• Follow Us on

Home AC-130J တိုက်ခိုက်ရေးလေယာဉ်တွင် တပ်ဆင်အသုံးပြုရန် အဆင့်မြင့်လေဆာလက်နက်အား လော့ခ်ဟိမာ တင်ကုမ္ပဏီမှ လွှဲပြောင်းပေး

AC-130J တိုက်ခိုက်ရေးလေယာဉ်တွင် တပ်ဆင်အသုံးပြုရန် အဆင့်မြင့်လေဆာလက်နက်အား လော့ခ်ဟိမာ တင်ကုမ္ပဏီမှ လွှဲပြောင်းပေး

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၂ (People Media)

 

AC-130J တိုက်ခိုက်ရေးလေယာဉ်တွင်တပ်ဆင်အသုံးပြုရန် အဆင့်မြင့်လေဆာလက်နက်အား အောက်တိုဘာ ၆ ရက်နေ့က စမ်းသပ်ပြီးစီးသွားပြီဖြစ်ကြောင်း လော့ခ်ဟိမာတင်ကုမ္ပဏီကကြေညာလိုက်ပြီး အဆိုပါ လေဆာ လက်နက်အား မြေပြင်တွင်လည်းကောင်း ဝေဟင်တွင်လည်းကောင်း စမ်းသပ်ပစ်ခတ်နိုင်ရန် အမေရိကန်လေ တပ်သို့ လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း ကုမ္ပဏီကထုတ်ဖော်ပြောကြားလိုက်သည်။

 

AC-130J Ghostrider တိုက်ခိုက်ရေးလေယာဉ်သည် စတုတ္ထမျိုးဆက်လေယာဉ်ဖြစ်ပြီး အမေရိကန်လေတပ်၏ AC-130 တိုက်ခိုက်ရေးလေယာဉ်များတွင် ခေတ်အမီဆုံးနောက်ဆုံးပေါ်လေယာဉ်ဖြစ်သည်။ ယင်း AC-130J Ghostrider တိုက်ခိုက်ရေးလေယာဉ်တွင် ၃၀ မမ စက်အမြောက်၊ ၁၀၅ မမ အမြောက်နှင့် AGM-176A Griffin  ဒုံးကျည်များ တပ်ဆင်ထားပြီးဖြစ်သလို Hellfir ဒုံးကျည်များနှင့် GBU-39 အသေးစားဗုံးများကိုပါ သယ်ဆောင် နိုင်သည့် တိုက်ခိုက်ရေးလေယာဉ်ဖြစ်သည်။

 

သို့သော် အမေရိကန်လေတပ်သည် AC-130J တိုက်ခိုက်ရေးလေယာဉ်တွင် လေဆာလက်နက်များတပ်ဆင်အ သုံးပြုရန် စဉ်းစားနေသည်မှာ နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်သည်။

 

ယခုအခါ အငြိမ်းစားယူသွားပြီဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီးဘရက်ဒ်လီးဟိုက်ဟိုးက ရန်သူ့တိုက်ခိုက်ရေးလေ ယာဉ်မှလာသောဒုံးကျည်အား တစ်စီဖြစ်သွားအောင်ပစ်ခတ်ဖြိုခွင်းနိုင်သည့် ခံစစ်အနေအထားတွင်အသုံးပြု ထားသော ၁၀၅ မမ အမြောက်အစား လေဆာလက်နက်ကို အစားထိုးအသုံးပြုရန် ၂၀၁၅ ခုနှစ်က အဆိုပြုခဲ့ဖူး သည်။ လေဆာလက်နက်ကို ခံစစ်အနေအထားဖြင့် မည်သူမှ မမြင်ရ/မကြားရဘဲ ရန်သူ့ယာဉ်/လေယာဉ်ကို သုံးစွဲခွင့်မရအောင် ပစ်ခတ်ဖျက်ဆီးနိုင်ကြောင်း ဘရက်ဒ်လီးဟိုက်ဟိုးကပြောသည်။

 

“ကြယ်တာရာစစ်ပွဲတော့ မဟုတ်ဘူးပေါ့ဗျာ။ ဒါပေမဲ့ နည်းပညာက အသုံးပြုဖို့ အချိန်ရောက်နေပါပြီ။ ကျွန်တော် တို့မှာ ဒီနည်းပညာကိုသုံးစွဲဖို့ အင်အားလည်းရှိနေပါပြီ။” ဟု ထိုစဉ်က လေကြောင်းအထူးစစ်ဆင်ရေးဌာနချုပ်၏ အကြီးအကဲဖြစ်သူ ဘရက်ဒ်လီးဟိုက်ဟိုးက လေတပ်အစည်းအရုံးညီလာခံတစ်ခုတွင်ပြောကြားခဲ့သည်။

 

သို့သော် AC-130J Ghostrider တိုက်ခိုက်ရေးလေယာဉ်တွင် လေဆာလက်နက်တပ်ဆင်ရေးမှာ ဘရက်ဒ်လီး ဟိုက်ဟိုး မျှော်မှန်းထားသည်ထက် ပိုမိုအချိန်ကြာမြင့်ပါသည်။ AC-130J တိုက်ခိုက်ရေးလေယာဉ်အတွက် လေ ဆာလက်နက်ကို ဆယ်နှစ်ကျော်ကာလတွင်တပ်ဆင်နိုင်ရန် မျှော်မှန်းထားကြောင်း ဘရက်ဒ်လီးဟိုက်ဟိုးက သ တင်းထောက်များကိုပြောခဲ့သည်။

 

လေဆာလက်နက်ကို AC-130J တိုက်ခိုက်ရေးလေယာဉ်တွင် ပေါင်းစပ်ပြီး စမ်းသပ်ရန်၊ သရုပ်ပြပစ်ခတ်ရန်အ တွက် ၂၀၁၉ ခုနှစ် အစောပိုင်းကာလတွင် လော့ခ်ဟိမာတင်ကုမ္ပဏီက ကန်ထရိုက်ရရှိခဲ့သည်။

 

“ဒီသမိုင်းမှတ်တိုင်တစ်ခုကို ပြီးမြောက်အောင်ဆောင်ရွက်ခဲ့ခြင်းဟာ ကျွန်တော်တို့ဖောက်သည်တွေအတွက် အ လွန်ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတစ်ခုပါပဲ။ ဒီစီမံချက်အောင်မြင်မှုမှတ်တိုင်တွေထဲမှာ ခေတ်မီလေဆာ လက်နက်ထုတ်လုပ်ရေးလုပ်ငန်းမှာ အလျင်အမြန်ရရှိခဲ့တဲ့ တိုးတက်မှုတွေဟာ  ကျွန်တော်တို့ရဲ့မိတ်ဖက် အ မေ ရိကန်လေတပ်နဲ့ ပူးတွဲဆောင်ရွက်ခဲ့တဲ့ သက်သေပါပဲ” ဟု လော့ခ်ဟိမာတင်ကုမ္ပဏီ ခေတ်မီထုတ်ကုန်ထုတ် လုပ်ရေး ဒုတိယဥက္ကဋ္ဌရစ်ခ်ကာဒါရိုက အောက်တိုဘာ ၆ ရက်နေ့ကပြောသည်။

 

Ref: Lockheed delivers laser for AC-130J gunship

 

#PeopleMedia

 

(unicode)


…………………………………………………………………….

 


 


 


 


 


 


 


 


 


 

Ref: Lockheed delivers laser for AC-130J gunship

 

#PeopleMedia


Share this post