• Follow Us on

Home AA လက္ခ်က္ေၾကာင့္ WHO ယာဥ္ေမာင္း မင္းျပားေဆး႐ုံ၌ ယေန႔ ကြယ္လြန္

AA လက္ခ်က္ေၾကာင့္ WHO ယာဥ္ေမာင္း မင္းျပားေဆး႐ုံ၌ ယေန႔ ကြယ္လြန္

Share this post

ရန္ကုန္၊ ဧၿပီ-၂၁

AA လက္ခ်က္ေၾကာင့္ WHO ယာဥ္ေမာင္း မင္းျပားေဆး႐ုံ၌ ယေန႔ကြယ္လြန္ခဲ့သည္။

ျဖစ္စဥ္မွာ ရခိုင္ျပည္နယ္အတြင္းရွိ ၿမိဳ့နယ္မ်ားမွ ကိုဗစ္ – ၁၉ ေရာဂါ ေစာင့္ၾကည့္ခံရသူမ်ား၏ ႏွာေခါင္း၊ အာေခါင္တို့ဖတ္ နမူနာမ်ားအား ရန္ကုန္ၿမိဳ့သို့ ပို့ေဆာင္ရန္ ထြက္ခြာလာသည့္ WHO ပိုင္ UN တံဆိပ္ပါ ေမာ္ေတာ္ယာဥ္အား ယေန႔တြင္ မင္းျပားၿမိဳ့နယ္၌ ULA/AA အၾကမ္းဖက္အဖြဲ႕က လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္သျဖင့္ အရပ္သားဝန္ထမ္းႏွစ္ဉီး ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာနက ဧၿပီ ၂၀ ၌ ထုတ္ျပန္ခဲ့သည္။

ျပန္ၾကားေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ စစ္ေတြၿမိဳ့၌လေၾကာင္းခရီးစဥ္မ်ား ရပ္နားထားသျဖင့္ ကိုဗစ္ – ၁၉ ေရာဂါ ေစာင့္ၾကည့္ခံရသူမ်ား၏ ႏွာေခါင္း၊ အာေခါင္တို့ဖတ္ နမူနာမ်ားအား ရန္ကုန္ၿမိဳ့ရွိ အမ်ိဳးသား ဓာတ္ခြဲမွုဆိုင္ရာဌာနသို့ ပို့ေဆာင္ရန္ စစ္ေတြၿမိဳ့မွ နံနက္ ၈ နာရီ ထြက္ခြာလာသည့္ WHO ခန႔္ ဝန္ထမ္း အရပ္သား ယာဥ္ေမာင္း ဉီးျပည့္စုံဝင္းေမာင္ ေမာင္းႏွင္ၿပီး အရပ္သားဝန္ထမ္း က်န္းမာေရးႀကီးၾကပ္ (၂) ဉီး ေအာင္မ်ိဳးဉီး လိုက္ပါလာသည့္ WHO မွ ေဒသဆိုင္ရာ ပိုလီယို အရာရွိ၏ WHO ပိုင္ UN (5 / 34) ေမာ္ေတာ္ယာဥ္အား မင္းျပားၿမိဳ့နယ္ ရာေမာင္တံတားအလြန္ ရာေမာင္ဇက္ဆိပ္အနီး၌ ညေန ၅ နာရီခန႔္တြင္ ULA/AA အၾကမ္းဖက္အဖြဲ႕က လက္နက္ငယ္ မ်ားျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း ေဖာ္ျပထားသည္။

ထို့သို့ပစ္ခတ္မွုေၾကာင့္ ယာဥ္ေမာင္း ဉီးျပည့္စုံဝင္းေမာင္ ၏ ဘယ္ဘက္တင္ပါး ေဖာက္ဝင္ ဒဏ္ရာတစ္ခ်က္ႏွင့္ ယာဘက္တေတာင္ဆစ္ စုတ္ျပတ္ဒဏ္ရာ တစ္ခ်က္ရရွိခဲ့ၿပီး က်န္းမာေရး ႀကီးၾကပ္ (၂) ဉီးေအာင္မ်ိဳးဉီး ၏ ယာဘက္လက္ဝါးစုတ္ျပတ္ဒဏ္ရာ တစ္ခ်က္ (လက္မ ျပတ္ခါနီး) ဒဏ္ရာမ်ား ရရွိခဲ့သျဖင့္ မင္းရြာ ေက်းလက္က်န္းမာေရးဌာနမွတစ္ဆင့္ မင္းျပား ျပည့္သူ႔ေဆး႐ုံသို့ ပို့ေဆာင္ကုသေပးလ်က္ရွိေၾကာင္း၊ WHO ပိုင္ေမာ္ေတာ္ယာဥ္မွာ ပစ္ခတ္ခံရသည့္ေနရာ ေျမာင္းထဲက်က်န္ခဲ့သျဖင့္ ဧၿပီ ၂၁ ရက္တြင္ သြားေရာက္ယူေဆာင္မည္ ျဖစ္ေၾကာင္း သိရသည္။

တစ္ကမၻာလုံးက Coronavirus Disease 2019 (COVID – 19) ေရာဂါ ကာကြယ္ ၊ ထိန္းခ်ဳပ္၊ ကုသေရး လုပ္ငန္းမ်ား အေလးထားတိုက္ဖ်က္ေဆာင္ရြက္ေနခ်ိန္တြင္ ULA/AA အၾကမ္းဖက္ အဖြဲ႕က ရန္ကုန္ၿမိဳ့ရွိ အမ်ိဳးသားဓာတ္ခြဲမွုဆိုင္ရာဌာနသို့ ပို့ေဆာင္ရန္ သြားေရာက္သည့္ United Nation (UN) တံဆိပ္ပါ WHO ေမာ္ေတာ္ယာဥ္အား ယခုကဲ့သို့ ပစ္ခတ္တိုက္ခိုက္ျခင္းမွာ လူသားမဆန္သည့္ အၾကမ္းဖက္လုပ္ရပ္သာျဖစ္ေၾကာင္း ေဝဖန္ေထာက္ျပေျပာဆိုေနေၾကာင္း စသည္ျဖင့္ ျပန္ၾကားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားသည္။

လက္ရွိအခ်ိန္၌ AA အဖြဲ႕ လက္ခ်က္ေၾကာင့္ ေဆးဝါးကုသမႈ ခံယူေနရသည့္ WHO ယာဥ္ေမာင္းသည္ ယေန႔ နံနက္၌ ကြယ္လြန္ခဲ့သည္။

#PeopleMedia

AA လက်ချက်ကြောင့် WHO ယာဉ်မောင်း မင်းပြားဆေးရုံ၌ ယနေ့တွင် ကွယ်လွန်
……………………………………………………………………………………

ရန်ကုန် ၊ဧပြီ-၂၁

AA လက်ချက်ကြောင့် WHO ယာဉ်မောင်း မင်းပြားဆေးရုံ၌ ယနေ့တွင် ကွယ်လွန်ခဲ့သည်။

ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ကိုဗစ် – ၁၉ ရောဂါ စောင့်ကြည့်ခံရသူများ၏ နှာခေါင်း၊ အာခေါင်တို့ဖတ် နမူနာများအား ရန်ကုန်မြို့သို့ ပို့ဆောင်ရန် ထွက်ခွာလာသည့် WHO ပိုင် UN တံဆိပ်ပါ မော်တော်ယာဉ်အား ယနေ့တွင် မင်းပြားမြို့နယ်၌ ULA/AA အကြမ်းဖက်အဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် အရပ်သားဝန်ထမ်းနှစ်ဉီး ဒဏ်ရာများရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဧပြီ ၂၀ ၌ ထုတ်ပြန်ခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် စစ်တွေမြို့၌လကြောင်းခရီးစဉ်များ ရပ်နားထားသဖြင့် ကိုဗစ် – ၁၉ ရောဂါ စောင့်ကြည့်ခံရသူများ၏ နှာခေါင်း၊ အာခေါင်တို့ဖတ် နမူနာများအား ရန်ကုန်မြို့ရှိ အမျိုးသား ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင်ရန် စစ်တွေမြို့မှ နံနက် ၈ နာရီ ထွက်ခွာလာသည့် WHO ခန့် ဝန်ထမ်း အရပ်သား ယာဉ်မောင်း ဉီးပြည့်စုံဝင်းမောင် မောင်းနှင်ပြီး အရပ်သားဝန်ထမ်း ကျန်းမာရေးကြီးကြပ် (၂) ဉီး အောင်မျိုးဉီး လိုက်ပါလာသည့် WHO မှ ဒေသဆိုင်ရာ ပိုလီယို အရာရှိ၏ WHO ပိုင် UN (5 / 34) မော်တော်ယာဉ်အား မင်းပြားမြို့နယ် ရာမောင်တံတားအလွန် ရာမောင်ဇက်ဆိပ်အနီး၌ ညနေ ၅ နာရီခန့်တွင် ULA/AA အကြမ်းဖက်အဖွဲ့က လက်နက်ငယ် များဖြင့် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့သို့ပစ်ခတ်မှုကြောင့် ယာဉ်မောင်း ဉီးပြည့်စုံဝင်းမောင် ၏ ဘယ်ဘက်တင်ပါး ဖောက်ဝင် ဒဏ်ရာတစ်ချက်နှင့် ယာဘက်တတောင်ဆစ် စုတ်ပြတ်ဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး ကျန်းမာရေး ကြီးကြပ် (၂) ဉီးအောင်မျိုးဉီး ၏ ယာဘက်လက်ဝါးစုတ်ပြတ်ဒဏ်ရာ တစ်ချက် (လက်မ ပြတ်ခါနီး) ဒဏ်ရာများ ရရှိခဲ့သဖြင့် မင်းရွာ ကျေးလက်ကျန်းမာရေးဌာနမှတစ်ဆင့် မင်းပြား ပြည့်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်း၊ WHO ပိုင်မော်တော်ယာဉ်မှာ ပစ်ခတ်ခံရသည့်နေရာ မြောင်းထဲကျကျန်ခဲ့သဖြင့် ဧပြီ ၂၁ ရက်တွင် သွားရောက်ယူဆောင်မည် ဖြစ်ကြောင်း သိရသည်။

တစ်ကမ္ဘာလုံးက Coronavirus Disease 2019 (COVID – 19) ရောဂါ ကာကွယ် ၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ အလေးထားတိုက်ဖျက်ဆောင်ရွက်နေချိန်တွင် ULA/AA အကြမ်းဖက် အဖွဲ့က ရန်ကုန်မြို့ရှိ အမျိုးသားဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင်ရန် သွားရောက်သည့် United Nation (UN) တံဆိပ်ပါ WHO မော်တော်ယာဉ်အား ယခုကဲ့သို့ ပစ်ခတ်တိုက်ခိုက်ခြင်းမှာ လူသားမဆန်သည့် အကြမ်းဖက်လုပ်ရပ်သာဖြစ်ကြောင်း ဝေဖန်ထောက်ပြပြောဆိုနေကြောင်း စသည်ဖြင့် ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

လက်ရှိအချိန်၌ AA အဖွဲ့ လက်ချက်ကြောင့် ဆေးဝါးကုသမှု ခံယူနေရသည့် WHO ယာဉ်မောင်းသည် ယနေ့ နံနက်၌ ကွယ်လွန်ခဲ့သည်။

#PeopleMedia


Share this post