• Follow Us on
Latest News

Home AA အဖွဲ့ကို တပ်မတော်မှ မေတ္တာပို့ပြီး ပုတီးစိပ်နေမှာ မဟုတ်ကြောင်း တပ်မတော်ပြောဆို


Share this post

ရန်ကုန်၊ အောက်တိုဘာ – ၂၆






#PeopleMedia #Police

(
AA အဖွဲ့ကို တပ်မတော်မှ မေတ္တာပို့ပြီး ပုတီးစိပ်နေမှာ မဟုတ်ကြောင်း တပ်မတော်ပြောဆို
………………………………………………………………

ရန်ကုန်၊ အောက်တိုဘာ – ၂၆

စစ်တွေ – ဘူးသီးတောင် အမြန်ရေယာဉ်၌ လိုက်ပါလာသော နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များကို AA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ပြီး တပ်မတော်မှ လိုက်လံရှင်းလင်းလျှက်ရှိရာ AA အဖွဲ့ကို တပ်မတော်မှ မေတ္တာပို့ ပုတီးစိပ်နေမည် မဟုတ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်သည်။

လက်ရှိအချိန် တပ်မတော်မှ ရဟတ်ယာဉ်များနှင့် နယ်မြေရှင်းလင်းလျှက်ရှိပြီး အင်အားကို လိုအပ်လျှင် လို အပ်သလို သုံးစွဲသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

စစ်တွေ – ဘူးသီးတောင် ရွှေနဒီအမည်ရှိ ရေယာဉ်၌ လိုက်ပါလာသော နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် (၂၇) ဦးကို AA အဖွဲ့မှ ယနေ့ နေ့လည်ပိုင်းက ဖမ်းဆီးခဲ့သည်။

“အမြန်ရေယာဉ်က ရသေ့တောင်ကို နံနက် ၁၀ နာရီ ရောက်တယ်။ အဲ့ဒီအအထွက်မှာ AA က ဖမ်းသွာတာ (၁၁+၁၆)လို့ သိရတယ်။ သူတို့ မိသားစုဝင်အပါဆိုရင် (၅၀)လောက်ရှိတယ်” ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် နီးစပ်သူက ဆိုသည်။

ဆက်လက်အတည်ပြု၍ ဆက်လက်ဖော်ပြမည်။

#PeopleMedia #Police


Share this post