• Follow Us on

Home AA အဖြဲ႕မွ ပလက္၀တံတားစီမံကိန္းအတြက္ သံေဘာင္မ်ား ႏွင့္ ေဆာက္လုပ္ေရး ပစၥည္းမ်ား သြားေရာက္ပို႔ေဆာင္သည့္ ေရယာဥ္မ်ားအား လက္နက္ႀကီး၊လက္နင္ငယ္မ်ားျဖင့္ ပစ္ခတ္

AA အဖြဲ႕မွ ပလက္၀တံတားစီမံကိန္းအတြက္ သံေဘာင္မ်ား ႏွင့္ ေဆာက္လုပ္ေရး ပစၥည္းမ်ား သြားေရာက္ပို႔ေဆာင္သည့္ ေရယာဥ္မ်ားအား လက္နက္ႀကီး၊လက္နင္ငယ္မ်ားျဖင့္ ပစ္ခတ္

Share this post

ရန္ကုန္၊နို၀င္ဘာလ – ၂၂

ပလက္၀တံတားစီမံကိန္းတြင္အသုံးျပဳရန္လိုအပ္ေသာသံေဘာင္မ်ားႏွင့္ ေဆာက္လုပ္ေရးပစၥည္းမ်ား ေပးပို႔ရန္အတြက္ ေရယာဥ္မ်ားျဖင့္ တင္ေဆာင္ ပို႔ေဆာင္စဥ္ ယေန႕နံနက္ပိုင္းတြင္ ကုလားတန္ျမစ္အတြင္း၌ AA အဖြဲ႕က လက္နက္ႀကီး၊လက္နက္ငယ္မ်ားေခ်ာင္းေျမာင္း ပစ္ခတ္တိုက္ခိုက္ခဲ့သည္။

ျဖစ္စဥ္မွာ ပလက္၀တံတားစီမံကိန္းတြင္ အသုံးျပဳမည့္ သံေဘာင္မ်ားႏွင့္ ေဆာက္လုပ္ေရးပစၥည္းမ်ားကို တင္ေဆာင္ထားေသာ ေရယာဥ္ ၃ စီးသည္ နို၀င္ဘာ ၂၁ ရက္ညပိုင္းတြင္ စစ္ေတြၿမိဳ႕၊ ေ႐ႊမင္းဂံဆိပ္ကမ္းမွ ထြက္ခြာလာခဲ့ၿပီး ယေန႕နံနက္ပိုင္းတြင္ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ အေပါက္ဝေက်း႐ြာ၏ ေျမာက္ဘက္ မီတာ ၄၀၀၀ ခန့္အကြာရွိ ကုလားတန္ျမစ္အတြင္း ေရာက္ရွိစဥ္ AA အဖြဲ႕က ျမစ္၏ အေရွ႕ဘက္ရွိ ေပါက္ေတာေက်း႐ြာႏွင့္ ျမစ္အေနာက္ဘက္ရွိ သဂ္နက္ေက်း႐ြာအနီးတို႔မွ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ေခ်ာင္းေျမာင္းပစ္ခတ္ခဲ့ေၾကာင္း၊ ပစ္ခတ္သည့္ ေနရာမ်ားသို႔ လုံၿခဳံေရး လိုက္ပါလာသည့္ စစ္ေရယာဥ္မ်ားက ျပန္လည္ပစ္ခတ္ခဲ့သျဖင့္ ေသာင္းက်န္းသူမ်ား ဆုတ္ခြာထြက္ေျပးသြားေၾကာင္း၊ အဆိုပါ ေခ်ာင္းေျမာင္း ပစ္ခတ္ျခင္းေၾကာင့္ ေရယာဥ္တစ္စီးတြင္ ပဲ့ထိန္းခန္း လက္နက္ႀကီးထိမွန္ ပ်က္စီးခဲ့ေၾကာင္း သိရွိရသည္။

AA အဖြဲ႕သည္ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားႏွင့္ ပလက္၀တံတားစီမံကိန္း တို႔အား ပ်က္ျပားေစရန္ရည္႐ြယ္၍ မတ္ ၁၆ ရက္တြင္ ေဆာက္လုပ္ေရးပစၥည္းမ်ား တင္ေဆာင္လာသည့္ သေဘၤာတစ္စီးကိုလည္း လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္၍ ေရယာဥ္၀န္ထမ္းမ်ားအား ကမ္းေပၚေခၚေဆာင္ကာ သေဘၤာအား မီးရွို႔ဖ်က္စီးျခင္းမ်ား ျပဳလုပ္ခဲ့ၿပီး ယခုထပ္မံ၍ ေခ်ာင္းေျမာင္း ပစ္ခတ္ျခင္းမ်ား ေဆာင္႐ြက္ ခဲ့ျခင္း ျဖစ္ေၾကာင္းႏွင့္ အဆိုပါေနရာတစ္ဝိုက္အား တပ္မေတာ္စစ္ေၾကာင္းမ်ားက လိုအပ္သည့္လုံၿခဳံေရးလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိသည္။

#PeopleMedia #RakhineState #AA #Peace

[Unicode]
AA အဖွဲ့မှ ပလက်ဝတံတားစီမံကိန်းအတွက် သံဘောင်များ နှင့် ဆောက်လုပ်ရေး ပစ္စည်းများ သွားရောက်ပို့ဆောင်သည့် ရေယာဉ်များအား လက်နက်ကြီး၊လက်နင်ငယ်များဖြင့် ပစ်ခတ်

ရန်ကုန်၊နိုဝင်ဘာလ – ၂၂

ပလက်ဝတံတားစီမံကိန်းတွင်အသုံးပြုရန်လိုအပ်သောသံဘောင်များနှင့် ဆောက်လုပ်ရေးပစ္စည်းများ ပေးပို့ရန်အတွက် ရေယာဉ်များဖြင့် တင်ဆောင် ပို့ဆောင်စဉ် ယနေ့နံနက်ပိုင်းတွင် ကုလားတန်မြစ်အတွင်း၌ AA အဖွဲ့က လက်နက်ကြီး၊လက်နက်ငယ်များချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဖြစ်စဉ်မှာ ပလက်ဝတံတားစီမံကိန်းတွင် အသုံးပြုမည့် သံဘောင်များနှင့် ဆောက်လုပ်ရေးပစ္စည်းများကို တင်ဆောင်ထားသော ရေယာဉ် ၃ စီးသည် နိုဝင်ဘာ ၂၁ ရက်ညပိုင်းတွင် စစ်တွေမြို့၊ ရွှေမင်းဂံဆိပ်ကမ်းမှ ထွက်ခွာလာခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာ၏ မြောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာရှိ ကုလားတန်မြစ်အတွင်း ရောက်ရှိစဉ် AA အဖွဲ့က မြစ်၏ အရှေ့ဘက်ရှိ ပေါက်တောကျေးရွာနှင့် မြစ်အနောက်ဘက်ရှိ သဂ်နက်ကျေးရွာအနီးတို့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်သည့် နေရာများသို့ လုံခြုံရေး လိုက်ပါလာသည့် စစ်ရေယာဉ်များက ပြန်လည်ပစ်ခတ်ခဲ့သဖြင့် သောင်းကျန်းသူများ ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ အဆိုပါ ချောင်းမြောင်း ပစ်ခတ်ခြင်းကြောင့် ရေယာဉ်တစ်စီးတွင် ပဲ့ထိန်းခန်း လက်နက်ကြီးထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

AA အဖွဲ့သည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပလက်ဝတံတားစီမံကိန်း တို့အား ပျက်ပြားစေရန်ရည်ရွယ်၍ မတ် ၁၆ ရက်တွင် ဆောက်လုပ်ရေးပစ္စည်းများ တင်ဆောင်လာသည့် သင်္ဘောတစ်စီးကိုလည်း လက်နက်ငယ်များဖြင့် ပစ်ခတ်၍ ရေယာဉ်ဝန်ထမ်းများအား ကမ်းပေါ်ခေါ်ဆောင်ကာ သင်္ဘောအား မီးရှို့ဖျက်စီးခြင်းများ ပြုလုပ်ခဲ့ပြီး ယခုထပ်မံ၍ ချောင်းမြောင်း ပစ်ခတ်ခြင်းများ ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်းနှင့် အဆိုပါနေရာတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

#PeopleMedia #RakhineState #AA #Peace


Share this post