• Follow Us on

Home AA မွဖမ္းဆီးသြားသည့္ NLD ပါတီလႊတ္ေတာ္ကိုယ္စားလွယ္ ၂ ဦးႏွင့္ ပါတီကိုယ္စားလွယ္ေလာင္း ၁ ဦးမွာ စစ္သုံ႔ပန္းမ်ားမဟုတ္ေၾကာင္း မုံရြာဦးေအာင္ရွင္ ေျပာဆို

AA မွဖမ္းဆီးသြားသည့္ NLD ပါတီလႊတ္ေတာ္ကိုယ္စားလွယ္ ၂ ဦးႏွင့္ ပါတီကိုယ္စားလွယ္ေလာင္း ၁ ဦးမွာ စစ္သုံ႔ပန္းမ်ားမဟုတ္ေၾကာင္း မုံရြာဦးေအာင္ရွင္ ေျပာဆို

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၂၁
 
AA မွဖမ္းဆီးသြားသည့္ NLD ပါတီလႊတ္ေတာ္ကိုယ္စားလွယ္ ၂ ဦးႏွင့္ ပါတီကိုယ္စားလွယ္ေလာင္း ၁ ဦးမွာ စစ္ သုံ႔ပန္းမ်ားမဟုတ္ေၾကာင္း NLD ပါတီဗဟိုျပန္ၾကားေရးေကာ္မတီ၀င္ မုံရြာေအာင္ရွင္က ေျပာပါတယ္။
 
ေအာက္တိုဘာ ၁၉ ရက္ညပိုင္းက ထုတ္ျပန္သည့္ AA ရဲ့ ေၾကညာခ်က္တြင္ NLD အစိုးရအေနနဲ႔ ဖမ္းဆီးထားတဲ့ နိုင္ငံေရးသမားေတြ၊ အျပစ္မဲ့ျပည္သူေတြ၊ ေက်ာင္းသားေတြ ျပန္လႊတ္ေပးမယ္ဆိုရင္ ဒီအမတ္ေလာင္း သုံးေယာက္ကိုလည္း ျပန္လႊတ္ေပးမယ္လို႔ AA က ဒီကေန႔ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားတာပါ။ AA အေနနဲ႔ စစ္သုံ႔ပန္း လဲလွယ္ေရးမူကို ဆက္ၿပီးဆုပ္ကိုင္ထားတယ္လို႔လည္း ဆိုပါတယ္။
 
“အဲဒီဟာကမျဖစ္နိုင္ပါဘူး။ သူတို႔ရဲ႕အဆိုျပဳခ်က္က မျဖစ္နိုင္ပါဘူး။ ေနာက္သူတို႔အသုံးအႏႈန္းကလည္း ဒီသုံ႔ပန္းခ်င္းလဲတဲ့ပုံစံမ်ိဳးနဲ႔ ေျပာတဲ့ဟာက ဘယ္လိုမွပိုၿပီးေတာ့ေတာင္ မျဖစ္နိုင္ေသးတယ္။ ဒီလႊတ္ေတာ္ ကိုယ္စားလွယ္ေတြက စစ္တိုက္ရင္းနဲ႔ စစ္ပြဲကမိတဲ့လူမွမဟုတ္တာ။ သုံ႔ပန္းလည္းမဟုတ္ဘူး။ အဲဒီေတာ့ ဒီဟာကမေအာင္ျမင္နိုင္ပါဘူး”လို႔ NLD ပါတီဗဟိုျပန္ၾကားေရးေကာ္မတီ၀င္ မုံရြာေအာင္ရွင္က ေျပာပါတယ္။
 
ျဖစ္စဥ္မွာ ေတာင္ကုတ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ေနရာအတြက္ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ေဒၚနီနီေမျမင့္၊ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ေဒၚခ်စ္ခ်စ္ေခ်ာနဲ႔ ျပည္နယ္လႊတ္ေတာ္အတြက္ ယွဥ္ၿပိဳင္မယ့္ ဦးမင္းေအာင္တို႔ သုံးဦး ေတာင္ကုတ္ၿမိဳ႕နယ္ ေဖာင္းခါးေက်းရြာမွာ မဲဆြယ္စည္း႐ုံးေရးဆင္းေနခ်ိန္ ေအာက္ တိုဘာလ (၁၄) ရက္ေန႔မွာ လက္နက္ကိုင္ထားတဲ့ AA တပ္ဖြဲ႕ဝင္ေတြက ဖမ္းဆီးသြားၿပီးေနာက္ AA က ဒီကေန႔မွာ တရားဝင္ေၾကညာခ်က္ ထုတ္ျပန္လိုက္တာလည္း ျဖစ္ပါတယ္။
 
ဆက္လက္ၿပီး ထုတ္ျပန္ခ်က္မွာ အစိုးရအား AA မွစိန္ေခၚမႈတစ္ရပ္ျဖစ္ေနမလားဆိုသည္ကို NLD ပါတီ ဗဟိုျပန္ၾကားေရးေကာ္မတီ၀င္ မုံရြာေအာင္ရွင္က “သူတို႔ကေတာ့ အစိုးရကိုအျမဲတမ္းစိန္ေခၚေနတာပဲ။ ဒါကေတာ့ အခုမွမဟုတ္ပါဘူး။ အၾကမ္းဖက္အုပ္စုအေနနဲ႔ သတ္မွတ္ ထားတဲ့အခါက်ေတာ့ AA နဲ႔ေဆြးေႏြးဖို႔ဆိုတာ ေတာ္ေတာ္ေလး ခက္လာတယ္။ သို႔ေသာ္လည္းပဲ AA က သူ႔ မဟာမိတ္ေတြရွိတယ္။ သူ႔မဟာမိတ္ေတြကေနတစ္ဆင့္ ေဆြးေႏြးေပါ့၊ ေဆြးေႏြးခ်င္ရင္ေတာ့။ တိုက္ရိုက္ေတာ့ မေဆြးေႏြးနိုင္ရင္ ေတာင္မွ သူ႔မဟာမိတ္ေတြကေန ေဆြးေႏြးေပါ့”လို႔ ဆိုပါတယ္။
 
ထို႔အျပင္ ၎တို႔ေတာင္းဆိုသည့္အခ်က္ကိုေတာ့ လက္မခံေၾကာင္းနဲ႔ နိုင္ငံေရးျပႆနာကို နိုင္ငံေရးနည္းနဲ႔ပဲ ေျဖရွင္းပါလို႔ ၎မွဆက္လက္ေျပာပါတယ္။
 
၂၀၁၉ ခုႏွစ္တြင္ ယခုကဲ့သို႔ AA အဖြဲ႕မွ NLD ပါတီဘူးသီးေတာင္ၿမိဳ႕နယ္ဥကၠ႒ ဦးရဲသိန္းအား ဖမ္းဆီးခဲ့ရာေသ ဆုံးခဲ့ၿပီး ခ်င္းျပည္နယ္၊ ပလက္ျဝမို႔နယ္မွ NLD ပါတီ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႕တင္းကိုလည္း ဖမ္းဆီးခဲ့ၿပီးေနာက္ ႏွစ္လေက်ာ္အၾကာတြင္ ျပန္လည္လႊတ္ေပးခဲ့သည့္ ျဖစ္စဥ္မ်ားလည္း ရွိခဲ့ပါတယ္။
 
#PeopleMedia #AA #NLD #political
 
(unicode)
AA မှဖမ်းဆီးသွားသည့် NLD ပါတီလွှတ်တော်ကိုယ်စားလှယ် ၂ ဦးနှင့် ပါတီကိုယ်စားလှယ်လောင်း ၁ ဦးမှာ စစ်သုံ့ပန်းများမဟုတ်ကြောင်း မုံရွာဦးအောင်ရှင် ပြောဆို
………………………………………………………………
 
ရန်ကုန်၊ အောက်တိုဘာ ၂၁
 
AA မှဖမ်းဆီးသွားသည့် NLD ပါတီလွှတ်တော်ကိုယ်စားလှယ် ၂ ဦးနှင့် ပါတီကိုယ်စားလှယ်လောင်း ၁ ဦးမှာ စစ် သုံ့ပန်းများမဟုတ်ကြောင်း NLD ပါတီဗဟိုပြန်ကြားရေးကော်မတီဝင် မုံရွာအောင်ရှင်က ပြောပါတယ်။
 
အောက်တိုဘာ ၁၉ ရက်ညပိုင်းက ထုတ်ပြန်သည့် AA ရဲ့ ကြေညာချက်တွင် NLD အစိုးရအနေနဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံရေးသမားတွေ၊ အပြစ်မဲ့ပြည်သူတွေ၊ ကျောင်းသားတွေ ပြန်လွှတ်ပေးမယ်ဆိုရင် ဒီအမတ်လောင်း သုံးယောက်ကိုလည်း ပြန်လွှတ်ပေးမယ်လို့ AA က ဒီကနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားတာပါ။ AA အနေနဲ့ စစ်သုံ့ပန်း လဲလှယ်ရေးမူကို ဆက်ပြီးဆုပ်ကိုင်ထားတယ်လို့လည်း ဆိုပါတယ်။
 
“အဲဒီဟာကမဖြစ်နိုင်ပါဘူး။ သူတို့ရဲ့အဆိုပြုချက်က မဖြစ်နိုင်ပါဘူး။ နောက်သူတို့အသုံးအနှုန်းကလည်း ဒီသုံ့ပန်းချင်းလဲတဲ့ပုံစံမျိုးနဲ့ ပြောတဲ့ဟာက ဘယ်လိုမှပိုပြီးတော့တောင် မဖြစ်နိုင်သေးတယ်။ ဒီလွှတ်တော် ကိုယ်စားလှယ်တွေက စစ်တိုက်ရင်းနဲ့ စစ်ပွဲကမိတဲ့လူမှမဟုတ်တာ။ သုံ့ပန်းလည်းမဟုတ်ဘူး။ အဲဒီတော့ ဒီဟာကမအောင်မြင်နိုင်ပါဘူး”လို့ NLD ပါတီဗဟိုပြန်ကြားရေးကော်မတီဝင် မုံရွာအောင်ရှင်က ပြောပါတယ်။
 
ဖြစ်စဉ်မှာ တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်နီနီမေမြင့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောနဲ့ ပြည်နယ်လွှတ်တော်အတွက် ယှဉ်ပြိုင်မယ့် ဦးမင်းအောင်တို့ သုံးဦး တောင်ကုတ်မြို့နယ် ဖောင်းခါးကျေးရွာမှာ မဲဆွယ်စည်းရုံးရေးဆင်းနေချိန် အောက် တိုဘာလ (၁၄) ရက်နေ့မှာ လက်နက်ကိုင်ထားတဲ့ AA တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားပြီးနောက် AA က ဒီကနေ့မှာ တရားဝင်ကြေညာချက် ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။
 
ဆက်လက်ပြီး ထုတ်ပြန်ချက်မှာ အစိုးရအား AA မှစိန်ခေါ်မှုတစ်ရပ်ဖြစ်နေမလားဆိုသည်ကို NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီဝင် မုံရွာအောင်ရှင်က “သူတို့ကတော့ အစိုးရကိုအမြဲတမ်းစိန်ခေါ်နေတာပဲ။ ဒါကတော့ အခုမှမဟုတ်ပါဘူး။ အကြမ်းဖက်အုပ်စုအနေနဲ့ သတ်မှတ် ထားတဲ့အခါကျတော့ AA နဲ့ဆွေးနွေးဖို့ဆိုတာ တော်တော်လေး ခက်လာတယ်။ သို့သော်လည်းပဲ AA က သူ့ မဟာမိတ်တွေရှိတယ်။ သူ့မဟာမိတ်တွေကနေတစ်ဆင့် ဆွေးနွေးပေါ့၊ ဆွေးနွေးချင်ရင်တော့။ တိုက်ရိုက်တော့ မဆွေးနွေးနိုင်ရင် တောင်မှ သူ့မဟာမိတ်တွေကနေ ဆွေးနွေးပေါ့”လို့ ဆိုပါတယ်။
 
ထို့အပြင် ၎င်းတို့တောင်းဆိုသည့်အချက်ကိုတော့ လက်မခံကြောင်းနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းပါလို့ ၎င်းမှဆက်လက်ပြောပါတယ်။
 
၂၀၁၉ ခုနှစ်တွင် ယခုကဲ့သို့ AA အဖွဲ့မှ NLD ပါတီဘူးသီးတောင်မြို့နယ်ဥက္ကဋ္ဌ ဦးရဲသိန်းအား ဖမ်းဆီးခဲ့ရာသေ ဆုံးခဲ့ပြီး ချင်းပြည်နယ်၊ ပလက်ဝြမို့နယ်မှ NLD ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကိုလည်း ဖမ်းဆီးခဲ့ပြီးနောက် နှစ်လကျော်အကြာတွင် ပြန်လည်လွှတ်ပေးခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့ပါတယ်။
 
#PeopleMedia #AA #NLD #political

Share this post