• Follow Us on

Home AA လက္နက္ကုိင္အဖြဲ႕သည္ ျပည္သူလူထုထံက အတင္းအဓမၼဆက္ေၾကးေကာက္ခံမႈ၊ မူးယစ္ေဆးဝါး ကုန္ကူး မႈ၊ သံယံဇာတမ်ား ခုိးထုတ္ေရာင္းခ်မႈမွ ဝင္ေငြရရွိေနေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဆုိ

AA လက္နက္ကုိင္အဖြဲ႕သည္ ျပည္သူလူထုထံက အတင္းအဓမၼဆက္ေၾကးေကာက္ခံမႈ၊ မူးယစ္ေဆးဝါး ကုန္ကူး မႈ၊ သံယံဇာတမ်ား ခုိးထုတ္ေရာင္းခ်မႈမွ ဝင္ေငြရရွိေနေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဆုိ

Share this post

ေမး ။ ။ ယခုႏွစ္ မတ္လအတြင္းက အၾကမ္းဖက္အဖြဲ႕အစည္းမ်ားအျဖစ္ အစိုးရက ေၾကညာထားတဲ့ ARSA နဲ႕ AA အဖြဲ႕ေတြရဲ႕လႈပ္ရွားမႈေတြဟာ မၾကာေသးမီ ႏွစ္ပိုင္း ေတြမွာ နိုင္ငံရဲ႕အေနာက္ပိုင္းမွာ ပိုမိုမ်ားျပားျပင္း ထန္လာပါတယ္။ ၎တို႔ကို တိုက္ဖ်က္ဖို႔အတြက္ တပ္မေတာ္မွာ အဓိကတာဝန္ရွိလာပါတယ္။ အၾကမ္းဖက္ဝါဒ ကို တိုက္ဖ်က္နိုင္ဖို႔အတြက္ ဘာေတြလိုအပ္ပါသလဲ။

ေျဖ ။ ။ အၾကမ္းဖက္ဝါဒဆိုတာ မေကာင္းဘူးဆိုတာ ျပည္သူေတြက ႏွစ္ႏွစ္ကာကာ သိလာဖို႔ လိုပါတယ္။ အခ်ိဳ႕မီဒီယာေတြကလည္း ဒီအၾကမ္းဖက္မႈက်ဴးလြန္ ေနတဲ့အဖြဲ႕ေတြ၊ လူေတြ၊ အားေပးေနတဲ့ လူေတြကို သိလ်က္နဲ႔ လူမ်ိဳးေရးကိစၥ လိုလိုပုံေဖာ္ၿပီး မွိုင္းတိုက္ေနတာေတြရွိပါတယ္။ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးအတြက္ သူတို႔ရဲ႕အရင္းအျမစ္၊ အေထာက္အပံ့ေတြကို ျဖတ္ေတာက္ပစ္ဖို႔လိုပါတယ္။ သူတို႔မွာအၾကမ္းဖက္မႈလုပ္ဖို႔ အၾကမ္းဖက္လိုတဲ့စိတ္ ဘယ္လိုပဲ ရွိရွိ လက္နက္မရွိရင္ လုပ္လို႔မရပါဘူး။ လက္နက္ဘယ္လိုပဲရွိရွိ ခဲယမ္းမရွိရင္ လုပ္လို႔မရပါဘူး။ ဒီလက္နက္၊ ခဲယမ္းေတြ၊ ပစၥည္းေတြ ဘယ္လိုရေနသလဲ။ ဒါေတြဝယ္ဖို႔ ေငြဘယ္က ရေနသလဲ။ ဒါေတြကို ဘယ္လိုနည္းနဲ႔ ရယူေနသလဲ။ ဒါကအေျဖပါပဲ။ သူတို႔အေနနဲ႔ ေငြကို ျပည္သူလူထုထံက အတင္းအဓမၼဆက္ေၾကးေကာက္ခံၿပီးစုေနတယ္။ ၿပီးရင္ အဓိကမူးယစ္ေဆးဝါးလုပ္ငန္းေတြကရေနတယ္။ မူးယစ္ေဆးဝါးသယ္ယူပို႔ေဆာင္၊ ေရာင္းခ်တဲ့လုပ္ငန္း ေတြကရေနတယ္။ ဒါ့အျပင္ သဘာဝသယံဇတေတြကို ခိုးထုတ္ေရာင္းခ်ျခင္းက ရေနတယ္။ ဒါ့ေၾကာင့္ တပ္မေတာ္အေနနဲ႕ တစ္မ်ိဳးသားလုံးရဲ႕ အႏၲရာယ္လည္းျဖစ္တဲ့ မူးယစ္ေဆးဝါးတိုက္ဖ်က္ႏွိမ္ႏွင္းေရးကို ႀကိဳးစားေဆာင္႐ြက္လ်က္ရွိတယ္။ ၂၀၁၉ ခုႏွစ္ နဲ႔ ၂၀၂၀ ျပည့္ႏွစ္အတြင္းမွာပဲ ကြၽန္ေတာ္တို႔ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက မူးယစ္ေဆးဝါး ျမန္မာက်ပ္ေငြ ၈၇၂.၂၁၆ ဘီလီယံ ေက်ာ္ဖိုး၊ အေမရိကန္ေဒၚလာ ၆၃၆သန္းေက်ာ္ဖိုးကို ဖမ္းဆီးေဖာ္ထုတ္ ဖ်က္ဆီးနိုင္ခဲ့တယ္။ ဒီမွာထပ္ၿပီးေျပာခ်င္တာကဒီမူးယစ္ေဆးဝါး၊ စိတ္ႂကြေဆးျပား (မက္သာဖက္တမင္း Methamphetamine) တို႔ (ICE) တို႔ကို ထုတ္လုပ္တဲ့ဓာတုပစၥည္းပရီကာဆာေတြနဲ႕ခ်က္လုပ္တဲ့ပစၥည္းေတြက ျမန္မာနိုင္ငံမွာမထြက္ပါဘူး။ တျခားနိုင္ငံကေနတင္သြင္းရတယ္။ သူတို႔ဘယ္လို တင္သြင္းေနသလဲ၊ ဘယ္လိုရယူေနသလဲ။ ဒီလမ္းေၾကာင္းေတြ ျဖတ္ေတာက္ပစ္ဖို႔ နိုင္ငံတကာပူးေပါင္းေဆာင္႐ြက္မႈလိုတယ္လို႔ ကြၽန္ေတာ္ေျပာရတာ ျဖစ္တယ္။ ဒါ့ေၾကာင့္ အၾကမ္းဖက္တိုက္ဖ်က္ေရးမွာ ဒီအဖြဲ႕တစ္ခုကိုပဲ ၾကည့္လို႔မရဘူး။ ေနာက္ကြယ္က ပံ့ပိုးေနတဲ့အေၾကာင္းတရားေတြ၊ အဖြဲ႕အစည္းေတြကိုလည္း ျမင္ေအာင္ၾကည့္ရမယ္။ ဒါေတြကို နိုင္ငံအားလုံးပူးေပါင္း ေဆာင္႐ြက္ တိုက္ဖ်က္ဖို႔ လိုပါတယ္။

မွတ္ခ်က္ ။ ။ တပ္မေတာ္ကာကြယ္ေရးဦးစီခ်ဳပ္၏ ရုရွားႏုိင္ငံ ခရီးစဥ္၌ ရုရွားႏုိင္ငံအေျခစုိက္ မီဒီယာမ်ား၏ ေမးျမန္းမႈကုိ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မွ ရွင္းလင္းေျဖဆုိမႈျဖစ္သည္္။

#PeopleMedia #တပ္ခ်ဳပ္

(unicode)
AA လက်နက်ကိုင်အဖွဲ့သည် ပြည်သူလူထုထံက အတင်းအဓမ္မဆက်ကြေးကောက်ခံမှု၊ မူးယစ်ဆေးဝါး ကုန်ကူး မှု၊ သံယံဇာတများ ခိုးထုတ်ရောင်းချမှုမှ ဝင်ငွေရရှိနေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆို
……………………………………………………

မေး ။ ။ ယခုနှစ် မတ်လအတွင်းက အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် အစိုးရက ကြေညာထားတဲ့ ARSA နဲ့ AA အဖွဲ့တွေရဲ့လှုပ်ရှားမှုတွေဟာ မကြာသေးမီ နှစ်ပိုင်း တွေမှာ နိုင်ငံရဲ့အနောက်ပိုင်းမှာ ပိုမိုများပြားပြင်း ထန်လာပါတယ်။ ၎င်းတို့ကို တိုက်ဖျက်ဖို့အတွက် တပ်မတော်မှာ အဓိကတာဝန်ရှိလာပါတယ်။ အကြမ်းဖက်ဝါဒ ကို တိုက်ဖျက်နိုင်ဖို့အတွက် ဘာတွေလိုအပ်ပါသလဲ။

ဖြေ ။ ။ အကြမ်းဖက်ဝါဒဆိုတာ မကောင်းဘူးဆိုတာ ပြည်သူတွေက နှစ်နှစ်ကာကာ သိလာဖို့ လိုပါတယ်။ အချို့မီဒီယာတွေကလည်း ဒီအကြမ်းဖက်မှုကျူးလွန် နေတဲ့အဖွဲ့တွေ၊ လူတွေ၊ အားပေးနေတဲ့ လူတွေကို သိလျက်နဲ့ လူမျိုးရေးကိစ္စ လိုလိုပုံဖော်ပြီး မှိုင်းတိုက်နေတာတွေရှိပါတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် သူတို့ရဲ့အရင်းအမြစ်၊ အထောက်အပံ့တွေကို ဖြတ်တောက်ပစ်ဖို့လိုပါတယ်။ သူတို့မှာအကြမ်းဖက်မှုလုပ်ဖို့ အကြမ်းဖက်လိုတဲ့စိတ် ဘယ်လိုပဲ ရှိရှိ လက်နက်မရှိရင် လုပ်လို့မရပါဘူး။ လက်နက်ဘယ်လိုပဲရှိရှိ ခဲယမ်းမရှိရင် လုပ်လို့မရပါဘူး။ ဒီလက်နက်၊ ခဲယမ်းတွေ၊ ပစ္စည်းတွေ ဘယ်လိုရနေသလဲ။ ဒါတွေဝယ်ဖို့ ငွေဘယ်က ရနေသလဲ။ ဒါတွေကို ဘယ်လိုနည်းနဲ့ ရယူနေသလဲ။ ဒါကအဖြေပါပဲ။ သူတို့အနေနဲ့ ငွေကို ပြည်သူလူထုထံက အတင်းအဓမ္မဆက်ကြေးကောက်ခံပြီးစုနေတယ်။ ပြီးရင် အဓိကမူးယစ်ဆေးဝါးလုပ်ငန်းတွေကရနေတယ်။ မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်၊ ရောင်းချတဲ့လုပ်ငန်း တွေကရနေတယ်။ ဒါ့အပြင် သဘာဝသယံဇတတွေကို ခိုးထုတ်ရောင်းချခြင်းက ရနေတယ်။ ဒါ့ကြောင့် တပ်မတော်အနေနဲ့ တစ်မျိုးသားလုံးရဲ့ အန္တရာယ်လည်းဖြစ်တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နှင်းရေးကို ကြိုးစားဆောင်ရွက်လျက်ရှိတယ်။ ၂၀၁၉ ခုနှစ် နဲ့ ၂၀၂၀ ပြည့်နှစ်အတွင်းမှာပဲ ကျွန်တော်တို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မူးယစ်ဆေးဝါး မြန်မာကျပ်ငွေ ၈၇၂.၂၁၆ ဘီလီယံ ကျော်ဖိုး၊ အမေရိကန်ဒေါ်လာ ၆၃၆သန်းကျော်ဖိုးကို ဖမ်းဆီးဖော်ထုတ် ဖျက်ဆီးနိုင်ခဲ့တယ်။ ဒီမှာထပ်ပြီးပြောချင်တာကဒီမူးယစ်ဆေးဝါး၊ စိတ်ကြွဆေးပြား (မက်သာဖက်တမင်း Methamphetamine) တို့ (ICE) တို့ကို ထုတ်လုပ်တဲ့ဓာတုပစ္စည်းပရီကာဆာတွေနဲ့ချက်လုပ်တဲ့ပစ္စည်းတွေက မြန်မာနိုင်ငံမှာမထွက်ပါဘူး။ တခြားနိုင်ငံကနေတင်သွင်းရတယ်။ သူတို့ဘယ်လို တင်သွင်းနေသလဲ၊ ဘယ်လိုရယူနေသလဲ။ ဒီလမ်းကြောင်းတွေ ဖြတ်တောက်ပစ်ဖို့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုလိုတယ်လို့ ကျွန်တော်ပြောရတာ ဖြစ်တယ်။ ဒါ့ကြောင့် အကြမ်းဖက်တိုက်ဖျက်ရေးမှာ ဒီအဖွဲ့တစ်ခုကိုပဲ ကြည့်လို့မရဘူး။ နောက်ကွယ်က ပံ့ပိုးနေတဲ့အကြောင်းတရားတွေ၊ အဖွဲ့အစည်းတွေကိုလည်း မြင်အောင်ကြည့်ရမယ်။ ဒါတွေကို နိုင်ငံအားလုံးပူးပေါင်း ဆောင်ရွက် တိုက်ဖျက်ဖို့ လိုပါတယ်။

မှတ်ချက် ။ ။ တပ်မတော်ကာကွယ်ရေးဦးစီချုပ်၏ ရုရှားနိုင်ငံ ခရီးစဉ်၌ ရုရှားနိုင်ငံအခြေစိုက် မီဒီယာများ၏ မေးမြန်းမှုကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ရှင်းလင်းဖြေဆိုမှုဖြစ်သည်။

#PeopleMedia #တပ်ချုပ်


Share this post