• Follow Us on
Latest News

Home AA အဖြဲ႕မွ တပ္ၾကပ္ႀကီးအဆင့္ရွိသူတစ္ဦးအားစစ္ေဆးမႈမ်ားေဆာင္႐ြက္ေနစဥ္ မိမိကိုယ္ကိုအဆုံးစီရင္မႈျဖစ္ပြားေၾကာင္း တပ္မေတာ္သတင္းထုတ္ျပန္

AA အဖြဲ႕မွ တပ္ၾကပ္ႀကီးအဆင့္ရွိသူတစ္ဦးအားစစ္ေဆးမႈမ်ားေဆာင္႐ြက္ေနစဥ္ မိမိကိုယ္ကိုအဆုံးစီရင္မႈျဖစ္ပြားေၾကာင္း တပ္မေတာ္သတင္းထုတ္ျပန္

Share this post

ေနျပည္ေတာ္၊ စက္တင္ဘာ – ၂၉
ေျမာက္ဦးၿမိဳ႕နယ္အတြင္းရွိ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားသည္ စက္တင္ဘာ ၂၇ ရက္ လုံၿခဳံေရးဆိုင္ရာေရွာင္တခင္စစ္ေဆးျခင္းမ်ားျပဳလုပ္လ်က္ရွိစဥ္ နံနက္ ၈ နာရီခန႔္တြင္ ေျမာက္ဦးၿမိဳ႕မွ ေဘာင္းဒြတ္ေက်း႐ြာဘက္သို႔ ေအးေက်ာ္ (၃၅)ႏွစ္၊ ေအာင္မဂၤလာ ရပ္ကြက္၊ ေျမာက္ဦးၿမိဳ႕ေနသူေမာင္းႏွင္လာသည့္ သုံးဘီးဆိုင္ကယ္အားစစ္ေဆးရာ ေအးေက်ာ္၏လက္ကိုင္ဖုန္းအတြင္းမွ AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ား၏ အခ်က္အလက္မ်ားႏွင့္ ဆက္သြယ္ထားမႈမ်ားအား ေတြ႕ရွိရသျဖင့္ ထိန္းသိမ္း၍ လိုအပ္သည့္စစ္ေဆးေမးျမန္းမႈမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း တပ္မေတာ္ထုတ္ျပန္ခ်က္၌ေဖာ္ျပထားသည္။
ပဏာမစစ္ေဆးခ်က္အရ AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕မွ AA-၃၂၅၆ တပ္ၾကပ္ႀကီးအဆင့္ရွိသူ ေအးေက်ာ္ျဖစ္ေၾကာင္း၊၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလ၌ ေျမာက္ဦးၿမိဳ႕နယ္အတြင္း ေျမာက္ဦးတပ္နယ္မွ စစ္သည္ ၁ ဦးေဈးဝယ္စဥ္ ဖမ္းဆီးျခင္းႏွင့္ ၂၀၂၀ ျပည့္ႏွစ္ ဇူလိုင္လအတြင္း တပ္နယ္မိသားစုမွအရပ္သား လူငယ္ ၂ ဦးဖမ္းဆီးျခင္းအား ၎ဦးေဆာင္၍ ေဆာင္႐ြက္ခဲ့ေၾကာင္းဝန္ခံခဲ့သည္။
အဆိုပါ AA အၾကမ္းဖက္ေသာင္းက်န္းသူ ေအးေက်ာ္အား စက္တင္ဘာ ၂၈ ရက္ေန႕ နံနက္စာေကြၽးေမြးရန္ေဆာင္႐ြက္စဥ္ စစ္ေၾကာေရးအဖြဲ႕ဝင္၏ ပစၥတို ေသနတ္အားလုယူ၍ မိမိကိုယ္ကိုပစ္ခတ္ခဲ့ရာ ရရွိဒဏ္ရာျဖင့္ ေသဆုံးခဲ့ေၾကာင္းတပ္မေတာ္ ထုတ္ျပန္ခ်က္၌ေဖာ္ျပထားသည္။
အဆိုပါ AA အၾကမ္းဖက္ေသာင္းက်န္းသူ တပ္ၾကပ္ႀကီးအဆင့္ရွိ ေအးေက်ာ္ ၏ အေလာင္းအား ေျမာက္ဦးၿမိဳ႕နယ္ရဲစခန္းသို႔အပ္ႏွံ၍ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒႏွင့္အညီ ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္၌ပါဝင္သည္။
#PeopleMedia #တပ္မေတာ္ #AA
[Unicode]
AA အဖွဲ့မှ တပ်ကြပ်ကြီးအဆင့်ရှိသူတစ်ဦးအားစစ်ဆေးမှုများဆောင်ရွက်နေစဉ် မိမိကိုယ်ကိုအဆုံးစီရင်မှုဖြစ်ပွားကြောင်း တပ်မတော် သတင်းထုတ်ပြန်
=================
နေပြည်တော်၊ စက်တင်ဘာ – ၂၉
မြောက်ဦးမြို့နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၂၇ ရက် လုံခြုံရေးဆိုင်ရာရှောင်တခင်စစ်ဆေးခြင်းများပြုလုပ်လျက်ရှိစဉ် နံနက် ၈ နာရီခန့်တွင် မြောက်ဦးမြို့မှ ဘောင်းဒွတ်ကျေးရွာဘက်သို့ အေးကျော် (၃၅)နှစ်၊ အောင်မင်္ဂလာ ရပ်ကွက်၊ မြောက်ဦးမြို့နေသူမောင်းနှင်လာသည့် သုံးဘီးဆိုင်ကယ်အားစစ်ဆေးရာ အေးကျော်၏လက်ကိုင်ဖုန်းအတွင်းမှ AA အကြမ်းဖက် သောင်းကျန်းသူများ၏ အချက်အလက်များနှင့် ဆက်သွယ်ထားမှုများအား တွေ့ရှိရသဖြင့် ထိန်းသိမ်း၍ လိုအပ်သည့်စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ခဲ့ကြောင်း တပ်မတော်ထုတ်ပြန်ချက်၌ဖော်ပြထားသည်။
ပဏာမစစ်ဆေးချက်အရ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ AA-၃၂၅၆ တပ်ကြပ်ကြီးအဆင့်ရှိသူ အေးကျော်ဖြစ်ကြောင်း၊၂၀၁၉ ခုနှစ် ဒီဇင်ဘာလ၌ မြောက်ဦးမြို့နယ်အတွင်း မြောက်ဦးတပ်နယ်မှ စစ်သည် ၁ ဦးဈေးဝယ်စဉ် ဖမ်းဆီးခြင်းနှင့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်း တပ်နယ်မိသားစုမှအရပ်သား လူငယ် ၂ ဦးဖမ်းဆီးခြင်းအား ၎င်းဦးဆောင်၍ ဆောင်ရွက်ခဲ့ကြောင်းဝန်ခံခဲ့သည်။
အဆိုပါ AA အကြမ်းဖက်သောင်းကျန်းသူ အေးကျော်အား စက်တင်ဘာ ၂၈ ရက်နေ့ နံနက်စာကျွေးမွေးရန်ဆောင်ရွက်စဉ် စစ်ကြောရေးအဖွဲ့ဝင်၏ ပစ္စတို သေနတ်အားလုယူ၍ မိမိကိုယ်ကိုပစ်ခတ်ခဲ့ရာ ရရှိဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်းတပ်မတော် ထုတ်ပြန်ချက်၌ဖော်ပြထားသည်။
အဆိုပါ AA အကြမ်းဖက်သောင်းကျန်းသူ တပ်ကြပ်ကြီးအဆင့်ရှိ အေးကျော် ၏ အလောင်းအား မြောက်ဦးမြို့နယ်ရဲစခန်းသို့အပ်နှံ၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်၌ပါဝင်သည်။

Share this post