• Follow Us on

Home ABSDF ဥက္ကဋ္ဌဟောင်းနှင့် NUG ကာကွယ်ရေးဝန်ကြီးတို့ မြန်မာ့အရေးနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံ မဲဆောက်၌ တွေ့ဆုံရန် ရှိနေ

ABSDF ဥက္ကဋ္ဌဟောင်းနှင့် NUG ကာကွယ်ရေးဝန်ကြီးတို့ မြန်မာ့အရေးနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံ မဲဆောက်၌ တွေ့ဆုံရန် ရှိနေ

Share this post

ဘန်ကောက်၊ နိုဝင်ဘာ ၂၅ (People Media)

 

ABSDF ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော်နှင့် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့သည် မြန်မာ့အရေးနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ မဲဆောက်၌ တွေ့ဆုံရန် ရှိနေကြောင်း ဦးထွန်းအောင်ကျော်နှင့် နီးစပ်သူတစ်ဦးက People Media ကို ပြောပါတယ်။

 

ဦးထွန်းအောင်ကျော်သည် UNRA အဖွဲ့ခေါင်းဆောင် ကိုခင်ကျော်ကို နောက်ကွယ်မှ ငွေကြေးအရ ပံ့ပိုးခဲ့သူ တစ်ဦးဖြစ်ပြီး ကိုခင်ကျော်သည် PDF အဖွဲ့ဝင်များကို စစ်ရေးသင်တန်းများ ဦးဆောင်ပို့ချခဲ့သူ တစ်ဦးဖြစ်ပါ တယ်။ UNRA အဖွဲ့ခေါင်းဆောင် ကိုခင်ကျော် အပါအဝင် အဖွဲ့ဝင်လေးဦးသည် ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့၌ လုံခြုံရေးအဖွဲ့များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး လက်ရှိအချိန်ထိ ထိန်းသိမ်းခံနေရဆဲဖြစ်ပါတယ်။

 

“ပြည်တွင်းမှာ PDF တွေရဲ့ စစ်ရေးလှုပ်ရှားမှုကို အရှိန်မြှင့်ဖို့ ဖြစ်လာနိုင်တယ်။ အခုက ကိုခင်ကျော်လည်း အ ဖမ်းခံလိုက်ရပြီ ကိုဂျင်မီလည်း အဖမ်းခံလိုက်ရပြီ အခု နောက်ဆုံး ကိုဇေယျာသော်လည်း အဖမ်းခံလိုက်ရပြီ ဆိုတော့ ဒီအခြေအနေကို ပြန်လည်ထိန်းဖို့ ဖြစ်နိုင်တယ်လို့” ဦးထွန်းအောင်ကျော်နှင့် နီးစပ်သူတစ်ဦးက People Media ကို ပြောပါတယ်။

 

ဦးထွန်းအောင်ကျော်နှင့် နီးစပ်သူတစ်ဦးက ”ကိုထွန်းအောင်ကျော်က ဂျပန်ကနေ ငွေကြေးအထောက်အပံ့ကို UNRA အဖွဲ့ခေါင်းဆောင် ကိုခင်ကျော်တို့ကို ထောက်ပံ့ပေးခဲ့တာ။ အခု သူတို့ ဆွေးနွေးမှာကတော့ မြန်မာ အရေးနဲ့ပတ်သက်ပြီး ဆက်လက်လုပ်ဆောင်မည့် စီမံချက်လုပ်ငန်းတွေ ဆွေးနွေးဖို့ ဖြစ်နိုင်တယ်လို့” ပြောပါ တယ်။

 

အလားတူ ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်နေ့၌ ၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနှင့်အတူ AK-47 သေနတ် (၆) လက်၊ M-16 သေနတ် (၈) လက်၊ ၁၂-ဗို့ သေနတ် (၂) လက်အပါအဝင် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း န-စ-ကမှ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

 

ထို့အတူ နိုဝင်ဘာ ၁၈ ရက်နေ့က ဒဂုံဆိပ်ကမ်းမြို့နယ် ရတနာနှင်းဆီအိမ်ရာ၌ ကိုဖြိုးဇေယျာသော်နှင့် သက် ဆိုင်သည့်အဖွဲ့ကို သက်ဆိုင်ရာက ဖမ်းဆီးခဲ့ပါတယ်။

 

#PeopleMedia #Political #ABSDFဥက္ကဋ္ဌဟောင်း #NUGကာကွယ်ရေးဝန်ကြီး

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 

#PeopleMedia #Political #ABSDFဥက်ကဋ်ဌဟောငျး #NUGကာကှယျရေးဝနျကွီး


Share this post