• Follow Us on

Home AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား သိမ္းပိုက္ထားေသာ ပလက္ဝေဒသရွိ ဆက္သြယ္ေရး တာဝါတိုင္ေတာင္ကုန္းအား တပ္မေတာ္မွ ျပန္လည္ထိန္းခ်ဳပ္

AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား သိမ္းပိုက္ထားေသာ ပလက္ဝေဒသရွိ ဆက္သြယ္ေရး တာဝါတိုင္ေတာင္ကုန္းအား တပ္မေတာ္မွ ျပန္လည္ထိန္းခ်ဳပ္

Share this post

ရန္ကုန္၊ ဧၿပီ- ၂၁

AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားအေနျဖင့္ ခ်င္းျပည္နယ္၊ ပလက္ဝေဒသ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား ေႏွာက္ယွက္တိုက္ခိုက္ျခင္း၊ ဆက္သြယ္ေရးလမ္း ေၾကာင္းမ်ားကိုျဖတ္ေတာက္ပိတ္ဆို႔ျခင္းမ်ားကို ေဆာင္႐ြက္လ်က္ရွိသည့္အျပင္ ေသခံျပည္သူမ်ားႏွင့္ ဝန္ထမ္းမ်ား ကို အတင္းအဓမၼဖမ္းဆီးေခၚေဆာင္ျခင္း၊ သတ္ျဖတ္ျခင္း မ်ားေဆာင္႐ြက္လ်က္ရွိေၾကာင္း တပ္မေတာ္က သတင္းထုတ္ျပန္သည္။

ထို႔သို႔ေဆာင္႐ြက္လ်က္ရွိရာ ပလက္ဝၿမိဳ႕ ၏အေရွ႕ေတာင္ ဘက္မီတာ ၆၀၀၀ခန႔္အကြာ ရွိ ေက်ာက္ေတာ္-ပလက္ဝကားလမ္း ႏွင့္ ဆမီး-ပလက္၀ ကားလမ္းတို႔ အားစိုးမိုးလ်က္ရွိၿပီး ျမန္မာ့ဆက္သြယ္ေရးတာဝါတိုင္တပ္ဆင္ထားသည့္ ေတာင္ကုန္းအား သိမ္းပိုက္၍ ဆက္သြယ္ေရးေျမာင္းမ်ား၊ ပစ္က်င္းမ်ားတူး ေနရာယူ၍ ပလက္ဝၿမိဳ႕ အားျဖတ္ေတာက္ထားခဲ့သည္။

ထို႔ေၾကာင့္ တပ္မေတာ္စစ္ေၾကာင္းမ်ားက ဧၿပီ ၁၄ရက္တြင္ AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားေနရာယူထားေသာ ဆက္သြယ္ေရးတာဝါတိုင္ေတာင္ကုန္းအား အဆင့္ဆင့္ေျခကုတ္ရယူတိုက္ခိုက္ခဲ့ရာ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားသည္ တပ္မေတာ္စစ္ေၾကာင္းမ်ား၏တိုက္ခိုက္မႈကို ခုခံႏိုင္စြမ္းမရွိဘဲ ဧၿပီ၁၅ရက္တြင္ အမ်ားျပည္သူအသုံးျပဳ လ်က္ရွိေသာ ဆက္သြယ္ေရးတာဝါတိုင္ႏွင့္ စက္ပစၥည္းမ်ားကို ဖ်က္ဆီး၍ဆုတ္ခြာထြက္ေျပးသြားခဲ့သည္။

AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား ဖ်က္ဆီးခဲ့သည့္ ဆက္သြယ္ေရးပစၥည္းမ်ားအျမန္ျပန္လည္ျပင္ဆင္တပ္ဆင္ႏိုင္ေရးႏွင့္ လိုအပ္သည့္လုံၿခဳံေရးလုပ္ငန္းမ်ား ဆက္လက္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း တပ္မေတာ္ သတင္းထုတ္ျပန္ခ်က္၌ ေဖာ္ျပပါရွိသည္။

#PeopleMedia

AA အကြမ်းဖက်သောင်းကျန်းသူများ သိမ်းပိုက်ထားသော ပလက်ဝဒေသရှိ ဆက်သွယ် ရေးတာဝါတိုင်တောင်ကုန်းအား တပ်မတော်မှ ပြန်လည်ထိန်းချုပ်
……………………………………………………………………………………

ရန်ကုန်၊ ဧပြီ- ၂၁

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ချင်းပြည်နယ်၊ ပလက်ဝဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ နှောက်ယှက်တိုက်ခိုက်ခြင်း၊ ဆက်သွယ်ရေးလမ်း ကြောင်းများကိုဖြတ်တောက်ပိတ်ဆို့ခြင်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် သေခံပြည်သူများနှင့် ဝန်ထမ်းများ ကို အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်း၊ သတ်ဖြတ်ခြင်း များဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ထို့သို့ဆောင်ရွက်လျက်ရှိရာ ပလက်ဝမြို့ ၏အရှေ့တောင် ဘက်မီတာ ၆၀၀၀ခန့်အကွာ ရှိ ကျောက်တော်-ပလက်ဝကားလမ်း နှင့် ဆမီး-ပလက်၀ ကားလမ်းတို့ အားစိုးမိုးလျက်ရှိပြီး မြန်မာ့ဆက်သွယ်ရေးတာဝါတိုင်တပ်ဆင်ထားသည့် တောင်ကုန်းအား သိမ်းပိုက်၍ ဆက်သွယ်ရေးမြောင်းများ၊ ပစ်ကျင်းများတူး နေရာယူ၍ ပလက်ဝမြို့ အားဖြတ်တောက်ထားခဲ့သည်။

ထို့ကြောင့် တပ်မတော်စစ်ကြောင်းများက ဧပြီ ၁၄ရက်တွင် AA အကြမ်းဖက် သောင်းကျန်းသူများနေရာယူထားသော ဆက်သွယ်ရေးတာဝါတိုင်တောင်ကုန်းအား အဆင့်ဆင့်ခြေကုတ်ရယူတိုက်ခိုက်ခဲ့ရာ AA အကြမ်းဖက်သောင်းကျန်းသူများသည် တပ်မတော်စစ်ကြောင်းများ၏တိုက်ခိုက်မှုကို ခုခံနိုင်စွမ်းမရှိဘဲ ဧပြီ၁၅ရက်တွင် အများပြည်သူအသုံးပြု လျက်ရှိသော ဆက်သွယ်ရေးတာဝါတိုင်နှင့် စက်ပစ္စည်းများကို ဖျက်ဆီး၍ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

AA အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့် ဆက်သွယ်ရေးပစ္စည်းများအမြန်ပြန်လည်ပြင်ဆင်တပ်ဆင်နိုင်ရေးနှင့် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော် သတင်းထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။

#PeopleMedia


Share this post