ABSDF ဗဟိုကော်မတီဝင် ရဲဘော်စိုးထွဋ် ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန်
PUBLISHED - September 13, 2021
နေပြည်တော်၊ စက်တင်ဘာ ၁၃ (People Media)
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဗဟိုကော်မတီဝင် ရဲဘော်စိုးထွဋ် သည် စက်တင်ဘာလ ၁၁ ရက်နေ့၌ ကိုဗစ်-၁၉ ရောဂါဖြင့် ထိုင်း-မြန်မာနယ်စပ်တွင် ကွယ်လွန်သွားကြောင်း ABSDF ထုတ်ပြန်ချက်အရ သိရသည်။
ရဲဘော်စိုးထွဋ်သည် ၈၈၈၈ လေးလုံး အရေးတော်ပုံကြီး၌ ဖားအံ့မြို့တွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သည့် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး၊ သေဆုံးချိန်မှာတော့ အသက် ၇၄ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။
ABSDF သည် ၁၉၈၈ ခုနှစ်တွင် KNU နယ်မြေတွင် စတင်တည်ထောင်လာသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
#PeopleMedia #COVID19 #KNU #ABSDF
(unicode)
………………………………………………………………….
#PeopleMedia #COVID19 #KNU #ABSDF