• Follow Us on

Home “Accept NUG, Reject Military” စာသားများ Facebook Profile Change ရန် Online Campaign လှုပ်ရှားမှု၌ ပါဝင်ခဲ့သည့် အနုပညာရှင် (၆၃) ဦးကို အကြမ်းဖက်ဥပဒေဖြင့် အရေးယူရန် ရဲတပ်ဖွဲ့ ပြင်ဆင်နေသည့် ညွှန်ကြားစာ Facebook ၌ ထွက်ပေါ်နေ

“Accept NUG, Reject Military” စာသားများ Facebook Profile Change ရန် Online Campaign လှုပ်ရှားမှု၌ ပါဝင်ခဲ့သည့် အနုပညာရှင် (၆၃) ဦးကို အကြမ်းဖက်ဥပဒေဖြင့် အရေးယူရန် ရဲတပ်ဖွဲ့ ပြင်ဆင်နေသည့် ညွှန်ကြားစာ Facebook ၌ ထွက်ပေါ်နေ

Share this post

 

ရန်ကုန်၊ သြဂုတ် ၁၃ (People Media)

 

“Accept NUG, Reject Military” စာသားများ Facebook Profile Change ရန် Online Campaign လှုပ်ရှား မှု၌ ပါဝင်ခဲ့သည့် အနုပညာရှင် (၆၃) ဦးကို အကြမ်းဖက်ဥပဒေဖြင့် အရေးယူရန် ရဲတပ်ဖွဲ့ ပြင်ဆင်နေသည့် ညွှန်ကြားစာ Facebook ၌ သြဂုတ်လ ၁၃ ရက်နေ့တွင် ထွက်ပေါ်လာပါတယ်။

 

အဆိုပါ ညွှန်ကြားစာ၌ “Accept NUG, Reject Military” စာသားများ Facebook Profile Change ရန် Online  Campaign လှုပ်ရှားမှု၌ ပါဝင်သည့် အနုပညာရှင် (၆၃) ဦးကို ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်နေ့၌ ပြင်ဆင်ခဲ့သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂၊ ပုဒ်မ(က)အရ အရေးယူနိုင်ရန် ဆောင်ရွက်သွားမယ်လို့ ဖော်ပြ ထားပါတယ်။

 

အဆိုပါ လှုပ်ရှားမှု၌ ယခင်က ၅၀၅-က နှင့် တရားစွဲဆိုခံထားရသည့် အနုပညာရှင်များ ပါဝင်လာသလို တရား စွဲဆိုခြင်းမခံထားရသည့် အနုပညာရှင်များလည်း အဆိုပါ ညွှန်ကြားစာ၌ ပါဝင်နေပါတယ်။

 

ထိုကဲ့သို့ ရဲတပ်ဖွဲ့မှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂၊ ပုဒ်မ(က)အရ အရေးယူနိုင်ရန် ပြင်ဆင်နေ သည့် အနုပညာရှင်များတွင် နာမည်ကြီး အနုပညာရှင်များဖြစ်သော ရာဇာနေဝင်း၊ ဟန်ဇာမိုးဝင်း၊ အရိုင်း အပါအဝင် အေးမြတ်သူတို့လည်း ပါဝင်နေပါတယ်။

 

အဆိုပါ ထွက်ပေါ်လာသည့် ရဲတပ်ဖွဲ့၏ ညွှန်ကြားစာ ဟုတ်/မဟုတ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိ သူများကို ဆက်သွယ်မေးမြန်းနေသော်လည်း ဆက်သွယ်၍ မရရှိသေးပါ။

 

#PeopleMedia #အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ #အနုပညာရှင်များ

 

(unicode)


………………………………………………………..

 


 


 


 


 


 


 



Share this post