AA Medical Products မှ ထုတ်လုပ်သော ကိုဗစ်ရောဂါ ကုသဆေးအား FDA မှ အတည်ပြုပေး

PUBLISHED - February 11, 2022
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ (People Media)
AA Medical Products မှ ထုတ်လုပ်သော AA Medical Products မှ ထုတ်လုပ်သော ကိုဗစ်ရောဂါ ကုသဆေး အား အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေး ဦးစီးဌာနမှ FDA မှ ဖေဖော်ဝါရီ ၉ ရက်ပါ ရက်စွဲဖြင့် အတည်ပြု ပေးခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ဆေးဝါးကို AA Medical Products ပိုင်ဆိုင်သော Pacific Medical Industries Ltd ဆေးဝါးစက်ရုံမှ branded generic MOLNUPAC အမည်ဖြင့် ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။
Generic MOLNUPAC ဆေးဝါးကို လာမည့်ရက်ပိုင်းအတွင်း generic MOLNUPAC 200 Mg / 400 Mg အား ပုံစံနှစ်မျိုးဖြင့် ဈေးကွက်အတွင်းသို့ ဖြန့်ချိသွားမည်ဖြစ်ပြီး ဆေးအလုံး ၄၀ ပါ ဆေးဗူးပုံစံနှင့် အလုံးရေ ၁၀ လုံးပါ ဆေးကတ်ပုံစံနှင့်ပါ ဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ ဆေးဝါးသည် အမေရိကန်နိုင်ငံတွင် Emergency Use Authorization (EUA) အဖြစ်ခွင့်ပြုချက်ရထား သည့် Molnupiravir နှင့် ထိုင်းနိုင်ငံ၌ လက်ရှိအသုံးပြုနေသည့် Molnupiravir အမျိုးအစားတူညီကြောင်း သိရပါ တယ်။
#PeopleMedia #ကိုဗစ်ဆေး #AA Medical Products #Molnupiravir
(unicode)
………………………………………………………………