• Follow Us on

Home AA အဖြဲ႕၏ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ ေက်ာက္ေတာ္ၿမိဳ႕ အတြင္းရွိ ေဒသခံျပည္သူမ်ား ထိခိုက္ဒဏ္ရာရရွိ၊ မဟာကံႀကီးသွ်င္ဘုရားရွိ သာသနိက အ ေဆာက္ အအုံမ်ား ထိခိုက္ ပ်က္စီး ေၾကာင္း တပ္မေတာ္ သတင္းထုတ္ျပန္

AA အဖြဲ႕၏ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ ေက်ာက္ေတာ္ၿမိဳ႕ အတြင္းရွိ ေဒသခံျပည္သူမ်ား ထိခိုက္ဒဏ္ရာရရွိ၊ မဟာကံႀကီးသွ်င္ဘုရားရွိ သာသနိက အ ေဆာက္ အအုံမ်ား ထိခိုက္ ပ်က္စီး ေၾကာင္း တပ္မေတာ္ သတင္းထုတ္ျပန္

Share this post

ရန္ကုန္၊ဒီဇင္ဘာ-၂၉

ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္း တပ္မေတာ္စစ္ေၾကာင္းမ်ားက နယ္ေျမေဒသ လုံၿခဳံေရး ႏွင့္ ေက်ာက္ေတာ္ၿမိဳ႕ လုံၿခဳံေရးအတြက္ ေဆာင္ရြက္လ်က္ ရွိစဉ္ ယေန႔နံနက္ပိုင္း တြင္ AA အဖြဲ႕သည္ ၿမိဳ႕တြင္းရွိ စိုက္ပ်ိဳးေရး သိပၸံေက်ာင္း အနီး၊ ေက်ာက္ေတာ္ကားကြင္း အနီး ႏွင့္ လွ်ပ္စစ္ဓာတ္အားေပး႐ုံ ေနရာတို႔မွ ရပ္ရြာေန ျပည္သူ လူထု ေနအိမ္မ်ားကို အကာအကြယ္ရယူ၍ ေခ်ာင္းေျမာင္း ပစ္ခတ္တိုက္ခိုက္ခဲ့သည္။

ထိုသို႔ ပစ္ခတ္ တိုက္ခိုက္ခဲ့ျခင္းေၾကာင့္ ေက်ာက္ေတာ္ၿမိဳ႕ အတြင္းရွိ လူေနရပ္ကြက္မ်ား အတြင္း ႏွင့္ မဟာကံႀကီးသွ်င္ ဘုရားအနီးသို႔ လက္နက္ႀကီး ဗုံးသီးမ်ား က်ေရာက္ေပါက္ကြဲ ခဲ့ၿပီး ေဒသခံျပည္သူ အမ်ိဳးသမီး တစ္ဦးႏွင့္ အမ်ိဳးသားသုံးဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့သည္။

၎အျပင္ မဟာကံႀကီးသွ်င္ ဘုရား၏ မုခ္ဦးႏွင့္ သာသနိက အေဆာက္အအုံမ်ားကိုပါ ထိခိုက္ ပ်က္စီး ခဲ့သည္။

AA အေနျဖင့္ ၿမိဳ႕၊ ရြာအတြင္း စိမ့္ဝင္ လႈပ္ရွားလ်က္ရွိၿပီး ရပ္ရြာေန ျပည္သူလူထု၏ အေဆာက္အအုံမ်ားကို အကာအကြယ္ရယူ၍ နယ္ေျမလုံၿခဳံေရး ေဆာင္ရြက္လ်က္ ရွိေသာ တပ္မေတာ္စစ္ေၾကာင္းမ်ားကို ယခုကဲ့သို႔ အလစ္အငိုက္ ေခ်ာင္း ေျမာင္း ပစ္ခတ္လ်က္ရွိေၾကာင္း ႏွင့္ ၿမိဳ႕၊ ရြာမ်ား လုံၿခဳံေရးအတြက္ တပ္မေတာ္စစ္ေၾကာင္းမ်ား က လိုအပ္သည့္ လုံၿခဳံေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္ရြက္လ်က္ ရွိေၾကာင္း တပ္မေတာ္က သတင္းထုတ္ျပန္ထားသည္။

#PeopleMedia #AA #MyanmarArmy #ေက်ာက္ေတာ္ၿမိဳ႕တိုက္ပြဲ #ရခိင္

(unicode)
AA အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျောက်တော်မြို့ အတွင်းရှိ ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိ၊ မဟာကံကြီးသျှင်ဘုရားရှိ သာသနိက အ ဆောက် အအုံများ ထိခိုက် ပျက်စီး ကြောင်း တပ်မတော် သတင်းထုတ်ပြန်

ရန်ကုန်၊ဒီဇင်ဘာ-၂၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းများက နယ်မြေဒေသ လုံခြုံရေး နှင့် ကျောက်တော်မြို့ လုံခြုံရေးအတွက် ဆောင်ရွက်လျက် ရှိစဉ် ယနေ့နံနက်ပိုင်း တွင် AA အဖွဲ့သည် မြို့တွင်းရှိ စိုက်ပျိုးရေး သိပ္ပံကျောင်း အနီး၊ ကျောက်တော်ကားကွင်း အနီး နှင့် လျှပ်စစ်ဓာတ်အားပေးရုံ နေရာတို့မှ ရပ်ရွာနေ ပြည်သူ လူထု နေအိမ်များကို အကာအကွယ်ရယူ၍ ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုသို့ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် ကျောက်တော်မြို့ အတွင်းရှိ လူနေရပ်ကွက်များ အတွင်း နှင့် မဟာကံကြီးသျှင် ဘုရားအနီးသို့ လက်နက်ကြီး ဗုံးသီးများ ကျရောက်ပေါက်ကွဲ ခဲ့ပြီး ဒေသခံပြည်သူ အမျိုးသမီး တစ်ဦးနှင့် အမျိုးသားသုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

၎င်းအပြင် မဟာကံကြီးသျှင် ဘုရား၏ မုခ်ဦးနှင့် သာသနိက အဆောက်အအုံများကိုပါ ထိခိုက် ပျက်စီး ခဲ့သည်။

AA အနေဖြင့် မြို့၊ ရွာအတွင်း စိမ့်ဝင် လှုပ်ရှားလျက်ရှိပြီး ရပ်ရွာနေ ပြည်သူလူထု၏ အဆောက်အအုံများကို အကာအကွယ်ရယူ၍ နယ်မြေလုံခြုံရေး ဆောင်ရွက်လျက် ရှိသော တပ်မတော်စစ်ကြောင်းများကို ယခုကဲ့သို့ အလစ်အငိုက် ချောင်း မြောင်း ပစ်ခတ်လျက်ရှိကြောင်း နှင့် မြို့၊ ရွာများ လုံခြုံရေးအတွက် တပ်မတော်စစ်ကြောင်းများ က လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

#PeopleMedia #AA #MyanmarArmy #ကျောက်တော်မြို့တိုက်ပွဲ #ရခိုင်


Share this post