• Follow Us on

Home AA အဖြဲ႕ပစ္ခတ္လိုက္သည့္ လက္နက္ႀကီးက်ည္ စာသင္ေက်ာင္းအတြင္း က်ေရာက္ေပါက္ကြဲ မႈေၾကာင့္ ေက်ာင္းသား/သူ (၂၀)ဒဏ္ရာရွိေၾကာင္း တပ္မေတာ္ထုတ္ျပန္

AA အဖြဲ႕ပစ္ခတ္လိုက္သည့္ လက္နက္ႀကီးက်ည္ စာသင္ေက်ာင္းအတြင္း က်ေရာက္ေပါက္ကြဲ မႈေၾကာင့္ ေက်ာင္းသား/သူ (၂၀)ဒဏ္ရာရွိေၾကာင္း တပ္မေတာ္ထုတ္ျပန္

Share this post

ေနျပည္ေတာ္ ၊ ေဖေဖာ္ဝါရီ – ၁၃

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္အတြင္း နယ္ေျမလုံၿခဳံေရးေဆာင္႐ြက္ေန ေသာ တပ္မေတာ္ စစ္ေၾကာင္းသည္ ယေန႕နံနက္ ၈ နာရီခန႔္တြင္ အုပ္ေတာင္ေက်း႐ြာ၏ အေရွ႕ေတာင္ဘက္ မီတာ ၂၀၀၀ ခန႔္အကြာသို႔အေရာက္၌ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက လက္နက္ႀကီး/လက္နက္ငယ္မ်ားျဖင့္ စတင္ ပစ္ခတ္တိုက္ခိုက္သျဖင့္ တပ္မေတာ္ စစ္ေၾကာင္းက ျပန္လည္ပစ္ခတ္တိုက္ခိုက္ခဲ့ရာ ေသာင္းက်န္းသူမ်ားသည္ ခမီးေခ်ာင္း ေက်း႐ြာ၏ ေတာင္ဘက္ မီတာ ၁၂၀၀ ခန႔္အကြာသို႔ ဆုတ္ခြာထြက္ေျပးသြားခဲ့သည္။

ဆုတ္ခြာထြက္ေျပးသြားေသာ အၾကမ္းဖက္ေသာင္းက်န္းသူမ်ားအား တပ္မေတာ္ စစ္ေၾကာင္းက လိုက္စစ္ဆင္၍ တိုက္ခိုက္ခဲ့ရာ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက လက္နက္ႀကီးမ်ားျဖင့္ ျပန္လည္ပစ္ခတ္ တိုက္ခိုက္ခဲ့ၿပီး ၎တို႔ပစ္ခတ္သည့္ လက္နက္ႀကီးက်ည္သည္ ခမီးေခ်ာင္းေက်း႐ြာ အေျခခံပညာမူလတန္း ေက်ာင္းသို႔ က်ေရာက္ေပါက္ကြဲမႈျဖစ္ပြားခဲ့၍ စာသင္ေက်ာင္းေရွ႕တြင္ ေဆာ့ကစားေနသည့္ ေက်ာင္းသား ၁၄ ဦးႏွင့္ ေက်ာင္းသူ ၆ ဦး၊ စုစုေပါင္း ၂၀ ဦး တို႔ လက္နက္ႀကီး က်ည္ထိမွန္ဒဏ္ရာမ်ား အသီးသီးရရွိခဲ့သည္။

အဆိုပါ လက္နက္ႀကီးက်ည္ထိခိုက္ဒဏ္ရာရရွိခဲ့သည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား နယ္ေျမခံတပ္ရွိ တပ္တြင္းေဆးခန္း၌ လိုအပ္သည့္ေဆးကုသမႈမ်ားေဆာင္႐ြက္ေပးကာ ၎တို႔အနက္မွ ၅ ဦးကို ဘူးသီး ေတာင္ၿမိဳ႕ ျပည္သူ႕ေဆး႐ုံသို႔ ပို႔ေဆာင္ေဆးကုသမႈ ခံယူေစလ်က္ရွိၿပီး ဘူးသီးေတာင္တပ္နယ္မွ တပ္မေတာ္ အရာရွိႀကီးမ်ားက သြားေရာက္ ၾကည့္ရႈကာလိုအပ္သည္ မ်ားကူညီေဆာင္႐ြက္ေပးခဲ့ေၾကာင္း တပ္မေတာ္မွ ယေန႕ည (၉:၄၅)၌ ထုတ္ျပန္ထားသည္။

#peoplemedia

[Unicode]
AA အဖွဲ့ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် စာသင်ကျောင်းအတွင်း ကျရောက်ပေါက်ကွဲ မှုကြောင့် ကျောင်းသား/သူ (၂၀)ဒဏ်ရာရှိကြောင်း တပ်မတော်ထုတ်ပြန်
…………………………………………………………………………………….

နေပြည်တော် ၊ ဖေဖော်ဝါရီ – ၁၃

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေ သော တပ်မတော် စစ်ကြောင်းသည် ယနေ့နံနက် ၈ နာရီခန့်တွင် အုပ်တောင်ကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၂၀၀၀ ခန့်အကွာသို့အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး/လက်နက်ငယ်များဖြင့် စတင် ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်မတော် စစ်ကြောင်းက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သောင်းကျန်းသူများသည် ခမီးချောင်း ကျေးရွာ၏ တောင်ဘက် မီတာ ၁၂၀၀ ခန့်အကွာသို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

ဆုတ်ခွာထွက်ပြေးသွားသော အကြမ်းဖက်သောင်းကျန်းသူများအား တပ်မတော် စစ်ကြောင်းက လိုက်စစ်ဆင်၍ တိုက်ခိုက်ခဲ့ရာ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၎င်းတို့ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ခမီးချောင်းကျေးရွာ အခြေခံပညာမူလတန်း ကျောင်းသို့ ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ စာသင်ကျောင်းရှေ့တွင် ဆော့ကစားနေသည့် ကျောင်းသား ၁၄ ဦးနှင့် ကျောင်းသူ ၆ ဦး၊ စုစုပေါင်း ၂၀ ဦး တို့ လက်နက်ကြီး ကျည်ထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့သည်။

အဆိုပါ လက်နက်ကြီးကျည်ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား နယ်မြေခံတပ်ရှိ တပ်တွင်းဆေးခန်း၌ လိုအပ်သည့်ဆေးကုသမှုများဆောင်ရွက်ပေးကာ ၎င်းတို့အနက်မှ ၅ ဦးကို ဘူးသီး တောင်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိပြီး ဘူးသီးတောင်တပ်နယ်မှ တပ်မတော် အရာရှိကြီးများက သွားရောက် ကြည့်ရှုကာလိုအပ်သည် များကူညီဆောင်ရွက်ပေးခဲ့ကြောင်း တပ်မတော်မှ ယနေ့ည (၉:၄၅)၌ ထုတ်ပြန်ထားသည်။

#peoplemedia


Share this post