• Follow Us on
Latest News

Home AA အဖြဲ႕က ပစ္ခတ္လိုက္သည့္ လက္နက္ႀကီးဗုံးသီးမ်ား က်ေရာက္ေပါက္ကြဲမႈ ေၾကာင့္ အရပ္သား ၆ ဦး ထိခိုက္ဒဏ္ရာရရွိေၾကာင္း တပ္မေတာ္ ထုတ္ျပန္

AA အဖြဲ႕က ပစ္ခတ္လိုက္သည့္ လက္နက္ႀကီးဗုံးသီးမ်ား က်ေရာက္ေပါက္ကြဲမႈ ေၾကာင့္ အရပ္သား ၆ ဦး ထိခိုက္ဒဏ္ရာရရွိေၾကာင္း တပ္မေတာ္ ထုတ္ျပန္

Share this post

ေနျပည္ေတာ္ ၊ ဒီဇင္ဘာ – ၂၇

ရခိုင္ျပည္နယ္၊ ေျမပုံၿမိဳ႕နယ္၊ ေယာေခ်ာင္းေက်းရြာ၏ အေနာက္ေတာင္ဘက္ မီတာ ၅၀၀ ခန္႔အကြာရွိ နယ္ေျမလုံၿခဳံေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေနသည့္ ေယာေခ်ာင္း စခန္းအား ယေန႔ ေန႔လယ္ ၂ နာရီ ၃၅ မိနစ္ ခန္႔တြင္ AA အဖြဲ႕က စခန္း၏ အေရွ႕ဘက္မီတာ ၂၀၀၀ ခန္႔ အကြာမွေန၍ လက္နက္ႀကီးမ်ားျဖင့္ ေႏွာင့္ယွက္ပစ္ခတ္တိုက္ခိုက္ခဲ့သည္။

ထိုသို႔ AA အဖြဲ႕၏ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ စခန္း၏ အေရွ႕ဘက္မီတာ ၂၀၀ ခန္႔အကြာရွိ ကြၽဲကူးဆိပ္ေက်းရြာအတြင္းရွိ ေနအိမ္ ၁ လုံးေပၚသို႔ လက္နက္ႀကီးဗုံးသီးမ်ား က်ေရာက္ ေပါက္ကြဲမႈေၾကာင့္ အဆိုပါေက်းရြာေနသူမ်ားျဖစ္သည့္ ေဒၚမလွစိန္(ဘ)ဦးေမာင္ေရႊလွ အပါအ၀င္ အျပစ္မဲ့ အရပ္သား ၆ ဦး ျပင္းထန္စြာ ဒဏ္ရာမ်ားရရွိခဲ့သည္။

အဆိုပါ ဒဏ္ရာရရွိသူမ်ားအား လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ားက လိုအပ္သည့္ ေဆးဝါးကုသမႈမ်ား ဦးစြာ ေဆာင္ရြက္ေပးၿပီး အမ္းၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ုံသို႔ ပို႔ေဆာင္ေဆးကုသမႈ ခံယူေစ၍ ေထာက္ပံ့ေငြမ်ား ေပးအပ္ခဲ့ေၾကာင္း တပ္မေတာ္မွ သတင္းထုတ္ျပန္ထားသည္။

#PeopleMedia #AA #MyanmarArmy

(unicode)
AA အဖွဲ့က ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲမှု ကြောင့် အရပ်သား ၆ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း တပ်မတော် ထုတ်ပြန်
………………………………………………………………………………

နေပြည်တော် ၊ ဒီဇင်ဘာ – ၂၇

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ယောချောင်းကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၅၀၀ ခန့်အကွာရှိ နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ယောချောင်း စခန်းအား ယနေ့ နေ့လယ် ၂ နာရီ ၃၅ မိနစ် ခန့်တွင် AA အဖွဲ့က စခန်း၏ အရှေ့ဘက်မီတာ ၂၀၀၀ ခန့် အကွာမှနေ၍ လက်နက်ကြီးများဖြင့် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုသို့ AA အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စခန်း၏ အရှေ့ဘက်မီတာ ၂၀၀ ခန့်အကွာရှိ ကျွဲကူးဆိပ်ကျေးရွာအတွင်းရှိ နေအိမ် ၁ လုံးပေါ်သို့ လက်နက်ကြီးဗုံးသီးများ ကျရောက် ပေါက်ကွဲမှုကြောင့် အဆိုပါကျေးရွာနေသူများဖြစ်သည့် ဒေါ်မလှစိန်(ဘ)ဦးမောင်ရွှေလှ အပါအ၀င် အပြစ်မဲ့ အရပ်သား ၆ ဦး ပြင်းထန်စွာ ဒဏ်ရာများရရှိခဲ့သည်။

အဆိုပါ ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့၀င်များက လိုအပ်သည့် ဆေးဝါးကုသမှုများ ဦးစွာ ဆောင်ရွက်ပေးပြီး အမ်းမြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေ၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။

#PeopleMedia #AA #MyanmarArmy


Share this post