• Follow Us on
Latest News

Home AA အဖြဲ႕ႏွင့္ပတ္သက္ဆက္ႏြယ္သူ ၂ ဦးဖမ္းဆီး ရမိေၾကာင္း တပ္မေတာ္သတင္းထုတ္ျပန္

AA အဖြဲ႕ႏွင့္ပတ္သက္ဆက္ႏြယ္သူ ၂ ဦးဖမ္းဆီး ရမိေၾကာင္း တပ္မေတာ္သတင္းထုတ္ျပန္

Share this post

ေနျပည္ေတာ္၊ ဇန္နဝါရီ – ၁၀

ရခိုင္ျပည္နယ္၊ အမ္းၿမိဳ႕နယ္အတြင္း လုံၿခဳံေရးေဆာင္ရြက္ေနေသာတပ္ဖြဲ႕ဝင္မ်ား သည္ ဇန္နဝါရီ ၄ ရက္တြင္ ရန္ကုန္-စစ္ေတြကားလမ္းေဘးရွိ ခေမာင္းေတာေက်းရြာရွိ ေဈးဆိုင္ေရွ႕၌ မသကၤာဖြယ္ရပ္တန္႔ထားသည့္ ဆိုင္ကယ္ ၁စီး အားေစာင့္ၾကည့္စဉ္ ေန႔လယ္ ၁၁ နာရီခန္႔တြင္ ၎ဆိုင္ကယ္အား လာေရာက္ယူေဆာင္သည့္ AA အဖြဲ႕ႏွင့္ ပတ္သက္ဆက္ႏြယ္သူမ်ားျဖစ္ေသာ မဲလုံး ႏွင့္ေမာင္ေက်ာ္ တို႔ ႏွစ္ဦး အား စစ္ေဆးဖမ္းဆီးခဲ့သည္။

ဖမ္းဆီးရမိသူမ်ားအား စိစစ္ေမးျမန္းခ်က္အရ ၎ဆိုင္ကယ္မွာ မဲလေမာင္း ေက်းရြာေန AA အဖြဲ႕ဝင္တစ္ဦးျဖစ္သည့္ ဗ်ာႀကီး၏ ဆိုင္ကယ္ျဖစ္ေၾကာင္း၊ ဗ်ာႀကီးသည္ ပေထြးျဖစ္သူ ဦးတင္ထြန္းႏွင့္ ရင္းႏွီးသူျဖစ္ၿပီး ၎တို႔ႏွစ္ဦးသည္ ဇန္နဝါရီ ၁ ရက္တြင္ ႀကိမ္ေခ်ာင္းေက်းရြာဘက္သို႔ ထြက္ခြာသြားရာမွ ျပန္လည္ ေရာက္ရွိျခင္းမရွိေသးေၾကာင္း သိရွိရသျဖင့္ ဦးတင္ထြန္း၏ေနအိမ္အား လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ရပ္မိရပ္ဖမ်ားႏွင့္အတူ ဝင္ေရာက္ရွာေဖြစစ္ေဆးရာ ေနအိမ္ေပၚမွ မိုင္းေထာင္ရာတြင္အသုံးျပဳသည့္ ေၾကးေရာင္ စနက္တံ ၇ ခု၊ အရွည္ ၁ လက္မခန္႔ရွိ ပိုက္အမဲ ၃၀ ခုႏွင့္ ေပ်ာက္က်ားေဘာင္းဘီရွည္ ၁ ထည္တို႔ကို ေတြ႕ရွိသိမ္းဆည္းရမိခဲ့ေၾကာင္း တပ္မေတာ္ သတင္းထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္။

အဆိုပါဖမ္းဆီးရမိသည့္ AA အဖြဲ႕ႏွင့္ ပတ္သက္ဆက္ႏြယ္ သူမ်ားအား အမ္းၿမိဳ႕မ ရဲစခန္းသို႔ စနစ္တက်လႊဲေျပာင္းအပ္ႏွံၿပီး ဦးတင္ထြန္းႏွင့္ဗ်ာႀကီး တို႔ႏွစ္ဦးအား ဖမ္းဆီးရမိေရး ေဆာင္ရြက္ လ်က္ရွိေၾကာင္း ဆက္လက္ေဖာ္ျပထားသည္။

#PeopleMedia #AA

(unicode)
AA အဖွဲ့နှင့်ပတ်သက်ဆက်နွယ်သူ၂ ဦးဖမ်းဆီး ရမိကြောင်း တပ်မတော်သတင်းထုတ်ပြန်
……………………………………………………………………………………..

နေပြည်တော်၊ ဇန်နဝါရီ – ၁၀

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသောတပ်ဖွဲ့ဝင်များ သည် ဇန်နဝါရီ ၄ ရက်တွင် ရန်ကုန်-စစ်တွေကားလမ်းဘေးရှိ ခမောင်းတောကျေးရွာရှိ ဈေးဆိုင်ရှေ့၌ မသင်္ကာဖွယ်ရပ်တန့်ထားသည့် ဆိုင်ကယ် ၁စီး အားစောင့်ကြည့်စဉ် နေ့လယ် ၁၁ နာရီခန့်တွင် ၎င်းဆိုင်ကယ်အား လာရောက်ယူဆောင်သည့် AA အဖွဲ့နှင့် ပတ်သက်ဆက်နွယ်သူများဖြစ်သော မဲလုံး နှင့်မောင်ကျော် တို့ နှစ်ဦး အား စစ်ဆေးဖမ်းဆီးခဲ့သည်။

ဖမ်းဆီးရမိသူများအား စိစစ်မေးမြန်းချက်အရ ၎င်းဆိုင်ကယ်မှာ မဲလမောင်း ကျေးရွာနေ AA အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဗျာကြီး၏ ဆိုင်ကယ်ဖြစ်ကြောင်း၊ ဗျာကြီးသည် ပထွေးဖြစ်သူ ဦးတင်ထွန်းနှင့် ရင်းနှီးသူဖြစ်ပြီး ၎င်းတို့နှစ်ဦးသည် ဇန်နဝါရီ ၁ ရက်တွင် ကြိမ်ချောင်းကျေးရွာဘက်သို့ ထွက်ခွာသွားရာမှ ပြန်လည် ရောက်ရှိခြင်းမရှိသေးကြောင်း သိရှိရသဖြင့် ဦးတင်ထွန်း၏နေအိမ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရပ်မိရပ်ဖများနှင့်အတူ ဝင်ရောက်ရှာဖွေစစ်ဆေးရာ နေအိမ်ပေါ်မှ မိုင်းထောင်ရာတွင်အသုံးပြုသည့် ကြေးရောင် စနက်တံ ၇ ခု၊ အရှည် ၁ လက်မခန့်ရှိ ပိုက်အမဲ ၃၀ ခုနှင့် ပျောက်ကျားဘောင်းဘီရှည် ၁ ထည်တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော် သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါဖမ်းဆီးရမိသည့် AA အဖွဲ့နှင့် ပတ်သက်ဆက်နွယ် သူများအား အမ်းမြို့မ ရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံပြီး ဦးတင်ထွန်းနှင့်ဗျာကြီး တို့နှစ်ဦးအား ဖမ်းဆီးရမိရေး ဆောင်ရွက် လျက်ရှိကြောင်း ဆက်လက်ဖော်ပြထားသည်။

#PeopleMedia #AA


Share this post