အဖွဲ့က စစ်တွေမြို့၊ ကသဲရပ်ကွက်အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် တစ်ဦးအပါအဝင် ဒေသခံ ၅ ဦး သေဆုံး ၉ ဦး ထိခိုက်ဒဏ်ရာရရှိ

AA အဖွဲ့က စစ်တွေမြို့၊ ကသဲရပ်ကွက်အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် တစ်ဦးအပါအဝင် ဒေသခံ ၅ ဦး သေဆုံး ၉ ဦး ထိခိုက်ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ မတ် ၁၁

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကသဲရပ်ကွက်အတွင်းသို့ AA အကြမ်းဖက် သောင်းကျန်းသူများက လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ဒေသခံပြည်သူ ၉ ဦး ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ AA အကြမ်းဖက်သောင်းကျန်းသူများသည် မတ်လ ၉ ရက် ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် ပေါက် တောမြို့နယ်၊ သဲခုံကျေးရွာ၏ အနောက်ဘက်အရပ်မှ လက်နက်ကြီးများဖြင့် လက်လွတ်စပယ်ပစ်ခတ်မှုကြောင့် စစ်တွေမြို့၊ ကသဲရပ်ကွက်အတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ရပ်ကွက်အတွင်း အေးချမ်း စွာ နေထိုင်လျက်ရှိသော အသက် ၁၂ နှစ်အရွယ်ကလေးငယ်တစ်ဦး အပါအဝင်ဒေသခံပြည်သူ ၅ ဦး သေဆုံး ခဲ့ကာ ကလေးငယ် ၃ ဦးအပါအဝင်ဒေသခံပြည်သူ ၉ ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဒဏ်ရာရရှိသူများအား တာဝန်ရှိသူများနှင့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များက စစ်တွေမြို့နယ်၊ ပြည်သူ့ဆေးရုံကြီး (ခုတင်-၅၀၀) သို့ အရေးပေါ်ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post