AA အား အကြမ်းဖက်အဖွဲ့အစည်းမှ ပယ်ဖျက်ပေးရန်အဆိုကို ကန့်ကွက်သူမရှိ လွှတ်တော်၌အတည်ပြု

PUBLISHED - January 14, 2021
ရခိုင်၊ ဇန်နဝါရီ ၁၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
AA ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ပယ်ဖျက်ရေးအဆို တင်သွင်းထားခြင်းကို ယနေ့ကျင်းပပြုလုပ်သည့် ရခိုင် ပြည်နယ်လွှတ်တော် ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် တတိယနေ့တွင် ကန့်ကွက်သည့် လွှတ်တော်ကိုယ်စားလှယ်မရှိဘဲ အတည်ပြုခဲ့သည်။
ဇန်နဝါရီလ ၁၁ ရက်နေ့က ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဦးထွန်းသာစိန်မှ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က သတ်မှတ်ကြေညာထားသော ULA/AA အား ငြိမ်းချမ်း ရေး တည်ဆောက်နိုင်ရန် အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ပယ်ဖျက်ပေးရန် ပြည်နယ်အစိုးရမှတစ်ဆင့် ပြည် ထောင်စုအစိုးရသို့ တိုက်တွန်းသည့်အဆိုကို တင်သွင်းခဲ့ခြင်းဖြစ်သည်။
ယင်းအဆိုကို ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ထောက်ခံခဲ့ ခြင်းကြောင့် ယနေ့လွှတ်တော်အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ် (၇) ဦးက ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ထိုသို့ဆွေးနွေးကြခြင်းအပေါ် ကိုယ်စားလှယ်များက ကန့်ကွက်သူမရှိသည့်အတွက် လွှတ်တော်တွင် အတည်ပြု ခဲ့ခြင်းဖြစ်သည်။
AA မှာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အစိုးရမှ ကြေညာထားသည့် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။
AA မှ ဖမ်းဆီးထားသည့် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦးကို ယခုလဆန်းပိုင်းတွင် ပြန် လည်လွှတ်ပေးပြီးနောက် ရခိုင်ပြည်နယ်လွှတ်တော်တွင် AA ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ပယ်ဖျက်ရန် အဆိုတင်သွင်းခဲ့ကြခြင်း ဖြစ်သည်။
Photo – AA
#PeopleMedia #AA
(unicode)
……………………………………………………..
Photo – AA
#PeopleMedia #AA