• Follow Us on

Home AA မှ ပြန်လွှတ်ပေးသူများကို စစ်ဆေးခဲ့ကြောင်း အမှတ်(၃)နယ်ခြားစောင့် အတည်ပြု


Share this post

ရန်ကုန်၊ နိုဝင်ဘာ – ၆






#PeopleMedia #AA

(unicode)
AA မှ ပြန်လွှတ်ပေးသူများကို စစ်ဆေးခဲ့ကြောင်း အမှတ်(၃)နယ်ခြားစောင့် အတည်ပြု
……………………………………………………

ရန်ကုန်၊ နိုဝင်ဘာ – ၆

ရခိုင်လက်နက်ကိုင်အဖွဲ့(AA)မှ ပြန်လွှတ်သည့် အရပ်သား (၂၂)ဦး စစ်ဆေးခဲ့ကြောင်း ဘူးသီးတောင်မြို့ အမှတ်(၃) နယ်ခြားစောင့်မှ အတည်ပြုသည်။

“ဘူးသီးတောင်ရောက်တဲ့ ၂၂ ယောက်ကို စစ်ဆေးတာပါ။ ပြီးရင် အိမ်အရောက် ပို့ပေးမှာပါ”ဟု နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုသည်။

အောက်တိုဘာလ (၂၆)ရက်နေ့၌ AA အဖွဲ့သည် ရွှေနဒီအမြန်ရေယာဉ်ပေါ်မှ လိုက်ပါလာသည့် တပ်မတော် သား၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်၊ နိုင်ငံဝန်ထမ်းများနှင့် ခရီးသည်အချို့ကို ဖမ်းဆီးခဲ့သည်။

အဆိုပါဖမ်းဆီးခဲ့သူများအနက် နိုဝင်ဘာ(၅)ရက်နေ့၌ အရပ်သား(၂၅)ဦးကို ပြန်လည်လွတ်ပေးခဲ့ခြင်းဖြစ်သည်။

ရခိုင်လက်နက်ကိုင်အဖွဲ့မှ ပြန်လွှတ်ပေးသူများသည် ရသေ့တောင်မြို့နယ်၌ နေထိုင်သူ (၃) ဦး၊ ဘူးသီးတောင် မြို့နယ်နေ (၂၂) ဦးတို့ဖြစ်သည်။

#PeopleMedia #AA


Share this post